ရှင်မာကု 14:44 - Common Language Bible44 ကိုယ်တော်အားရန်သူ့လက်သို့အပ်မည့်သူ က ``ငါနမ်းရှုပ်နှုတ်ဆက်သူသည်ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီး၍အစောင့်နှင့်ခေါ်သွားကြ လော့'' ဟုသူတို့အားအမှတ်ပေးခဲ့၏။ အခန်းကိုကြည့်ပါ။Garrad Bible44 ပို့ အပ် သူ က ငါ နမ်း မည့် သူ သည် ထို သူ ဖြစ်၏။ မ လွတ် အောင် ဖမ်း ဆီး ယူ သွား ကြ ဟူ၍ အ မှတ် ပေး ထား ခဲ့ သည့် အ တိုင်း၊ အခန်းကိုကြည့်ပါ။Judson Bible44 ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်း၍ လုံခြုံစွာ ဆောင်သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊- အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း44 ကိုယ်တော်ကိုအပ်နှံသောသူက “ငါနမ်းသောသူသည် ယေရှုဖြစ်၏။ သူ့ကိုဖမ်းဆီး၍ လုံခြုံစွာခေါ်ဆောင်သွားကြလော့”ဟု ဆိုလျက် အချက်ပြအမှတ်အသားကို သူတို့အားပေးထား၏။ အခန်းကိုကြည့်ပါ။ခေတ်သစ်မြန်မာ သမ္မာကျမ်း44 ယေရှုကို သစ္စာဖောက်၍ အပ်နှံသော ယုဒက “ငါနမ်း၍ နှုတ်ဆက်သောသူသည် ယေရှုဖြစ်၏။ သူ့ကို ဖမ်းဆီးကာ စောင့်ကြပ်၍ ခေါ်ဆောင်သွားကြလော့” ဟု သူတို့အား အချက်ပြအမှတ်အသားပေးထား၏။ အခန်းကိုကြည့်ပါ။မြန်မာ44 ကိုယ်တော်ကို အပ်နှံသောသူက၊ ငါနမ်းသောသူသည် ယေရှုပင်ဖြစ်၏။ သူ့ကိုဖမ်း၍ လုံခြုံစွာ ဆောင်သွားကြဟု ထိုသူတို့အား အမှတ်ပေးခဲ့သည်အတိုင်း၊- အခန်းကိုကြည့်ပါ။ |
ယင်းသို့ကိုယ်တော်မိန့်တော်မူစဉ်တွင် တစ်ကျိပ် နှစ်ပါးအဝင်ဖြစ်သောယုဒရောက်ရှိလာ၏။ သူနှင့်အတူတုတ်၊ ဋ္ဌားကိုင်သူလူအမြောက် အမြားပါ၏။ ထိုသူတို့သည်ယဇ်ပုရောဟိတ် ကြီးများ၊ ကျမ်းတတ်ဆရာများနှင့်ဘာသာ ရေးခေါင်းဆောင်များကစေလွှတ်၍ရောက်ရှိ လာကြခြင်းဖြစ်သည်။-
သင်တို့သည်ရန်သူများကိုမကြောက်ကြနှင့်။ အခါခပ်သိမ်းရဲရင့်ကြလော့။ ဤသည်ပင်လျှင် ရန်သူတို့ရှုံးနိမ့်မည်ဖြစ်ကြောင်းနှင့်သင်တို့ အောင်မြင်မည်ဖြစ်ကြောင်းကိုရန်သူများအား သက်သေပြလိမ့်မည်။ အဘယ်ကြောင့်ဆိုသော် သင်တို့အားအောင်ပွဲခံစေတော်မူသောအရှင် ကား ဘုရားသခင်ပင်ဖြစ်တော်မူသောကြောင့် တည်း။-