ထိုသူတို့သည်မိမိတို့၏စည်းစိမ်ဥစ္စာကို ယုံကြည်အားကိုးသူများ၊ချမ်းသာကြွယ်ဝမှုကို ကြွားဝါသူများဖြစ်ပေသည်။
ရှင်ယောဟန် 1:4 - Common Language Bible ဖန်ဆင်းတော်မူသမျှသောအရာတို့သည် နှုတ်ကပတ်တော်အားဖြင့် အသက်ကိုရရှိကြ၏။ ထိုအသက်သည်လူသားတို့ အတွက်အလင်းဖြစ်၏။- Garrad Bible ကိုယ်တော်၌အသက်တည်၏။ ထိုအသက်လည်း လူတို့၏အလင်းဖြစ်၏။ Judson Bible ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။- မြန်မာ့စံမီသမ္မာကျမ်း နှုတ်ကပတ်တော်၌ အသက်ရှိ၍ ထိုအသက်သည် လူတို့၏အလင်းဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုနှုတ်ကပတ်တော်သည် ရှိသမျှသောဖန်ဆင်းခံတို့အား အသက်ကို ပေးတော်မူ၏။ ထိုအသက်သည် လူအပေါင်းတို့အတွက် အလင်းဖြစ်၏။ မြန်မာ ထိုနှုတ်ကပတ်တော်၌ အသက်ရှိ၏။ ထိုအသက်သည်လည်း လူတို့၏အလင်းဖြစ်၏။- |
ထိုသူတို့သည်မိမိတို့၏စည်းစိမ်ဥစ္စာကို ယုံကြည်အားကိုးသူများ၊ချမ်းသာကြွယ်ဝမှုကို ကြွားဝါသူများဖြစ်ပေသည်။
ထာဝရဘုရားသည်ငါတို့အား ကွယ်ကာတော်မူသောအရှင်၊ဘုန်းကြီးတော် မူသော ဘုရင်ဖြစ်တော်မူ၏။ ကိုယ်တော်သည်ငါတို့အားသနားကြင်နာ၍ ချီးမြှင့်တော်မူ၏။ ကိုယ်တော်သည်မှန်ရာကိုပြုကျင့်သူတို့အား ကောင်းမြတ်သည့်အရာများကိုပေးရန်ငြင်း တော်မမူ။
``ငါသည်မိမိ၏မျက်မမြင်လူစုအား သူတို့မသွားဘူးသောလမ်းခရီးဖြင့် ခေါ်ဆောင်သွားမည်။ ငါသည်သူတို့၏ရှေ့တွင်အမှောင်ကိုအလင်း ဖြစ်စေ၍၊ ကြမ်းတမ်းသောခရီးကိုချောမောသွားစေမည်။ ဤအမှုအရာကိုငါပြုမည်။ မပြုဘဲ နေလိမ့်မည်မဟုတ်။
ငါ၏စကားတော်ကိုရိုသေသူသင်တို့ အဖို့မှာမူကား ငါ၏ကယ်တင်ခြင်းတန် ခိုးသည်နေမင်းသဖွယ် သူတို့အပေါ်၌ ထွန်းလင်းလျက်နေရောင်ခြည်သဖွယ် သင် တို့၏အနာရောဂါများကိုပျောက်ကင်း စေလိမ့်မည်။ သင်တို့သည်တင်းကုပ်မှလွှတ် ထုတ်လိုက်သည့်နွားငယ်များကဲ့သို့လွတ် လပ်ပျော်ရွှင်စွာခုန်ပေါက်လျက်နေလိမ့်မည်။-
အမှောင်တွင်နေထိုင်ကြသောသူတို့သည် အလင်းရောင်ကြီးကိုမြင်ရလေပြီ။ သေမင်းအရိပ်တွင်နေထိုင်ကြသူတို့၏အပေါ်သို့ အလင်းရောင်သက်ရောက်လိမ့်မည်'' ဟုဟောကြားခဲ့၏။
သခင်ယေရှုက ``ငါသည်အသက်ရှင်ခြင်း၊ ရှင် ပြန်ထမြောက်ခြင်းအရှင်ဖြစ်၏။ ငါ့ကိုယုံ ကြည်သောသူသည်သေသော်လည်းရှင်လိမ့် မည်။-
သခင်ယေရှုကလည်း ``အလင်းသည်သင်တို့ တွင်ခဏသာရှိပေတော့မည်။ သင်တို့အား အမှောင်မဖုံးလွှမ်းစေရန် အလင်းရှိစဉ်အခါ သွားလာကြလော့။ အမှောင်တွင်သွားလာသူ သည်မိမိအဘယ်အရပ်သို့သွားလာသည် ကိုမသိ။-
ငါ့ကိုယုံကြည်သူမှန်သမျှသည်အမှောင် တွင်မနေရစေခြင်းငှာ ငါသည်အလင်း အဖြစ်လောကသို့ကြွလာပြီ။-
သခင်ယေရှုက ``ငါသည်ခရီးလမ်းဖြစ်၏။ သမ္မာတရားလည်းဖြစ်၏။ အသက်လည်းဖြစ်၏။ ငါ့ကိုအမှီမပြုဘဲအဘယ်သူမျှခမည်း တော်ထံသို့မရောက်နိုင်။-
