သခင်ယေရှုက ``ယောဟန်၏သားရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ ဤအကြောင်းကိုသာမန်လူတစ်ယောက် အနေဖြင့်သင်မသိနိုင်။ ကောင်းကင်ဘုံရှင်ငါ၏ ခမည်းတော်ကဖော်ပြတော်မူ၍သာသင်သိ သတည်း။-
ရှင်မာကု 13:26 - Common Language Bible ထိုအခါမိုးတိမ်များထဲမှကြီးစွာသော တန်ခိုးတော်၊ ဘုန်းအသရေတော်တို့နှင့်လူ သားကြွလာသည်ကိုမြင်ရကြလိမ့်မည်။- Garrad Bible ထို အ ခါ မ ဟာ ဘုန်း တန် ခိုး တော် ကို ဆောင် လျက် တိမ် တိုက် ပေါ် တွင် စ ကြာ ဖြန့် လာ သော လူ့ သား ကို မြင် ကြ ရာ၊ Judson Bible ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ လူ့သားသည် ကြီးမားသောတန်ခိုးနှင့် ဘုန်းအသရေတို့ဖြင့် မိုးတိမ်များစီးလျက်ကြွလာသည်ကို လူတို့မြင်ရကြလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထိုအခါ လူသားသည် ကြီးမားသည့်တန်ခိုးတော်နှင့် ဘုန်းတော်တို့ဖြင့် ကောင်းကင်မှ မိုးတိမ်စီးလျက် ကြွလာသည်ကို လူတို့မြင်ကြရလိမ့်မည်။ မြန်မာ ထိုအခါ လူသားသည် ကြီးစွာသောဘုန်းတန်ခိုး အာနုဘော်ကို ဆောင်လျက်၊ မိုးတိမ်ကိုစီး၍ ကြွလာတော်မူသည်ကို မြင်ရကြလိမ့်မည်။- |
သခင်ယေရှုက ``ယောဟန်၏သားရှိမုန်၊ သင်သည် မင်္ဂလာရှိ၏။ ဤအကြောင်းကိုသာမန်လူတစ်ယောက် အနေဖြင့်သင်မသိနိုင်။ ကောင်းကင်ဘုံရှင်ငါ၏ ခမည်းတော်ကဖော်ပြတော်မူ၍သာသင်သိ သတည်း။-
လူသားသည်ခမည်းတော်၏ဘုန်းအသရေကို ဆောင်လျက်ကောင်းကင်တမန်များနှင့်အတူ ကြွလာတော်မူလတ္တံ့။ ထိုအခါလူအပေါင်းတို့ အားမိမိတို့၏အကျင့်အလျောက်အကျိုး အပြစ်ကိုဆပ်ပေးတော်မူလိမ့်မည်။-
အမှန်အကန်သင်တို့အားငါဆိုသည်ကားဤ အရပ်ရှိလူအချို့တို့သည် လူသားအားဘုရင် အဖြစ်နှင့်ကြွလာတော်မူသည်ကိုမမြင်မီ မသေရကြ'' ဟုမိန့်တော်မူ၏။
ထိုအခါလူသားကြွလာတော်မူမည့်နိမိတ် လက္ခဏာသည်မိုးကောင်းကင်တွင်ပေါ်ထွန်းလာ လိမ့်မည်။ မိုးတိမ်ကိုစီးလျက်ကြီးစွာသောဘုန်း တန်ခိုးတော်ဖြင့်လူသားကြွလာတော်မူသည်ကို ကမ္ဘာပေါ်ရှိလူအပေါင်းတို့သည်မြင်ကြသော အခါငိုကြွေးမြည်တမ်းကြလိမ့်မည်။-
``လူသားသည်ကောင်းကင်တမန်အပေါင်းခြံရံ လျက်ဘုရင်အဖြစ်ကြွလာတော်မူသောအခါ ပလ္လင်ပေါ်၌ထိုင်တော်မူလိမ့်မည်။-
