သို့ရာတွင်ကိုယ်တော်သည်မည်သို့မျှဖြေကြား တော်မမူ။ တပည့်တော်တို့သည်ကိုယ်တော်၏အနီး သို့လာ၍ ``ဤအမျိုးသမီးသည်အကျွန်ုပ်တို့၏ နောက်ကလိုက်၍ဟစ်အော်နေပါသည်။ သူ့အား နှင်ပစ်တော်မူပါ'' ဟုလျှောက်ကြ၏။
ရှင်မာကု 6:36 - Common Language Bible အစားအစာဝယ်၍စားနိုင်ရန်လူတို့အား ပတ်ဝန်းကျင်ရှိကျေးလက်တောရွာများသို့ စေလွှတ်တော်မူပါ'' ဟုလျှောက်ထားကြ၏။ Garrad Bible ပတ် ဝန်း ကျင် ရှိ မြို့ ရွာ များ သို့ သွား၍ အ စား အ စာ ဝယ် ကြ စေ ရန် ဤ သူ တို့ ကို လွှတ် တော် မူ ပါ ဟု လျှောက် ကြ လျှင်၊ Judson Bible လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့ သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါ။ သူတို့၌ စားစရာမရှိပါဟု လျှောက်ကြလျှင်၊- မြန်မာ့စံမီသမ္မာကျမ်း လူတို့သည် ဝန်းကျင်ရှိကျေးလက်တောရွာများသို့သွား၍ မိမိတို့အတွက် စားစရာများဝယ်ယူနိုင်ရန် သူတို့ကိုပြန်လွှတ်တော်မူပါ”ဟု လျှောက်ကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း လူတို့သည် မြို့ရွာများသို့ သွား၍ စားစရာများဝယ်ယူနိုင်ရန် သူတို့ကို ပြန်လွှတ်တော်မူပါ” ဟု လျှောက်ကြ၏။ မြန်မာ လူများတို့သည် ပတ်ဝန်းကျင်ရွာဇနပုဒ်သို့ သွား၍ စားစရာကိုဝယ်စေခြင်းငှာ အခွင့်ပေးတော်မူပါ။ သူတို့၌ စားစရာမရှိပါဟု လျှောက်ကြလျှင်၊- |
သို့ရာတွင်ကိုယ်တော်သည်မည်သို့မျှဖြေကြား တော်မမူ။ တပည့်တော်တို့သည်ကိုယ်တော်၏အနီး သို့လာ၍ ``ဤအမျိုးသမီးသည်အကျွန်ုပ်တို့၏ နောက်ကလိုက်၍ဟစ်အော်နေပါသည်။ သူ့အား နှင်ပစ်တော်မူပါ'' ဟုလျှောက်ကြ၏။
ပေတရုသည်ကိုယ်တော်အားမလှမ်းမကမ်းနေရာ သို့ပင့်ဖိတ်ပြီးလျှင် ``သခင်ဘုရား၊ ကိုယ်တော်ရှင် ဖော်ပြခဲ့သည့်အမှုအရာများမဖြစ်ပျက်စေ ရန်ဘုရားသခင်ဆီးတားတော်မူပါစေသော။ ကိုယ်တော်ရှင်သည်ထိုအမှုအရာများနှင့် အဘယ်အခါ၌မျှမကြုံမတွေ့ရပါစေနှင့်'' ဟုပြစ်တင်လျှောက်ထား၏။
လူအချို့တို့က ``ကိုယ်တော်သည်စိတ်ဖောက်ပြန် သွားပြီ'' ဟုပြောဆိုနေကြ၏။ ဤအကြောင်းကို ကိုယ်တော်၏မိသားစုတို့ကြားကြလျှင် ကိုယ်တော် ကိုစောင့်ရှောက်ရန်အထံတော်သို့လိုက်လာကြ၏။
တပည့်တော်တို့က ``အရှင့်ကိုတိုးဝှေ့သောလူထု ကြီးကိုတွေ့မြင်တော်မူပါလျက် ငါ့အားမည်သူ တို့ထိသနည်းဟုမေးတော်မူပါသလော'' ဟု လျှောက်ထားကြ၏။
မိုးချုပ်စပြုသောအခါတပည့်တော်တို့သည် အထံတော်သို့ချဉ်းကပ်၍ ``ဤအရပ်သည်လူ သူမရှိသည့်အရပ်ဖြစ်ပါ၏။ အချိန်လည်းနှောင်း ပါပြီ။-
ကိုယ်တော်က ``သင်တို့ပင်လျှင် သူတို့အားစား စရာတစ်စုံတစ်ခုကိုကျွေးကြလော့'' ဟုမိန့် တော်မူ၏။ ထိုအခါတပည့်တော်တို့က ``အကျွန်ုပ်တို့သည် ငွေဒင်္ဂါးနှစ်ရာဖိုးမျှအစားအစာဝယ်၍ ဤ သူတို့အားကျွေးရပါမည်လော'' ဟုလျှောက် ထားကြ၏။-