ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာရပ်တော်မူ၏။ ပြတင်း ပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ၏။
ရှင်ယောဟန် 10:4 - Common Language Bible သိုးတို့ကိုထုတ်ပြီးလျှင်သိုးတို့၏အရှေ့က ဦးဆောင်၍သွားတတ်၏။ သိုးတို့သည်သူ့အသံ ကိုသိသဖြင့်နောက်ကလိုက်ကြ၏။- Garrad Bible ကိုယ်ပိုင်သိုးရှိသမျှကိုထုတ်ပြီးနောက် ဦးတည်လျက်သွားရာစကားသံကို သိုးတို့သိသောကြောင့်လိုက်တတ်ကြ၏။ Judson Bible သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။- မြန်မာ့စံမီသမ္မာကျမ်း မိမိ၏သိုးရှိသမျှတို့ကို ထုတ်ပြီးသောအခါ သိုးတို့ရှေ့မှသွားတတ်၏။ သိုးတို့သည်လည်း သူ့အသံကိုသိသောကြောင့် သူ့နောက်သို့လိုက်သွားတတ်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူသည် မိမိသိုးတို့ကို ထုတ်ပြီးနောက် ရှေ့မှ သွားသောအခါ သိုးတို့သည် သူ၏ အသံကို သိသောကြောင့် သူ့နောက်သို့ လိုက်ကြ၏။ မြန်မာ သိုးများကိုထုတ်သောအခါ သိုးတို့ရှေ့မှာသွား၍ သိုးများသည် သူ၏စကားသံကို ကျွမ်းသောကြောင့် လိုက်တတ်ကြ၏။- |
ငါချစ်ရာသခင်သည် သမင်ဒရယ် သငယ်နှင့် တူ၏။ ကြည့်ပါ။ အုတ်ရိုးပြင်မှာရပ်တော်မူ၏။ ပြတင်း ပေါက်ဝတွင် ကြည့်လျက်၊ ပြတင်းရွက်ကြားမှာ ကိုယ်ကို ပြလျက်နေတော်မူ၏။
ကျွန်မသည် အဝတ်ကိုချွတ်ပါပြီ။ အဘယ် ကြောင့် ဝတ်ပြန်ရမည်နည်း။ ခြေကိုလည်းဆေးပါပြီ။ တဖန်ညစ်အောင် အဘယ်ကြောင့် ပြုရပါမည်နည်း။
ထိုနောက်သခင်ယေရှုက ``ငါ့တပည့်ဖြစ်လိုသူ သည်ကိုယ်ကျိုးကိုစွန့်ရမည်။ ကိုယ့်လက်ဝါးကပ် တိုင်ကိုထမ်း၍ငါ့နောက်သို့လိုက်ရမည်။-
ဤသိုးခြံသို့မဝင်သည့်အခြားသိုးများကို လည်းငါပိုင်သေး၏။ ထိုသိုးတို့ကိုငါဆောင်သွင်း ရဦးမည်။ သူတို့သည်ငါ့စကားကိုနားထောင် ကြလိမ့်မည်။ သို့ဖြစ်၍သိုးအုပ်တစ်အုပ်၊ သိုးထိန်း တစ်ပါးတည်းဖြစ်လိမ့်မည်။
ငါ၏သိုးတို့သည်ငါ့စကားကိုနားထောင်ကြ ၏။ ငါသည်သူတို့ကိုသိ၍သူတို့သည်လည်း ငါ့ နောက်သို့လိုက်ကြ၏။-
သိုးထိန်းအားတံခါးစောင့်သည်တံခါးဖွင့်၍ ပေးတတ်၏။ သိုးတို့သည်သူ၏အသံကိုနား ထောင်တတ်ကြ၏။ သူသည်သိုးတို့ကိုနာမည် ဖြင့်ခေါ်၍သိုးခြံမှထုတ်ဆောင်တတ်၏။-
သိုးတို့သည်သူစိမ်း၏နောက်သို့မူလိုက်လိမ့်မည် မဟုတ်။ သူစိမ်း၏အသံကိုမသိသဖြင့်သူ့ ထံမှထွက်ပြေးကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ငါ့ရှေ့တွင်ရောက်ရှိလာသူအားလုံးသည်သူခိုး ဋ္ဌားပြများဖြစ်ကြ၏။ သို့ရာတွင်သိုးတို့သည် ထိုသူတို့၏စကားကိုနားမထောင်ကြ။-
ငါ၏အမှုတော်ကိုထမ်းဆောင်သောသူသည် ငါ့နောက်သို့လိုက်ရမည်။ သို့မှသာငါရှိရာ အရပ်၌သူသည်လည်းရှိလိမ့်မည်။ ငါ၏အမှု တော်ကိုထမ်းဆောင်သောသူကိုခမည်းတော် သည်ချီးမြှောက်တော်မူလိမ့်မည်။