အပြစ်စီရင်ခြင်း၏သဘောတရားကား ဤသို့တည်း။ အလင်းတော်သည်ဤလောက သို့ရောက်ရှိလာ၏။ သို့ရာတွင်လူတို့သည် ဆိုးယုတ်သူများဖြစ်သည်အားလျော်စွာ အလင်းတော်ထက်အမှောင်ကိုနှစ်သက် ကြ၏။-
ခမည်းတော်သည်သူသေများကိုအသက်ပြန် ရှင်စေတော်မူသကဲ့သို့ သားတော်သည်လည်း မိမိအလိုရှိသူများကိုအသက်ရှင်စေ တော်မူ၏။-
ခမည်းတော်မှာအသက်ပေးပိုင်သောတန်ခိုး ရှိတော်မူသည်နည်းတူ သားတော်တွင်လည်းရှိ စေရန်ထိုတန်ခိုးကိုသားတော်အားအပ်နှင်း ထားတော်မူ၏။-
တစ်ဖန်သခင်ယေရှုကဖာရိရှဲတို့အား ``ငါ သည်လောက၏အလင်းဖြစ်၏။ ငါ့နောက်သို့ လိုက်သောသူသည်အသက်၏အလင်းကိုရ ၍အဘယ်အခါမျှအမှောင်တွင်သွားလာ ရလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ကျမ်းစာတော်တွင် ``ပထမလူအာဒံသည် အသက်ရှင်သောသတ္တဝါဖြစ်လာ၏'' ဟုဖော် ပြ၏။ နောက်ဆုံးဖြစ်သောအာဒံသည်ကား အသက်ရှင်စေတတ်သောဝိညာဉ်ဖြစ်၏။-
အဘယ်ကြောင့်ဆိုသော်အလင်းသည်ခပ်သိမ်း သောအရာတို့ကိုပေါ်လွင်ထင်ရှားစေသော ကြောင့်ဖြစ်၏။ ဤအကြောင်းကြောင့်ကျမ်းစာ တော်တွင်၊ ``အိပ်ပျော်သူ၊ ထလော့။ သေခြင်းမှထြေမာက်လော့။ ခရစ်တော်သည်သင့်အပေါ်သို့ ထွန်းလင်းတော်မူလိမ့်မည်'' ဟုပါရှိသတည်း။
သင်တို့အသက်အစစ်အမှန်သည်ခရစ်တော် ဖြစ်သည်။ ကိုယ်တော်ထင်ရှားတော်မူသောအခါ သင်တို့သည်လည်းကိုယ်တော်နှင့်အတူဘုန်း အသရေတော်ကိုခံစားရကြလတ္တံ့။
အသက်တော်တည်းဟူသောနှုတ်ကပတ်တော် အကြောင်းကိုငါတို့စာရေးလိုက်၏။ ထိုနှုတ် ကပတ်တော်သည်အစမူလကတည်းကပင် ရှိနေတော်မူခဲ့၏။ ထိုနှုတ်ကပတ်တော်ကို ငါတို့ကြားခဲ့ကြ၏။ ငါတို့ကိုယ်တိုင်မျက်စိ ဖြင့်မြင်ခဲ့ကြ၏။ ငါတို့လက်ဖြင့်စမ်းသပ် ကြည့်ရှုခဲ့ကြ၏။-
ထိုအသက်တော်ပေါ်လွင်ထင်ရှားခဲ့စဉ်က ငါတို့မြင်ရကြ၏။ သို့ဖြစ်၍ယင်း၏အကြောင်း ကိုငါတို့ဟောပြောကြ၏။ ခမည်းတော်နှင့် အတူရှိတော်မူခဲ့သည့်အသက်တော်သည် ငါတို့တွင်ပေါ်လွင်ထင်ရှားခဲ့သဖြင့် ငါတို့ သည်ထိုအသက်တော်အကြောင်းကိုသင်တို့ အားဖော်ပြကြေညာကြ၏။-
ဘုရားသခင်သည်ငါတို့အား ထာဝရအသက် ကိုပေးသနားတော်မူကြောင်း၊ ထိုအသက်ကို သားတော်အားဖြင့်ရရှိကြောင်းဘုရားသခင် သက်သေခံတော်မူ၏။-
ထိုနောက်ကောင်းကင်တမန်သည်ငါ့အားအသက် ရေစီးရာမြစ်ကိုလည်းပြ၏။ ထိုမြစ်သည်ကျောက် သလင်းကဲ့သို့ကြည်လင်တောက်ပ၍ဘုရားသခင် နှင့်သိုးသူငယ်တော်၏ပလ္လင်မှမြို့တော်လမ်းအလယ် တစ်လျှောက်စီးဆင်းလျက်နေ၏။ ထိုမြစ်၏ဝဲယာ တွင်အသက်ပင်ရှိ၏။-
``ငါယေရှုသည်အသင်းတော်များရှိသင်တို့အား ဤအကြောင်းအရာများကိုကြေညာရန် ငါ၏ ကောင်းကင်တမန်ကိုစေလွှတ်လိုက်၏။ ငါသည် ဒါဝိဒ်၏အနွယ်ဝင်ဖြစ်၏။ ထွန်းလင်းတောက်ပ သောမိုးသောက်ကြယ်လည်းဖြစ်၏။