သူသည်လက်သမားဆရာ၏သားမဟုတ်လော။ သူ့ အမိသည်မာရိနာမည်ရှိသူမဟုတ်ပါလော။ သူ့ ညီများကားယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒတို့ မဟုတ်ပါလော။-
ရှင်မာကု 3:18 - Common Language Bible အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန် နှင့်၊- Garrad Bible အ န္ဒြေ၊ ဖိ လိ ပ္ပု၊ ဗာ သော လ မဲ၊ မဿဲ၊ သော မ၊ အာ လ ဖဲ့ သား ယာ ကုပ်၊ သ ဒ္ဒဲ။ ဝံ သာ နု ရှိ မုန် နှင့် Judson Bible အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊- မြန်မာ့စံမီသမ္မာကျမ်း အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်ပုဂ္ဂိုလ်ရှိမုန်နှင့် ခေတ်သစ်မြန်မာ သမ္မာကျမ်း အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏ သား ယာကုပ်၊ သဒ္ဒဲ၊ မျိုးချစ်စိတ်ထက်သန်သူ ရှိမုန်၊ မြန်မာ အန္ဒြေ၊ ဖိလိပ္ပု၊ ဗာသောလမဲ၊ မဿဲ၊ သောမ၊ အာလဖဲ၏သားယာကုပ်၊ သဒ္ဒဲ၊ ကာနနိတ်လူရှိမုန်၊- |
သူသည်လက်သမားဆရာ၏သားမဟုတ်လော။ သူ့ အမိသည်မာရိနာမည်ရှိသူမဟုတ်ပါလော။ သူ့ ညီများကားယာကုပ်၊ ယောသပ်၊ ရှိမုန်နှင့်ယုဒတို့ မဟုတ်ပါလော။-
သခင်ယေရှုသည်ထိုအရပ်မှထွက်၍ကြွ သွားတော်မူစဉ် အကောက်ခွန်ရုံးခန်းတွင်ထိုင် လျက်နေသောမဿဲဆိုသူလူတစ်ယောက်ကို မြင်တော်မူ၏။ ကိုယ်တော်က ``ငါ့နောက်သို့လိုက် လော့'' ဟုမိန့်တော်မူလျှင်ထိုသူသည်ထ၍ နောက်တော်သို့လိုက်လေ၏။
ကိုယ်တော်သည်ဆက်လက်၍လျှောက်သွားတော်မူ ပြန်သောအခါ အကောက်ခွန်ရုံးခန်းတွင်အာလဖဲ ၏သားလေဝိထိုင်နေသည်ကိုမြင်တော်မူ၏။ သူ့ ကိုကိုယ်တော်က ``ငါ့နောက်သို့လိုက်လော့'' ဟုမိန့် တော်မူလျှင်သူသည်ထ၍နောက်တော်သို့လိုက် လေ၏။
(မိုးကြိုး၏သားများဟုအနက်ရှိသောဗောနေ ရဂက်ဟူသောနာမည်ဖြင့် ကိုယ်တော်မှည့်ခေါ်သူ များဖြစ်သည့်) ဇေဗေဒဲ၏သားနှစ်ယောက် ယာကုပ်နှင့်ယောဟန်၊-
ဤသူသည်မာရိ၏သားမဟုတ်လော။ ယာကုပ်၊ ယောသေ၊ ယုဒနှင့်ရှိမုန်တို့၏အစ်ကိုလက်သမား ဆရာပင်မဟုတ်လော သူ၏နှမများသည်ငါတို့ အရပ်သူများမဟုတ်လော'' ဟုပြောဆိုကြ၏။ သို့ဖြစ်၍သူတို့သည်ကိုယ်တော်ကိုလက်မခံ ကြ။
ယောဟန်၏စကားကိုကြား၍ ကိုယ်တော်၏ နောက်တော်သို့လိုက်သွားသူနှစ်ယောက်အနက် တစ်ယောက်မှာရှိမုန်ပေတရု၏ညီအန္ဒြေ ဖြစ်၏။-
(အမြွှာပူးဟုနာမည်တွင်သည့်) သောမက ``ငါ တို့သည်လည်းသခင်နှင့်အတူအသေခံရန် လိုက်သွားကြကုန်အံ့'' ဟုမိမိ၏အဖော် တပည့်တော်တို့အားပြောဆို၏။
