Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ

- ကြော်ငြာတွေ -




မဿဲ 15:23 - Common Language Bible

23 သို့​ရာ​တွင်​ကိုယ်​တော်​သည်​မည်​သို့​မျှ​ဖြေ​ကြား တော်​မ​မူ။ တ​ပည့်​တော်​တို့​သည်​ကိုယ်​တော်​၏​အ​နီး သို့​လာ​၍ ``ဤ​အ​မျိုး​သ​မီး​သည်​အ​ကျွန်ုပ်​တို့​၏ နောက်​က​လိုက်​၍​ဟစ်​အော်​နေ​ပါ​သည်။ သူ့​အား နှင်​ပစ်​တော်​မူ​ပါ'' ဟု​လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

23 ကိုယ် တော် သည် အ မိန့် တော် တစ် ခွန်း မျှ မ ပြန် ဘဲ နေ တော် မူ သ ဖြင့် တ ပည့် တော် တို့ ချဉ်း ကပ်၍ ထို မိန်း မ အော် လျက် နောက် က လိုက် နေ သော ကြောင့် သွား စေ တော် မူ ပါ ဟု လျှောက် ထား ကြ သော်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

23 တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ထို​မိန်း​မ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ငါ​တို့​နောက်​သို့ လိုက်၍ ဟစ်​ကြော်​လျက်​နေ​ပါ​သည်​ဟု တောင်း​လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

23 သို့သော် ကိုယ်တော်​သည် သူ့​ကို​တစ်ခွန်းမျှ ဖြေကြား​တော်​မ​မူ။ ထိုအခါ တပည့်​တော်​တို့​သည် အထံ​တော်​သို့​ချဉ်းကပ်​၍ “ဤ​အမျိုးသမီး​သည် အကျွန်ုပ်​တို့​နောက်မှ​လိုက်လာ​ပြီး အော်ဟစ်​နေ​ပါ​သဖြင့် သူ့​ကို​ပြန်သွား​စေ​တော်မူ​ပါ”​ဟု လျှောက်​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

23 သို့သော်လည်း ယေရှု​သည် သူ့​အား စကား​တစ်ခွန်း​မျှ တုံ့ပြန်တော်​မမူဘဲ နေတော်မူ၏။ ထိုအခါ တပည့်တော်တို့​သည် ယေရှု​ထံတော်သို့​ချဉ်းကပ်​၍ “ဤ​အမျိုးသမီး​အား ပြန်စေတော်မူပါ။ သူ​သည် အကျွန်ုပ်တို့​နောက်​မှ လိုက်​ကာ အော်ဟစ်​၍ အနှောင့်အယှက်​ဖြစ်စေပါသည်” ဟု လျှောက်ကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်မာ

23 တ​ပည့်​တော်​တို့​သည် ချဉ်း​ကပ်၍၊ ထို​မိန်း​မ ပြန်​သွား​ရ​သော​အ​ခွင့်​ကို ပေး​တော်​မူ​ပါ။ ငါ​တို့​နောက်​သို့ လိုက်၍ ဟစ်​ကြော်​လျက်​နေ​ပါ​သည်​ဟု တောင်း​လျှောက်​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ




မဿဲ 15:23
8 ပူးပေါင်းရင်းမြစ်များ  

ယော​သပ်​သည်​သူ​၏​အစ်​ကို​တို့​ကို​မြင်​၍​မှတ် မိ​သော်​လည်း အစ်​ကို​တို့​ကို​မ​သိ​ဟန်​ဆောင် လျက်``သင်​တို့​အ​ဘယ်​အ​ရပ်​မှ​လာ​ကြ​သ​နည်း'' ဟု​ခက်​ထန်​စွာ​မေး​လေ​၏။ သူ​တို့​က``ကျွန်​တော်​တို့​သည်​ရိက္ခာ​ဝယ်​ရန် ခါ​နာန်​ပြည်​မှ​လာ​ပါ​သည်'' ဟု​ဖြေ​ကြ​၏။


