ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။ မောရှေက``အဘယ်ကြောင့်ညည်းညူကြ သနည်း။ ထာဝရဘုရားကိုအဘယ်ကြောင့် စုံစမ်းကြသနည်း'' ဟုပြန်၍ပြောလေ၏။
ရှင်မာကု 8:11 - Common Language Bible ဖာရိရှဲအချို့တို့သည်ရောက်လာ၍ ကိုယ်တော်နှင့် အခြေအတင်ဆွေးနွေးကြ၏။ သူတို့သည်ပရိ ယာယ်ဆင်၍ ``ဘုရားသခင်သည်ကိုယ်တော်အား နှစ်သက်တော်မူကြောင်းသက်သေပြရန် နိမိတ် လက္ခဏာတစ်ပါးကိုပြတော်မူပါ'' ဟုကိုယ်တော် အားတောင်းဆိုကြ၏။- Garrad Bible ထို အ ခါ ဖာ ရိ ရှဲ တို့ သည် ထွက် လာ၍ စုံ စမ်း ခြင်း ငှါ မေး မြန်း ပြော ဆို လျက် မိုး ကောင်း ကင် မှ နိ မိတ် လ က္ခ ဏာ ကို ကိုယ် တော့် ထံ တောင်း ကြ သော်၊ Judson Bible ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ယှက်ခြင်းငှာ၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ဖာရိရှဲတို့သည်ထွက်လာ၍ ကိုယ်တော်နှင့်ငြင်းခုံပြောဆိုကြကာ ကိုယ်တော်ကိုစမ်းသပ်လိုသဖြင့် ကောင်းကင်မှနိမိတ်လက္ခဏာကို တောင်းဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကိုယ်တော်ရောက်တော်မူကြောင်းကို ဖာရိရှဲတို့သည် ကြားသောအခါ လာ၍ ကိုယ်တော်နှင့် ငြင်းခုံဆွေးနွေးကြ၏။ သူတို့သည် ကိုယ်တော်ကို စမ်းသပ်လိုသဖြင့် ကောင်းကင်မှ နိမိတ်လက္ခဏာကိုပြရန် တောင်းဆိုကြ၏။ မြန်မာ ထိုအခါ ဖာရိရှဲတို့သည် ထွက်လာ၍ ကိုယ်တော်နှင့် ဆွေးနွေးငြင်းခုံသည်တွင် စုံစမ်းနှောင့်ယှက်ခြင်းငှာ၊ မိုးကောင်းကင်ကဖြစ်သော နိမိတ်လက္ခဏာကို တောင်းကြ၏။- |
ထိုအခါသူတို့သည်မောရှေအား``အကျွန်ုပ် တို့သောက်စရာရေပေးပါ'' ဟုညည်းညူ တောင်းဆိုကြ၏။ မောရှေက``အဘယ်ကြောင့်ညည်းညူကြ သနည်း။ ထာဝရဘုရားကိုအဘယ်ကြောင့် စုံစမ်းကြသနည်း'' ဟုပြန်၍ပြောလေ၏။
ဣသရေလအမျိုးသားတို့က``ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိပါသလား'' ဟုမေးလျက်မောရှေအားညည်းညူ၍ထာဝရ ဘုရားကိုစုံစမ်းကြသဖြင့် ထိုအရပ်ကို``မဿာ'' ဟူ၍လည်းကောင်း``မေရိဘ'' ဟူ၍လည်းကောင်း ခေါ်ဝေါ်သမုတ်ကြသတည်း။
ငါတို့တွေ့မြင်ရကြသည့်အတိုင်းမာန်မာန ကြီးသူများသည်မင်္ဂလာရှိကြ၏။ သူယုတ်မာ တို့သည်ကောင်းစားကြ၏။ ထိုမျှမကသူတို့ သည်ဘုရားသခင်၏ခန္တီပါရမီတော်ကို အကဲစမ်းကြသော်လည်းအဘယ်ဒုက္ခနှင့် မျှမတွေ့ရကြ' ဟုဆိုကြ၏'' ဟုမိန့်တော် မူ၏။
အချို့သောကျမ်းတတ်ဆရာများနှင့်ဖာရိရှဲများ က ``ဆရာတော်၊ အကျွန်ုပ်တို့အားနိမိတ်လက္ခဏာ တစ်ခုကိုပြတော်မူပါ'' ဟုလျှောက်ထားကြ၏။
ဖာရိရှဲအချို့တို့သည်အထံတော်သို့လာ၍ ``လူ တစ်စုံတစ်ယောက်သည်မည်သည့်အကြောင်းကြောင့် မဆို မိမိ၏မယားနှင့်ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍မေးလျှောက်ကြ၏။