သင်တို့အားငါပြုသကဲ့သို့ သင်တို့အချင်း ချင်းသည်လည်းပြုကြစိမ့်သောငှာစံနမူနာ ကိုငါပြခဲ့ပြီ။-
ပိလတ်မင်းက ``သို့ဖြစ်လျှင်သင်သည်ရှင် ဘုရင်လော'' ဟုမေး၏။ သခင်ယေရှုက ``ငါသည်သင်ဆိုသည့်အတိုင်း ရှင်ဘုရင်ဖြစ်၏။ ငါသည်သမ္မာတရားကိုဟော ပြောခြင်းငှာမွေးဖွားခြင်းကိုခံ၍ဤလောက သို့ကြွလာ၏။ သမ္မာတရားနှင့်သက်ဆိုင်သူမှန် သမျှသည် ငါ၏စကားကိုနားထောင်ကြသည်'' ဟုမိန့်တော်မူ၏။-
မင်္ဂလာဆောင်သတို့သမီးကိုသိမ်းပိုက်ရ သူသည် မင်္ဂလာဆောင်သတို့သားဖြစ်၏။ သတို့ သား၏မိတ်ဆွေသည်ကားအဆင်သင့်စောင့် ဆိုင်းကာ သတို့သား၏အသံကိုနားထောင် လျက်နေ၏။ သူသည်သတို့သား၏အသံကို ကြားသော် လွန်စွာအားရဝမ်းမြောက်သကဲ့ သို့ ငါသည်လည်းအပြည့်အဝဝမ်းမြောက်ရ လေပြီ။-
သို့ဖြစ်၍ငါသည်ခရစ်တော်ထံမှအတု ယူသကဲ့သို့ သင်တို့သည်ငါ့ထံမှအတု ယူကြလော့။
သင်တို့သည်ဘုရားသခင်၏ချစ်သားများဖြစ် သဖြင့် ကိုယ်တော်နှင့်တူအောင်ကြိုးစားကြရမည်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် အီဂျစ်ပြည်နှင့်တောကန္တာရ၌သင်တို့အား စောင့်ရှောက်ခဲ့သည့်နည်းတူ ယခုလည်းသင်တို့ ကိုဦးဆောင်၍သင်တို့ဘက်၌စစ်ကူတိုက်တော် မူလိမ့်မည်။ အဖကသားကိုချီပိုက်သကဲ့သို့ ထာဝရဘုရားသည်သင်တို့အားချီပိုက်လျက် ဤအရပ်သို့ရောက်ရှိသည့်တိုင်အောင်ပို့ဆောင် တော်မူခဲ့ကြောင်းကို သင်တို့သိမြင်ရကြပြီ' ဟူ၍ပြောခဲ့သည်။-
ငါတို့၏ယုံကြည်ခြင်းတရားကိုအစမှ အဆုံးစီရင်တော်မူသောသခင်ယေရှုကို မျက်မှောက်ပြုကြကုန်အံ့။ ကိုယ်တော်သည် မိမိခံစားရမည့်ဝမ်းမြောက်ခြင်းအတွက် ကြောင့် လက်ဝါးကပ်တိုင်တော်ကိုရှက်ကြောက် ဖွယ်အရာဟူ၍မှတ်တော်မမူဘဲအသေ ခံတော်မူပြီးလျှင် ဘုရားသခင်၏ပလ္လင် တော်လက်ယာဘက်တွင်ထိုင်နေတော်မူ၏။
ယဇ်ပုရောဟိတ်မေလခိဇေဒက်၏အရိုက် အရာကိုဆက်ခံသူယဇ်ပုရောဟိတ်မင်း အဖြစ် ဆက်ခံသူသခင်ယေရှုသည်ထို ဌာနတော်သို့ငါတို့အတွက်ဝင်တော်မူပြီ။
ဤနည်းအတိုင်းပြုမူစေရန်သင်တို့အား ကိုယ်တော်ရွေးကောက်တော်မူခြင်းဖြစ်ပေ သည်။ ခရစ်တော်ကိုယ်တိုင်ပင်လျှင်သင်တို့ အတွက်ဒုက္ခဝေဒနာခံတော်မူ၍ ခြေတော် ရာကိုသင်တို့လိုက်လျှောက်နိုင်စေရန်စံနမူ နာထားခဲ့ပြီ။-
ခရစ်တော်သည်ကာယဝေဒနာခံတော်မူခဲ့ ရာသင်တို့သည်လည်းကိုယ်တော်၏ခံယူချက် မျိုးရှိရကြမည်။ အဘယ်ကြောင့်ဆိုသော်ကာယ ဝေဒနာခံပြီးသူသည်အပြစ်ဒုစရိုက်နှင့် ပြတ်စဲပြီဖြစ်သောကြောင့်ဖြစ်၏။-
သင်တို့လက်ဝယ်အပ်ထားသည့်သူတို့အပေါ် တွင်အစိုးတရမပြုကြနှင့်။ သိုးစု၏ရှေ့၌ စံနမူနာကောင်းကိုပြကြလော့။-