(ရှကာရုတ်မဟုတ်သူ) အခြားယုဒက``သခင်၊ လောကသားတို့အားမိမိကိုယ်ကိုပေါ်လွင် ထင်ရှားစေတော်မမူဘဲ အကျွန်ုပ်တို့အား အဘယ်သို့ပေါ်လွင်ထင်ရှားစေတော်မူမည် နည်း'' ဟုမေးလျှောက်၏။
ရှိမုန်ပေတရု၊ (အမြွှာပူးဟုနာမည်တွင်သူ) သောမ၊ (ဂါလိလဲပြည်ကာနမြို့သား) နာသ နေလ၊ ဇေဗေဒဲ၏သားများနှင့်အခြားတပည့် တော်နှစ်ဦးတို့သည်အတူရှိနေကြ၏။-
သူတို့သည်မြို့ထဲသို့ဝင်၍ မိမိတို့တည်းခိုရာ အိမ်အထက်ခန်းသို့သွားကြ၏။ ထိုသူတို့ကား ပေတရု၊ ယောဟန်၊ ယာကုပ်၊ အန္ဒြေ၊ ဖိလိပ္ပု၊ သောမ၊ ဗာသောလမဲ၊ မဿဲ၊ အာလဖဲ၏သားယာကုပ်၊ မျိုးချစ်စိတ်ထက်သန်သူရှိမုန်နှင့်ယာကုပ်၏ သားယုဒတို့ဖြစ်၏။-
သူတို့ပြောဆိုပြီးသောအခါယာကုပ်က ``ညီအစ်ကိုတို့၊ ငါ့စကားကိုနားထောင် ကြပါ။-
နောက်တစ်နေ့၌ပေါလုသည်ကျွန်ုပ်တို့နှင့်အတူ ယာကုပ်ထံသို့သွားရောက်တွေ့ဆုံ၏။ အသင်း တော်လူကြီးအပေါင်းတို့လည်းသူ့ထံတွင် ရောက်ရှိနေကြ၏။-
ထိုနောက်ကိုယ်တော်အားယာကုပ်ဖူးမြင်ရ၏။ ထို နောက်တမန်တော်အပေါင်းတို့ဖူးမြင်ကြရ၏။
ပေတရုကဲ့သို့လည်းကောင်း၊ သခင်ဘုရား ၏ညီတော်များနှင့်အခြားတမန်တော်များ ကဲ့သို့လည်းကောင်း ငါသည်ခရီးသွားရာ၌ ယုံကြည်သူဇနီးကိုခေါ်ဆောင်သွားပိုင် ခွင့်မရှိသလော။-
သို့ရာတွင်ငါသည်သခင်ဘုရား၏ညီတော် ယာကုပ်မှလွဲ၍ အခြားအဘယ်တမန်တော် နှင့်မျှမတွေ့မဆုံခဲ့။
အသင်းတော်၏မဏ္ဍိုင်များဖြစ်ကြသော ယာကုပ်၊ ပေတရုနှင့်ယောဟန်တို့ကငါ့ အားဘုရားသခင်ပေးတော်မူသောအခွင့် ထူးကို အသိအမှတ်ပြုကြပေသည်။ သို့ ဖြစ်၍ငါတို့အားလုံးသည်လုပ်ဖော်ကိုင် ဘက်များဖြစ်ကြောင်းကိုပြသည့်အနေ ဖြင့် သူတို့သည်ဗာနဗနှင့်ငါ့အားလက် ဆွဲ၍နှုတ်ဆက်ကြ၏။ ငါတို့ကလူမျိုး ခြားတို့ထံတွင်အမှုတော်ဆောင်ရန်နှင့် သူတို့ကယုဒအမျိုးသားတို့ထံတွင် အမှုတော်ဆောင်ရန်သဘောတူကြသည်။-
ဘုရားသခင်နှင့်သခင်ယေရှုခရစ်၏အစေ ခံဖြစ်သူယာကုပ်သည် ကမ္ဘာအရပ်ရပ်သို့ပျံ့နှံ့ လျက်ရှိသည့်ဘုရားသခင်၏လူစုတော်ဝင် အပေါင်းတို့ထံသို့မေတ္တာပို့သလိုက်ပါသည်။
ယေရှုခရစ်၏အစေခံနှင့်ယာကုပ်၏ညီဖြစ် သူ ယုဒထံမှဘုရားသခင်ခေါ်ယူရွေးကောက် တော်မူ၍ ခမည်းတော်ဘုရားသခင်၏မေတ္တာ ၌ခိုလှုံလျက် ယေရှုခရစ်စောင့်ထိန်းတော်မူ သောသူအပေါင်းတို့ထံသို့စာရေးလိုက်သည်။-