ကျွန်​တော်​မျိုး​၏​ကွယ်​ကာ​ရာ​အ​ရှင် အို ထာ​ဝ​ရ​ဘု​ရား၊ ကိုယ်​တော်​ရှင်​၏​ထံ​တော်​သို့​ကျွန်​တော်​မျိုး ဟစ်​ခေါ်​ပါ​၏။ ထူး​တော်​မူ​ပါ။ ကိုယ်​တော်​ရှင်​ထူး​တော်​မ​မူ​ပါ​လျှင် ကျွန်​တော်​မျိုး​သည်​သေ​ရွာ​သွား​ရ​ပါ​လိမ့်​မည်။


ကူ​မ​တော်​မူ​ရန်​ငါ​ဟစ်​အော်​ပါ​သော်​လည်း ဘု​ရား​သ​ခင်​သည်​နား​ထောင်​တော်​မ​မူ။


ည​ချမ်း​အ​ချိန်​ရောက်​သော​အ​ခါ​တ​ပည့်​တော်​တို့ သည်​အ​ထံ​တော်​သို့​လာ​၍ ``ဤ​အ​ရပ်​သည်​လူ​သူ မ​ရှိ​သည့်​အ​ရပ်​ဖြစ်​ပါ​၏။ နေ့​အ​ချိန်​လည်း​ကုန်​ပါ ပြီ။ လူ​တို့​အား​ကျေး​ရွာ​များ​သို့​သွား​၍​အ​စား အ​စာ​ဝယ်​ယူ​နိုင်​ရန်​စေ​လွှတ်​တော်​မူ​ပါ'' ဟု လျှောက်​ထား​ကြ​၏။


ထို​ဒေသ​တွင်​နေ​ထိုင်​သူ​ခါ​နာန်​အ​မျိုး​သ​မီး တစ်​ယောက်​သည်​အ​ထံ​တော်​သို့​လာ​ပြီး​လျှင် ``အ​ရှင်၊ ဒါ​ဝိဒ်​၏​သား​တော်၊ ကျွန်​မ​ကို​သ​နား တော်​မူ​ပါ။ ကျွန်​မ​၏​သ​မီး​သည်​နတ်​မိစ္ဆာ​ပူး ဝင်​နေ​သ​ဖြင့်​ပြင်း​ပြ​စွာ​ဝေ​ဒ​နာ​ခံ​လျက် နေ​ပါ​သည်'' ဟု​လျှောက်​၏။


ထို​အ​ခါ​ကိုယ်​တော်​က ``ငါ​သည်​ပျောက်​နေ​သော သိုး​စု​ဖြစ်​သည့်​ဣသ​ရေ​လ​အ​မျိုး​သား​များ​အ​တွက် သာ​လျှင်​လာ​ရောက်​ခြင်း​ဖြစ်​သည်'' ဟု​ဖြေ​ကြား တော်​မူ​၏။


သင်​တို့​၏​ဘု​ရား​သ​ခင်​ထာ​ဝ​ရ​ဘု​ရား​သည် လွန်​ခဲ့​သော​နှစ်​ပေါင်း​လေး​ဆယ်​ပတ်​လုံး သင်​တို့ အား​တော​ကန္တာ​ရ​ကို​ဖြတ်​၍​ပို့​ဆောင်​တော်​မူ ခဲ့​၏။ ထို​စဉ်​က​သင်​တို့​သည်​ပ​ညတ်​တော်​များ ကို လိုက်​နာ​လို​သော​စိတ်​ဆန္ဒ​ရှိ​သည်​မ​ရှိ​သည် ကို​စစ်​ဆေး​ရန် သင်​တို့​အား​ဆင်း​ရဲ​ဒုက္ခ​အ​မျိုး မျိုး​ရောက်​စေ​ခဲ့​ကြောင်း​ကို​သ​တိ​ရ​ကြ​လော့။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