Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်ယောဟန် 1:4 - မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

4 နှုတ်ကပတ်တော်​၌ အသက်​ရှိ​၍ ထို​အသက်​သည် လူ​တို့​၏​အလင်း​ဖြစ်​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

4 ဖန်​ဆင်း​တော်​မူ​သ​မျှ​သော​အ​ရာ​တို့​သည် နှုတ်​က​ပတ်​တော်​အား​ဖြင့် အ​သက်​ကို​ရ​ရှိ​ကြ​၏။ ထို​အ​သက်​သည်​လူ​သား​တို့ အ​တွက်​အ​လင်း​ဖြစ်​၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

4 ကိုယ်တော်၌အသက်တည်၏။ ထိုအသက်လည်း လူတို့၏အလင်းဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

4 ထို​နှုတ်​က​ပတ်​တော်၌ အ​သက်​ရှိ၏။ ထို​အ​သက်​သည်​လည်း လူ​တို့၏​အ​လင်း​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

4 ထို​နှုတ်ကပတ်တော်​သည် ရှိသမျှသော​ဖန်ဆင်းခံတို့​အား အသက်​ကို ပေးတော်မူ၏။ ထို​အသက်​သည် လူအပေါင်းတို့​အတွက် အလင်း​ဖြစ်၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

4 ထို​နှုတ်​က​ပတ်​တော်၌ အ​သက်​ရှိ၏။ ထို​အ​သက်​သည်​လည်း လူ​တို့၏​အ​လင်း​ဖြစ်၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်ယောဟန် 1:4
30 ပူးပေါင်းရင်းမြစ်များ  

ထို​သူ​တို့​သည် မိမိ​တို့​၏​ဥစ္စာပစ္စည်း​ကို​ကိုးစား​၍ မိမိ​တို့​၏​ဓနဥစ္စာ​ကြွယ်ဝမှု​၌ ဂုဏ်ယူဝါကြွား​ကြ​၏​။


အကြောင်းမူကား ဘုရားသခင်​ထာဝရဘုရား​သည် နေ​လည်း​ဖြစ်​တော်မူ​၏​။ ဒိုင်းလွှား​လည်း​ဖြစ်​တော်မူ​၏​။ ထာဝရဘုရား​သည် ကျေးဇူး​တော်​နှင့်​ဘုန်းအသရေ​တော်​ကို ပေး​တော်မူ​၏​။ အပြစ်တင်စရာမရှိ​အောင် အသက်ရှင်​လျှောက်လှမ်း​သော​သူ​တို့​အား ကောင်းမြတ်​သော​အရာ​ကို မပေး​ဘဲ​နေ​တော်မူ​မည်​မ​ဟုတ်​။


ငါ​သည် မျက်မမြင်​တို့​ကို သူ​တို့​မ​သိ​သော​ခရီး​ဖြင့် ပို့ဆောင်​မည်​။ သူ​တို့​မ​သိ​သော​လမ်း​ဖြင့် လမ်းပြ​မည်​။ သူ​တို့​ရှေ့​၌ အမှောင်​ကို အလင်း​ဖြစ်စေ​မည်​။ ကြမ်းတမ်း​သော​နေရာ​များ​ကို ချောမွေ့​စေ​မည်​။ ဤ​အရာ​တို့​ကို ငါ​ပြု​မည်​။ ငါ​သည် သူ​တို့​ကို မ​စွန့်ပစ်​။


“ငါ​၏​နာမ​တော်​ကို ကြောက်ရွံ့ရိုသေ​သော သင်​တို့​အဖို့ ဖြောင့်မတ်​ခြင်း​နေမင်း​သည် ကုသ​ခြင်း​တောင်ပံ​နှင့်တကွ ပေါ်ထွန်း​လာ​လိမ့်မည်​။ သင်​တို့​သည်​လည်း တင်းကုပ်​မှ နွားသငယ်​ကဲ့သို့ ခုန်ပေါက်​လျက် ထွက်လာ​မည်​။