ကိုယ်တော်သည်ဗိမာန်တော်သို့ပြန်လည်ကြွလာ တော်မူ၍ဟောပြောသွန်သင်တော်မူစဉ်ယဇ်ပုရော ဟိတ်ကြီးများနှင့်ဘာသာရေးခေါင်းဆောင်များသည် အထံတော်သို့ချဉ်းကပ်ကြပြီးလျှင် ``အရှင်သည် ဤအမှုအရာများကိုအဘယ်အခွင့်အာဏာနှင့် ပြုတော်မူပါသနည်း။ ထိုအခွင့်အာဏာကိုအရှင့် အားအဘယ်သူပေးအပ်ပါသနည်း'' ဟုမေး လျှောက်ကြ၏။
ထိုနောက်ဖာရိရှဲတို့သည်ထွက်သွားပြီးလျှင် ကိုယ်တော်အားအဘယ်သို့ပရိယာယ်ဆင်၍ မေးမြန်းရမည်ကိုဆွေးနွေးတိုင်ပင်ကြ၏။-
သို့ရာတွင်သခင်ယေရှုသည်သူတို့၏ဆိုးညစ် သောအကြံအစည်ကိုသိတော်မူသဖြင့် ``ကြောင် သူတော်တို့၊ သင်တို့သည်အဘယ်ကြောင့်ငါ့အား ပရိယာယ်ဆင်၍မေးမြန်းကြသနည်း။-
ထိုနေ့၌ပင်ဇဒ္ဒုကဲအချို့တို့သည်အထံတော် သို့လာကြ၏။ သူတို့ကသေခြင်းမှရှင်ပြန် ထမြောက်ခြင်းဟူသည်မရှိဟုခံယူယုံ ကြည်ကြသူများဖြစ်၏။-
ကိုယ်တော်သည်ထိုသူတို့၏ပရိယာယ်ကိုသိတော် မူသဖြင့် ``သင်တို့သည်ငါ့အားအဘယ်ကြောင့် အပြစ်ရှာလိုကြသနည်း။ ဒင်္ဂါးတစ်ပြားကိုငါ ကြည့်ဖို့ယူခဲ့ကြလော့'' ဟုမိန့်တော်မူ၏။
ဤသို့ထိုသူတို့နှင့်ကိုယ်တော်ထိုင်၍စားသောက်နေ သည်ကို ဖာရိရှဲဂိုဏ်းဝင်ကျမ်းတတ်ဆရာတို့မြင် လျှင် ``အဘယ်ကြောင့်ကိုယ်တော်သည်အခွန်ခံသူ များ၊ အပြစ်ကူးသူများနှင့်ထိုင်၍စားသောက်နေ ပါသနည်း'' ဟုတပည့်တော်တို့အားမေးမြန်း ကြ၏။
ကိုယ်တော်ကတပည့်တော်တို့အား ``သင်တို့သည် ဤသူတို့နှင့်အဘယ်အကြောင်းအရာများကို အခြေအတင်ပြောဆိုနေကြသနည်း'' ဟုမေး တော်မူ၏။
ကျမ်းတတ်ဆရာတစ်ယောက်သည်အထံတော် သို့လာ၍ ``ဆရာတော်၊ အကျွန်ုပ်သည်ထာဝရ အသက်ကိုရအံ့သောငှာအဘယ်သို့ပြုရ ပါမည်နည်း'' ဟုကိုယ်တော်အားပညာစမ်း လိုသဖြင့်မေးလျှောက်၏။
အချို့ကကိုယ်တော်အားပရိယာယ်ဆင် ၍ ``ကောင်းကင်မှနိမိတ်လက္ခဏာတစ်ရပ် ကိုပြတော်မူပါ'' ဟုတောင်းခံကြ၏။-
သခင်ယေရှုက ``သင်တို့သည်အံ့သြဖွယ်ရာ နိမိတ်လက္ခဏာများကိုမတွေ့မမြင်ရလျှင် ယုံကြည်ကြမည်မဟုတ်'' ဟုမိန့်တော်မူ၏။
ထိုသူတို့က ``အရှင့်အားအကျွန်ုပ်တို့ယုံကြည်နိုင် ကြစေရန် အဘယ်အံ့သြဖွယ်နိမိတ်လက္ခဏာကို ပြတော်မူပါမည်နည်း။ အရှင်အဘယ်အမှုကို လုပ်ဆောင်တော်မူမည်နည်း။-
ငါတို့ခေါင်းဆောင်များနှင့်ဖာရိရှဲများအထဲ မှတစ်ဦးတစ်ယောက်သည် ထိုသူကိုယုံကြည် ပါသလော။-
သူတို့သည်ကိုယ်တော်ကိုပြစ်တင်စွပ်စွဲနိုင်ရန် ဤသို့အကွက်ဆင်၍လျှောက်ထားကြခြင်း ဖြစ်၏။ သို့ရာတွင်သခင်ယေရှုသည်ငုံ့၍ မြေပေါ်တွင်လက်ညှိုးတော်ဖြင့်ရေးခြစ် လျက်နေတော်မူ၏။
ပေတရုက ``သခင်ဘုရား၏ဝိညာဉ်တော် ကိုသွေးတိုးစမ်းရန် အဘယ်ကြောင့်သင်တို့ သဘောတူကြံစည်ကြသနည်း။ ကြည့်လော့။ သင်၏ခင်ပွန်းကိုသင်္ဂြိုဟ်ခဲ့သူတို့သည် ယခု တံခါးဝသို့ပြန်ရောက်ပြီ။ သူတို့သည်သင့် ကိုလည်းဆောင်ယူသွားကြလတ္တံ့' ဟုဆို၏။-
ငါတို့သည်ထိုသူအချို့တို့ကဲ့သို့ထာဝရ ဘုရားရှင်အား အကဲမစမ်းကြနှင့်။ သူတို့ ကားမြွေကိုက်၍သေခဲ့ကြလေပြီ။-
``သင်တို့သည်မဿာအရပ်မှာကဲ့သို့ သင်တို့ ၏ဘုရားသခင်ထာဝရဘုရားကိုအစစ် အကြောမပြုရ။-