သူတို့သည်မမြင်နိုင်ကြစေရန်သူတို့၏ မျက်စိကို ကွယ်စေတော်မူပါ။ သူတို့၏ခါးများကိုလည်းအစဉ်အမြဲ ချိနဲ့စေတော်မူပါ။
ရှင်မာကု 8:18 - Common Language Bible သင်တို့သည်မျက်စိရှိလျက်မမြင်ကြပါ သလော။ နားရှိလျက်မကြားကြပါသလော။- Garrad Bible မျက် စိ ရှိ လျက် မ မြင်၊ နား ရှိ လျက် မ ကြား ဘဲ နေ ကြ သ လော။ Judson Bible မျက်စိရှိလျက်ပင် မမြင်၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော။- မြန်မာ့စံမီသမ္မာကျမ်း သင်တို့သည် မျက်စိရှိလျက်နှင့်မမြင်ကြသလော။ နားရှိလျက်နှင့်မကြားကြသလော။သင်တို့မမှတ်မိကြသလော။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သင်တို့သည် မျက်စိရှိလျက်နှင့် မမြင်ကြသလော။ နားရှိလျက်နှင့် မကြားကြသလော။ ဖြစ်ပျက်သမျှကို သတိမရကြသလော။ မြန်မာ မျက်စိရှိလျက်ပင် မမြင်၊ နားရှိလျက်ပင် မကြား၊ စိတ်မအောက်မေ့ဘဲ နေကြသလော။- |
သူတို့သည်မမြင်နိုင်ကြစေရန်သူတို့၏ မျက်စိကို ကွယ်စေတော်မူပါ။ သူတို့၏ခါးများကိုလည်းအစဉ်အမြဲ ချိနဲ့စေတော်မူပါ။
ဤသို့သောလူတို့သည်မိုက်မဲထုံထိုင်းလှ သဖြင့် မိမိတို့အဘယ်အမှုကိုပြုလျက် နေသည်ကိုပင်မသိကြ။ အမှန်တရားကို မမြင်မသိနိုင်ရန် မိမိတို့၏မျက်စိများ နှင့်စိတ်နှလုံးတံခါးများကိုပိတ်ထား ကြ၏။-
မျက်စိရှိလျက်နှင့်မမြင်နိုင်၊ နားရှိလျက်နှင့်မကြားနိုင်သူ၊ အချင်းမိုက်မဲထုံထိုင်းသောလူတို့၊ နားထောင်ကြလော့။-
ကိုယ်တော်က``အချင်းလူသား၊ သင်သည်ပုန်ကန် တတ်သည့်လူမျိုးအထဲမှာနေရ၏။ သူတို့သည် မျက်စိရှိလျက်နှင့်အဘယ်အရာကိုမျှမမြင် ကြ။ နားရှိလျက်နှင့်အဘယ်အရာကိုမျှမ ကြားကြ။ အဘယ်ကြောင့်ဆိုသော်သူတို့သည် ပုန်ကန်တတ်သူများဖြစ်သောကြောင့်တည်း။''
အဘယ်ကြောင့်ဆိုသော်၊ `သူတို့သည်ကြည့်လျက်နှင့်လည်းမမြင်၊ ကြားလျက်နှင့်လည်းနားမလည်ကြ။ အကယ်၍သူတို့သာမြင်၍နားလည်ပါမူ ဘုရားသခင်ထံတော်သို့ပြောင်းလဲကြမည် ဖြစ်သဖြင့်၊ ကိုယ်တော်သည်သူတို့အားအပြစ် ဖြေလွှတ်တော်မူပေအံ့' ဟုကျမ်းစာလာသောကြောင့်ဖြစ်၏'' ဟူ၍မိန့်တော်မူ၏။
ကျမ်းစာတော်က``ဘုရားသခင်သည်သူတို့ ၏စိတ်နှလုံးကိုထိုင်းမှိုင်းစေတော်မူ၏။ ယနေ့ တိုင်အောင်ပင်သူတို့သည်မမြင်မကြားနိုင် ကြ'' ဟုဖော်ပြသည့်အတိုင်းပင်ဖြစ်သည်။-
သို့ရာတွင်သင်တို့တွေ့ကြုံခဲ့ရသမျှ ကိုသဘောပေါက်နားလည်နိုင်သည့်ဉာဏ်ကို ယနေ့တိုင်အောင်ထာဝရဘုရားသည် သင်တို့အားပေးတော်မမူ။-
ငါသည်သင်တို့နှင့်အတူရှိခဲ့စဉ်အခါက ဤအကြောင်းအရာများကိုသင်တို့အား ပြောပြခဲ့၏။ သင်တို့မမှတ်မိကြသလော။-
ထို့ကြောင့်သင်တို့သည်ဤအကြောင်းအရာ များကိုသိရှိနားလည်လျက် မိမိတို့ခံယူရ ရှိထားသည့်သမ္မာတရားတော်တွင်အခြေခိုင် ၍နေပြီဖြစ်သော်လည်း ငါသည်သင်တို့အား ထိုအရာများအကြောင်းကိုအစဉ်သတိ ပေးလို၏။-