အမှောင်​ထဲ၌​နေထိုင်​သော​သူ​တို့​သည် ကြီးမား​သော​အလင်း​ကို​မြင်​ရ​ကြ​၍ သေ​ခြင်း​အရိပ်​လွှမ်းမိုး​သော​ပြည်​၌ နေထိုင်​သော​သူ​တို့​ထံသို့ အလင်း​ပေါ်ထွက်​လာ​ပြီ”​ဟူ၍​ဖြစ်​၏။


ယေရှု​က​လည်း“ငါ​သည် ရှင်ပြန်​ထမြောက်​ခြင်း​ဖြစ်​၏။ အသက်​လည်း​ဖြစ်​၏။ ငါ့​ကို​ယုံကြည်​သော​သူ​သည် သေ​ခဲ့​လျှင်​ပင် အသက်ရှင်​လိမ့်မည်။


ယေရှု​က​လည်း“အလင်း​သည် သင်​တို့​တွင် နောက်ထပ် ခဏ​ရှိ​ဦး​မည်။ သင်​တို့​အား မှောင်မိုက်​မ​လွှမ်းမိုး​စေရန် အလင်း​ရှိ​ခိုက် သွားလာ​ကြ​လော့။ မှောင်မိုက်​၌​သွားလာ​သော​သူ​သည် မိမိ​မည်သည့်​အရပ်​သို့​သွား​သည်​ကို​မ​သိ။


ငါ့​ကို​ယုံကြည်​သော​သူ​တိုင်း မှောင်မိုက်​ထဲ၌​မ​နေ​ရ​စေရန် ငါ​သည် အလင်း​အဖြစ် ဤ​လောက​သို့​ကြွလာ​ပြီ။


ယေရှု​က“ငါ​သည် လမ်း၊ သမ္မာတရား​နှင့် အသက်​ဖြစ်​၏။ ငါ့​ကို​အမှီ​မ​ပြု​လျှင် မည်သူမျှ ခမည်းတော်​ထံသို့​မ​ရောက်​နိုင်​ရာ။


စီရင်​ဆုံးဖြတ်​ချက်​ကား ဤသို့​ဖြစ်​၏။ အလင်း​သည် ဤ​လောက​သို့​ရောက်ရှိ​ပြီ​ဖြစ်​သော်လည်း လူ​တို့​သည် မိမိ​တို့​ပြု​သော​အမှု​များ​မကောင်း​သောကြောင့် အလင်း​ထက် အမှောင်​ကို ပို၍​နှစ်သက်​ကြ​၏။


ခမည်းတော်​သည် သေလွန်​သော​သူ​တို့​ကို ထမြောက်​စေ​၍ အသက်ရှင်​စေ​တော်မူ​သကဲ့သို့ သား​တော်​သည်​လည်း မိမိ​အလိုရှိ​သော​သူ​တို့​ကို အသက်ရှင်​စေ​၏။


အကြောင်းမူကား ခမည်းတော်​သည် မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​တော်မူ​သည်​နည်းတူ သား​တော်​အား​လည်း မိမိ​၌​အသက်​ကို​ပိုင်ဆိုင်​ခွင့်​ပေး​တော်မူ​၏။


တစ်ဖန် ယေရှု​သည် လူ​တို့​အား​မြွက်ဆို​တော်မူ​၍“ငါ​သည် ဤ​လောက​၏​အလင်း​ဖြစ်​၏။ ငါ့​နောက်​သို့​လိုက်​သော​သူ​သည် မည်သည့်​အခါ​မျှ မှောင်မိုက်​၌​သွားလာ​ခြင်း​မ​ရှိ​ဘဲ အသက်​၏​အလင်း​ကို​ရရှိ​မည်”​ဟု မိန့်​တော်မူ​၏။


ငါ​သည် ဤ​လောက​၌​ရှိ​နေ​စဉ် ဤ​လောက​၏​အလင်း​ဖြစ်​၏”​ဟု ပြန်​၍​မိန့်​တော်မူ​၏။


သူ​တို့​ဟောပြော​ခဲ့​သည့်​အရာ​မှာ ခရစ်တော်​သည် ဝေဒနာ​ခံစား​ရ​လျက် သေ​သော​သူ​တို့​ထဲမှ အဦးဆုံး​ရှင်ပြန်​ထမြောက်​ခြင်း​အားဖြင့် အစ္စရေး​လူမျိုး​နှင့် လူမျိုးခြား​တို့​ထံ အလင်း​တရား​ကို​ဟောပြော​တော်မူ​မည်​ဟူသည့်​အကြောင်း ဖြစ်​ပါ​သည်”​ဟု ချေပ​ပြောဆို​လေ​၏။


