သူတို့ပြုသည့်ဆုတောင်းပတ္ထနာမပြီးမဆုံး မီ၌ပင်လျှင် ငါသည်သူတို့၏ပန်ကြားချက် ကိုနားညောင်းမည်။-
ရှင်ယောဟန် 1:48 - Common Language Bible နာသနေလက ``ကိုယ်တော်ရှင်သည်အဘယ်သို့ အကျွန်ုပ်ကိုသိရှိပါသနည်း'' ဟုမေးလျှောက် ၏။ သခင်ယေရှုက ``သင့်အားဖိလိပ္ပုမခေါ်မီ သဖန်းပင်အောက်တွင်ရှိနေစဉ်အခါကပင် လျှင် သင့်ကိုငါမြင်၏'' ဟုမိန့်တော်မူ၏။ Garrad Bible ထိုအခါ နာသနေလက၊ အကျွန်ုပ်ကို မည်သို့သိပါသနည်းဟုမေးသည့်ကာလ ဖိလိပ္ပုမခေါ်မီ သဖန်းပင့်အောက်မှာရှိစဉ် သင့်ကိုမြင်သည်ဟုယေရှုမိန့်တော်မူရာ၊ Judson Bible နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ ရှိသည်ကို ငါမြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း နာသနေလကလည်း “ကိုယ်တော်သည် အကျွန်ုပ်ကို မည်သို့သိပါသနည်း”ဟု မေးလျှောက်သော် ယေရှုက“ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ သင်သည် သဖန်းပင်အောက်၌ရှိနေသည်ကို ငါမြင်၏”ဟု ပြန်၍မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း နာသနေလက “အရှင်သည်အကျွန်ုပ်ကို မည်သို့သိတော်မူသနည်း” ဟု မေးလျှောက်လေ၏။ ယေရှုကလည်း “သင့်ကို ဖိလိပ္ပု မခေါ်မီ သင်သည် သဖန်းပင်အောက်၌ ရှိနေစဉ် သင့်ကို ငါမြင်၏” ဟု ပြန်၍မိန့်တော်မူ၏။ မြန်မာ နာသနေလကလည်း၊ ကိုယ်တော်သည် အဘယ်သို့သောအားဖြင့် အကျွန်ုပ်ကို သိတော်မူသနည်းဟု မေးလျှောက်သော်၊ ယေရှုက၊ ဖိလိပ္ပုသည် သင့်ကိုမခေါ်မီ၊ သင်သည် သင်္ဘောသဖန်းပင်အောက်၌ ရှိသည်ကို ငါမြင်သည်ဟု ပြန်၍မိန့်တော်မူလျှင်၊- |
သူတို့ပြုသည့်ဆုတောင်းပတ္ထနာမပြီးမဆုံး မီ၌ပင်လျှင် ငါသည်သူတို့၏ပန်ကြားချက် ကိုနားညောင်းမည်။-
ဇေဗေဒဲ၏သားနှစ်ယောက်ဖြစ်ကြသောယာကုပ် နှင့်ယောဟန်၊ ဖိလိပ္ပုနှင့် ဗာသောလမဲ၊ သောမနှင့် အခွန်ခံသူမဿဲ၊ အာလဖဲ၏သားယာကုပ်နှင့် သဒ္ဒဲ၊-
သို့ရာတွင်သင်တို့သည်ဆုတောင်းပတ္ထနာပြုသော အခါအိမ်အတွင်းခန်းသို့ဝင်၍တံခါးကိုပိတ်ပြီး လျှင် မျက်စိနှင့်မတွေ့မမြင်နိုင်သောသင်တို့၏အဖ ထံတော်သို့ဆုတောင်းပတ္ထနာပြုကြလော့။ မထင် မရှားပြုသောအမှုကိုမြင်တော်မူသောသင်တို့ ၏အဖသည်သင်တို့အားကောင်းချီးပေးသနား တော်မူလိမ့်မည်။
(ဖိလိပ္ပုသည်ဗက်ဇဲဒမြို့သားဖြစ်၏။ ဗက်ဇဲဒ မြို့ကားအန္ဒြေနှင့်ပေတရုတို့နေထိုင်ရာမြို့ တည်း။)-
သူတို့သည် (ဂါလိလဲပြည်ဗက်ဇဲဒမြို့သားဖြစ် သူ) ဖိလိပ္ပုထံသို့သွားကြ၍ ``ဆရာ၊ အကျွန်ုပ် တို့သည်သခင်ယေရှုကိုမြင်လိုပါသည်'' ဟု ပြောကြားကြ၏။
ဖိလိပ္ပုက ``အရှင်ဘုရား၊ ခမည်းတော်ကို အကျွန်ုပ်တို့အားပြတော်မူပါ။ သို့ပြတော် မူလျှင်အကျွန်ုပ်တို့အလိုပြည့်ပါပြီ'' ဟု လျှောက်၏။
ကိုယ်တော်သည်လူ၏စိတ်နှလုံးအကြံအစည် ကိုသိတော်မူသောကြောင့် ကိုယ်တော်အားလူ့ အကြောင်းကိုအဘယ်သူမျှပြောရန်မလို။
သခင်ယေရှုသည်မျှော်ကြည့်လိုက်သောအခါ မိမိထံသို့လူပရိသတ်ကြီးလာလျက်နေ သည်ကိုမြင်တော်မူ၍ ``ဤသူတို့စားရန် အစားအစာကိုအဘယ်မှာဝယ်နိုင်သနည်း'' ဟုဖိလိပ္ပုအားမေးတော်မူ၏။-
ဖိလိပ္ပုက ``လူတစ်ယောက်ကိုအစားအစာ အနည်းငယ်စီကျွေးရန်ပင်လျှင် ငွေဒေနာရိ နှစ်ရာဖိုးနှင့်လုံလောက်မည်မဟုတ်ပါ'' ဟု လျှောက်၏။-
သူ၏စိတ်နှလုံးစစ်ကြောစီရင်ခြင်းကိုခံရ လျက်သူ၏လျှို့ဝှက်သောအကြံအစည်များ သည်ပေါ်လွင်သဖြင့် ``သင်တို့နှင့်အတူဧကန် အမှန်ဤအရပ်တွင်ဘုရားသခင်ရှိတော်မူ ပါသည်တကား'' ဟုထုတ်ဖော်ဝန်ခံကာဘုရား သခင်ကိုပျပ်ဝပ်ရှိခိုးလိမ့်မည်။
သို့ဖြစ်၍နောက်ဆုံးတရားစီရင်တော်မူရန် သခင်ဘုရားကြွလာတော်မူချိန်တိုင်အောင် မည်သူ့ကိုမျှစီရင်မှုမပြုနှင့်။ ကိုယ်တော်သည် လျှို့ဝှက်ချက်မှန်သမျှကိုလည်းကောင်း၊ လူတို့ ၏စိတ်နှလုံးတွင်ကွယ်ဝှက်နေသည့်အကြံအစည် များကိုလည်းကောင်းထုတ်ဖော်တော်မူလိမ့်မည်။ ထိုအခါလူတိုင်းပင်ဘုရားသခင်၏ထံခံ ထိုက်သည့်အချီးအမွမ်းကိုခံကြရလတ္တံ့။