သခင်ယေရှုက ``မှန်၏။ လူသားသည်အနန္တ တန်ခိုးရှင်၏လက်ယာဘက်၌ထိုင်လျက်နေသည် ကိုလည်းကောင်း၊ မိုးတိမ်စီး၍ကြွလာသည်ကို လည်းကောင်းသင်တို့မြင်ရကြလတ္တံ့'' ဟုမိန့် တော်မူ၏။-
ဘုရားတရားမဲ့၍ဆိုးသွမ်းသောဤခေတ်ဤ အခါ၌ မည်သူမဆိုငါနှင့်ငါ၏သြဝါဒ ကြောင့်ရှက်လျှင် လူသားသည်လည်းခမည်းတော် ၏ဘုန်းအသရေကိုဆောင်၍သန့်ရှင်းသော ကောင်းကင်တမန်တို့နှင့်ကြွလာသောအခါ ထိုသူကြောင့်ရှက်တော်မူလတ္တံ့'' ဟုသူတို့ အားမိန့်တော်မူ၏။
ထိုနောက်ကိုယ်တော်က ``အမှန်အကန်သင်တို့အား ငါဆိုသည်ကားတန်ခိုးအာဏာနှင့်တကွ ဘုရား သခင်၏နိုင်ငံတော်တည်သည်ကိုမမြင်မီ ဤ အရပ်ရှိလူအချို့တို့သည်မသေရကြ'' ဟု မိန့်တော်မူ၏။
ထိုအခါတိမ်ကိုစီး၍ကြီးစွာသောဘုန်း အသရေတော်ဆောင်လျက်လူသားကြွ လာတော်မူသည်ကိုမြင်ရကြလိမ့်မည်။-
ထိုသူတို့က ``ဂါလိလဲပြည်သားတို့၊ သင်တို့ သည်အဘယ်ကြောင့်ရပ်၍မိုးကောင်းကင်သို့ မျှော်ကြည့်နေကြသနည်း။ သင်တို့ထံမှ ကောင်းကင်ဘုံသို့ယူဆောင်ခြင်းကိုခံတော် မူသောသခင်ယေရှုသည် အဘယ်သို့ ကောင်းကင်ဘုံသို့တက်ကြွတော်မူသည်ကို သင်တို့မြင်ရကြ၏။ ဤနည်းအတိုင်းပင်ထို အရှင်သည်ပြန်လည်ကြွလာတော်မူလတ္တံ့'' ဟုဆိုကြ၏။
ကြွေးကြော်အမိန့်ပေးသံ၊ ကောင်းကင်တမန်မင်း ၏ဟစ်သံ၊ ဘုရားသခင်၏တံပိုးတော်မှုတ်သံကို ကြားရသောအခါ သခင်ဘုရားကိုယ်တော်တိုင် ကောင်းကင်ဘုံမှဆင်းသက်ကြွလာတော်မူလိမ့် မည်။ ခရစ်တော်ကိုယုံကြည်၍သေလွန်သူများ သည်ဦးစွာရှင်ပြန်ထမြောက်ကြလိမ့်မည်။-
ငါတို့အရှင်သခင်ယေရှုခရစ်တန်ခိုးတော် နှင့်ကြွလာတော်မူခြင်းအကြောင်းကိုသင်တို့ အားဖော်ပြရာ၌ ငါတို့သည်ပရိယာယ်နှင့် တီထွင်သောဒဏ္ဍာရီပုံပြင်များကိုပြောကြား နေခြင်းမဟုတ်။ ငါတို့ကားမိမိတို့ကိုယ်တိုင် ကိုယ်တော်၏ဘုန်းအာနုဘော်တော်ကိုဖူးမြင် ရကြသူများဖြစ်ပေသည်။-
ကြည့်ရှုလော့။ ကိုယ်တော်သည်မိုးတိမ်စီး၍ကြွ လာတော်မူလိမ့်မည်။ ကိုယ်တော်အားလှံဖြင့် ထိုးဖောက်ခဲ့သူများပါမကျန် လူအပေါင်း တို့သည်ကိုယ်တော်ကိုဖူးမြင်ကြရလိမ့်မည်။ ကမ္ဘာပေါ်ရှိလူမျိုးရှိသမျှတို့သည်ဝမ်း နည်းကြေကွဲကြလိမ့်မည်။ ထိုအတိုင်း ဖြစ်ပါစေသော။