၁ ကော 9:5 - Common Language Bible5 ပေတရုကဲ့သို့လည်းကောင်း၊ သခင်ဘုရား ၏ညီတော်များနှင့်အခြားတမန်တော်များ ကဲ့သို့လည်းကောင်း ငါသည်ခရီးသွားရာ၌ ယုံကြည်သူဇနီးကိုခေါ်ဆောင်သွားပိုင် ခွင့်မရှိသလော။- အခန်းကိုကြည့်ပါ။Garrad Bible5 အ ခြား တ မန် တော် များ၊ အ ရှင် ဘု ရား ညီ တော် များ နှင့် ကေ ဖ တို့ နည်း တူ တ ပည့် တော် မ ဖြစ် သော မ ယား ပါ လှည့် လည် ခွင့် မ ရှိ ကြ လော။ အခန်းကိုကြည့်ပါ။Judson Bible5 ကေဖနှင့် သခင်ဘုရား၏ညီများမှစ၍ ကြွင်းသော တမန်တော်များကဲ့သို့၊ ငါတို့သည် ဒေသစာရီ လှည့်လည်သည်တွင် နှမဖြစ်သောမယား ပါစေခြင်းငှာ အခွင့်မရှိသလော။- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း5 ငါတို့သည် ကေဖနှင့် သခင်ဘုရား၏ညီတော်များမှစ၍ အခြားသောတမန်တော်များကဲ့သို့ ယုံကြည်သူဖြစ်သောဇနီးသည်ကို ခရီးသွားရာ၌ ခေါ်ဆောင်ခွင့်မရှိကြသလော။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း5 ကျွန်ုပ်တို့သည် ပေတရုမှစ၍ သခင်ဘုရား၏ ညီတော်များနှင့် အခြားသောတမန်တော်များကဲ့သို့ ခရီးသွားရာတွင် ယုံကြည်သူဇနီးသည်ကို ကျွန်ုပ်တို့နှင့်အတူ ခေါ်ဆောင်ခွင့် မရှိသလော။ အခန်းကိုကြည့်ပါ။ |
သို့သော်မယုံကြည်သူမဟုတ်သူအမျိုးသား ကသော်လည်းကောင်း၊ အမျိုးသမီးကသော် လည်းကောင်း ကွာရှင်းလိုလျှင်ကွာရှင်းပါစေ။ ဤ အမှုမျိုးတွင်ယုံကြည်သူခင်ပွန်းဖြစ်စေ၊ ဇနီး ဖြစ်စေလွတ်လပ်စွာပြုနိုင်ခွင့်ရှိ၏။ ဘုရားသခင် သည်သင်တို့အား သင့်တင့်အေးချမ်းစွာနေထိုင် ကြစေရန် ခေါ်ယူရွေးကောက်တော်မူ၏။-
ဇနီးဖြစ်သူသည်မိမိ၏ခင်ပွန်းအသက်ရှင် သမျှကာလပတ်လုံးချည်နှောင်မှုရှိ၏။ ခင်ပွန်း သေဆုံးသွားသောအခါ၌မူ မိမိနှစ်သက်သူ မည်သူနှင့်မဆိုထိမ်းမြားလက်ထပ်နိုင်၏။ သို့ ရာတွင်ထိုထိမ်းမြားလက်ထပ်မှုသည်ယုံကြည် သူအချင်းချင်းထိမ်းမြားလက်ထပ်မှုသာ လျှင်ဖြစ်ရမည်။-
ထိုသူတို့ကလူတို့အားထိမ်းမြားမင်္ဂလာမ ပြုရန်နှင့်အချို့သောအစားအစာများကို ရှောင်ကြဉ်ကြစေရန်သွန်သင်ကြ၏။ သို့ရာတွင် ယုံကြည်၍သမ္မာတရားတော်ကိုသိကျွမ်းသူ တို့သည်ကျေးဇူးတော်ကိုချီးမွမ်းလျက် စား သောက်နိုင်ကြစေရန်ဤအစားအစာများ ကိုဘုရားသခင်ဖန်ဆင်းထားတော်မူ၏။-