လာကြ။ ငါတို့သွားကြကုန်အံ့။ ငါ့အားရန်သူ့ လက်သို့အပ်မည့်သူသည်ရောက်လာပြီ'' ဟု မိန့်တော်မူ၏။
ရှင်မာကု 14:43 - Common Language Bible ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်တွင် တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သောယုဒရောက်ရှိလာ၏။ သူနှင့်အတူတုတ်၊ ဋ္ဌားကိုင်သူလူအမြောက် အမြားပါ၏။ ထိုသူတို့သည်ယဇ်ပုရောဟိတ် ကြီးများ၊ ကျမ်းတတ်ဆရာများနှင့်ဘာသာ ရေးခေါင်းဆောင်များကစေလွှတ်၍ရောက်ရှိ လာကြခြင်းဖြစ်သည်။- Garrad Bible ထို သို့ မိန့် တော် မူ ရာ ခ ဏ ချင်း တွင် တစ် ဆယ့် နှစ် ပါး ပါ ဝင် သူ ယု ဒ သည် ရောက် လာ၍ ဓား၊ တုတ်၊ လက် နက် စွဲ ကိုင် သော လူ အ မြောက် အ မြား လည်း ပ ရော ဟိတ် ကြီး များ၊ ကျမ်း တတ် ဆ ရာ များ လူ ကြီး များ တို့ ထံ မှ လိုက် ကြ၏။ Judson Bible ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲများစေလွှတ်သောလူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကိုကိုင်လျက် ချက်ချင်းလာကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုသို့ ကိုယ်တော်မိန့်တော်မူစဉ်၌ပင် တစ်ဆယ့်နှစ်ပါးသောတပည့်တော်တို့ထဲမှ တစ်ပါးဖြစ်သောယုဒသည် ရောက်လာ၏။ ယဇ်ပုရောဟိတ်အကြီးအကဲများ၊ ကျမ်းပြုဆရာများနှင့် သက်ကြီးဝါကြီးများကစေလွှတ်လိုက်သော လူအစုအဝေးတို့သည်လည်း တုတ်၊ ဓားများကိုင်ဆောင်လျက် သူနှင့်အတူပါလာ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုသို့ မိန့်တော်မူစဉ် တပည့်တော်ဆယ့်နှစ်ပါးအနက် တစ်ပါးဖြစ်သော ယုဒသည် တုတ်နှင့်ဓားများကို ကိုင်ဆောင်သောလူအုပ်ကြီးနှင့်အတူ ရောက်လာ၏။ ထိုသူတို့သည် ယဇ်ပုရောဟိတ်ခေါင်းဆောင်များ၊ ကျမ်းတတ်ဆရာများနှင့် အကြီးအကဲတို့မှ လွှတ်လိုက်သောလူအုပ် ဖြစ်၏။ မြန်မာ ထိုသို့ မိန့်တော်မူစဉ်တွင်ပင် တပည့်တော် တစ်ကျိပ်နှစ်ပါးအဝင်ဖြစ်သော ယုဒရှကာရုတ်နှင့်အတူ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာ၊ လူအကြီးအကဲများစေလွှတ်သောလူအစုအဝေးအပေါင်းတို့သည် ဓားနှင့် တုတ်များကိုကိုင်လျက် ချက်ချင်းလာကြ၏။- |
လာကြ။ ငါတို့သွားကြကုန်အံ့။ ငါ့အားရန်သူ့ လက်သို့အပ်မည့်သူသည်ရောက်လာပြီ'' ဟု မိန့်တော်မူ၏။
ကိုယ်တော်အားရန်သူ့လက်သို့အပ်မည့်သူ က ``ငါနမ်းရှုပ်နှုတ်ဆက်သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီး၍အစောင့်နှင့်ခေါ်သွားကြ လော့'' ဟုသူတို့အားအမှတ်ပေးခဲ့၏။
``ညီအစ်ကိုတို့၊ သခင်ယေရှုကိုဖမ်းဆီးသူတို့ ၏လမ်းပြဖြစ်သူ ယုဒရှကာရုတ်ကိုရည်မှတ်၍ ကျမ်းစာတော်တွင်ဖော်ပြပါရှိသည်အတိုင်းဖြစ် ပျက်ရမည်သာတည်း။ ဤကျမ်းချက်ကိုသန့်ရှင်း သောဝိညာဉ်တော်သည်ဒါဝိဒ်မင်းနှုတ်အားဖြင့် ဟောကြားခဲ့၏။-