ထို့ကြောင့် ကျမ်းစာ​၌ “ပထမ​လူ​အာဒံ​သည် အသက်ရှင်​သော​သူ​ဖြစ်လာ​၏”​ဟု ရေး​ထား​၏။ နောက်ဆုံး​အာဒံ​သည် အသက်​ကို​ရရှိ​စေ​သော​ဝိညာဉ်​ဖြစ်​၏။


အကြောင်းမူကား ထင်ရှား​လာ​သော​အရာ​ရှိသမျှ​သည် အလင်း​ဖြစ်​၏။ သို့ဖြစ်၍ “အိပ်ပျော်​နေ​သော​သူ၊ နိုး​လော့။ သေ​သော​သူ​တို့​ထဲမှ ထမြောက်​လော့။ ထိုအခါ ခရစ်တော်​သည် သင့်​အား အလင်း​ကို​ပေး​တော်မူ​လိမ့်မည်”​ဟု ဆို​ထား​၏။


သင်​တို့​၏​အသက်​ဖြစ်​သော​ခရစ်တော်​ထင်ရှား​တော်မူ​သောအခါ သင်​တို့​သည်​လည်း ကိုယ်တော်​နှင့်အတူ ဘုန်း​အသရေ​၌​ထင်ရှား​ကြ​လိမ့်မည်။


အစအဦး​က​ပင်​ရှိ​သော​အရာ၊ ငါ​တို့​ကြား​ရ​သော​အရာ၊ ကိုယ့်​မျက်စိ​ဖြင့် မြင်​ရ​သော​အရာ၊ ငါ​တို့​ကြည့်ရှု​လျက် ကိုယ့်​လက်​ဖြင့် တို့ထိ​စမ်းသပ်​ရ​သော​အရာ​တည်းဟူသော အသက်​နှင့်ဆိုင်သည့် နှုတ်ကပတ်တော်​အကြောင်း​ဟူမူကား


ထို​အသက်​သည် ထင်ရှား​ခဲ့​ပြီ​။ ငါ​တို့​သည်​လည်း ၎င်း​ကို​မြင်​ရ​၍ သက်သေခံ​လျက် ခမည်းတော်​နှင့်အတူ​ရှိ​ပြီး ငါ​တို့​၌​ထင်ရှား​သော ထို​ထာဝရ​အသက်​အကြောင်း​ကို သင်​တို့​အား ပြောကြား​ကြ​၏။


ထို​သက်သေခံ​ချက်​မှာ ဘုရားသခင်​သည် ငါ​တို့​အား ထာဝရ​အသက်​ကို​ပေး​တော်မူ​ပြီး ထို​အသက်​သည် ဘုရားသခင်​၏​သား​တော်​၌​ရှိ​၏​ဟူ၍ ဖြစ်​၏။


ထို့နောက် ကောင်းကင်​တမန်​သည် ကျောက်​သလင်း​ကဲ့သို့​ကြည်လင်​တောက်ပ​သော အသက်​ရေ​စီး​ရာ​မြစ်​ကို ငါ့​အား​ပြ​လေ​၏။ ထို​မြစ်​သည် ဘုရားသခင်​နှင့်​သိုးသငယ်​တော်​၏​ပလ္လင်​တော်​မှ ထွက်​၍


ငါ​ယေရှု​သည် အသင်းတော်​များ​အတွက် ဤ​အကြောင်းအရာ​များ​ကို သင်​တို့​အား​သက်သေခံ​ရန် ငါ​၏​ကောင်းကင်​တမန်​ကို​စေလွှတ်​လိုက်​၏။ ငါ​သည် ဒါဝိဒ်​၏​အမြစ်​နှင့်​အမျိုးအနွယ်​ဖြစ်​ပြီး တောက်ပ​သော​မိုးသောက်​ကြယ်​ဖြစ်​၏။”


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