သို့ဖြစ်၍သတိနှင့်စောင့်နေကြလော့။ သင်တို့၏ အရှင်သည်အဘယ်အခါကြွလာတော်မူမည် ကိုသင်တို့မသိကြ။-
ရှင်မာကု 13:37 - Common Language Bible ဤသို့သင်တို့အားသတိပေးသည်အတိုင်း ခပ် သိမ်းသောသူတို့အားလည်းငါသတိပေး၏။ သတိနှင့်စောင့်နေကြလော့'' ဟုမိန့်တော်မူ၏။ Garrad Bible စောင့် နေ ကြ ဟူ၍ သင် တို့ အား ငါ မှာ ထား သည့် နည်း တူ လူ ခပ် သိမ်း တို့ အား ငါ မှာ ထား သည် ဟု မိန့် တော် မူ ၏။ Judson Bible စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း သတိနှင့်စောင့်နေကြလော့ဟု သင်တို့ကို ငါဆိုသည့်အတိုင်း လူခပ်သိမ်းတို့အား ငါဆို၏”ဟု မိန့်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သတိနှင့် စောင့်နေကြလော့ဟူ၍ သင်တို့ကို သတိပေးသည့်အတိုင်း လူအပေါင်းတို့ကို ငါသတိပေးတော်မူ၏” ဟု မိန့်တော်မူ၏။ မြန်မာ စောင့်နေကြလော့ဟု သင်တို့အား ငါဆိုသည်အတိုင်း၊ ခပ်သိမ်းသောသူတို့အား ငါဆိုသည်ဟု မိန့်တော်မူ၏။ |
သို့ဖြစ်၍သတိနှင့်စောင့်နေကြလော့။ သင်တို့၏ အရှင်သည်အဘယ်အခါကြွလာတော်မူမည် ကိုသင်တို့မသိကြ။-
ထိုနေ့ရက်ကာလသည်အဘယ်အခါကျရောက် မည်ကို သင်တို့မသိကြသဖြင့်သတိနှင့်စောင့် နေကြလော့။ နိုးနိုးကြားကြားရှိကြလော့။-
သင်တို့သည်အိမ်ရှင်အဘယ်အခါကြွလာမည် ကိုမသိ။ ညဥ့်ဦးယံ၌ကြွကောင်းကြွလာပေမည်။ သို့မဟုတ်သန်းခေါင်ယံအချိန်၌သော်လည်းကောင်း ကြက်ဦးတွန်ချိန်၌သော်လည်းကောင်း၊ မိုးသောက် ယံ၌သော်လည်းကောင်းကြွလာနိုင်ပေသည်။-
သင်တို့သည်မိမိတို့အိပ်ရာမှနိုးထကြရမည့် နေ့ရက်ရောက်ရှိနေပြီဖြစ်ကြောင်းကိုသိသဖြင့် မေတ္တာတရားကိုကျင့်သုံးကြရမည်။ အဘယ် ကြောင့်ဆိုသော်ငါတို့ကယ်တင်ခြင်းခံရမည့် နေ့ရက်ကာလသည် သခင်ယေရှုကိုငါတို့ စတင်ယုံကြည်ချိန်ကထက်ပို၍နီးကပ် လာပြီဖြစ်သောကြောင့်တည်း။-