ထာဝရဘုရားသည်ချစ်တတ်သောသဘော၊ သည်းခံတတ်သောသဘောရှိတော်မူ၍ ခိုင်မြဲသောမေတ္တာတော်နှင့်ကြွယ်ဝတော် မူ၏။
ရှင်မာကု 10:49 - Common Language Bible သခင်ယေရှုသည်ရပ်တန့်တော်မူလျက် ``သူ့ကို ခေါ်ခဲ့လော့'' ဟုမိန့်တော်မူ၏။ လူတို့သည်မျက်မမြင်အား ``အားမငယ်နှင့်။ ထလော့။ သင့်ကိုကိုယ်တော်ခေါ်တော်မူသည်'' ဟုဆိုကြ၏။ Garrad Bible ထို အ ခါ ယေ ရှု သည် ရပ် တန့် လျက် ခေါ် ခဲ့ ဟု အ မိန့် ရှိ တော် မူ သည့် အ လျောက် ခေါ် တော် မူ ပြီ။ အား ယူ၍ ထ လော့ ဟု မျက် မ မြင် အား ဆို လျက် ခေါ် ကြ သ ဖြင့်၊ Judson Bible ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတစ်ပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကို ခေါ်တော်မူသည်ဟု ဆိုကြ၏။- မြန်မာ့စံမီသမ္မာကျမ်း ထိုအခါ ယေရှုသည်ရပ်တန့်လျက်“သူ့ကိုခေါ်ခဲ့ကြလော့”ဟု မိန့်တော်မူ၏။ လူတို့သည်လည်း ထိုမျက်မမြင်ကိုခေါ်၍ “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်သည် သင့်ကိုခေါ်တော်မူ၏”ဟု ဆိုကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ယေရှုသည် အော်သံကို ကြားတော်မူသောအခါ ရပ်တော်မူ၍ “သူ့ကို ခေါ်ခဲ့လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့က “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်သည် သင့်ကို ခေါ်တော်မူသည်” ဟု ဆိုကြ၏။ မြန်မာ ယေရှုသည် ရပ်တော်မူလျက်၊ ထိုသူကိုခေါ်ခဲ့ဟု အမိန့်တော်ရှိ၏။ သူတစ်ပါးတို့သည် လူကန်းကိုခေါ်၍ မစိုးရိမ်နှင့်၊ ထလော့။ သင့်ကို ခေါ်တော်မူသည်ဟု ဆိုကြ၏။- |
ထာဝရဘုရားသည်ချစ်တတ်သောသဘော၊ သည်းခံတတ်သောသဘောရှိတော်မူ၍ ခိုင်မြဲသောမေတ္တာတော်နှင့်ကြွယ်ဝတော် မူ၏။
အို ဘုရားရှင်၊ ကိုယ်တော်ရှင်သည်ချစ်ခင်ကြင်နာတတ်သောဘုရား ဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်သည်အစဉ်အမြဲစိတ်ရှည် သည်းခံတော်မူပါ၏။ အစဉ်သနားလျက်သစ္စာရှိတော်မူပါ၏။
ထိုအခါလူတို့သည်လေဖြတ်သူလူတစ်ယောက် ကိုထမ်းစင်ထက်တင်၍ အထံတော်သို့ယူဆောင်ခဲ့ ကြ၏။ သခင်ယေရှုသည်ထိုသူတို့၏ယုံကြည် ခြင်းရှိပုံကိုမြင်တော်မူလျှင် လေဖြတ်သူအား ``ငါ့သားအားမငယ်နှင့်။ သင်၏အပြစ်ကိုဖြေ လွှတ်ပြီ'' ဟုမိန့်တော်မူ၏။
ထိုသူသည်မိမိ၏ခြုံထည်ကိုဘေးသို့ပစ်ချ လိုက်ပြီးနောက် ခုန်၍ထကာသခင်ယေရှုထံ တော်သို့လာလေ၏။
သို့ဖြစ်၍သခင်ယေရှုသည်ရပ်တန့်တော်မူ လျက် ``ထိုသူအားခေါ်ခဲ့ပါ'' ဟုမိန့်တော်မူ၏။ ထိုသူသည်အနီးသို့ရောက်လျှင်၊-
ဤသို့လျှောက်ထားပြီးလျှင်မာသသည်အိမ် သို့ပြန်၍ညီမမာရိကိုတိတ်တဆိတ်ခေါ် ပြီးနောက် ``ဆရာတော်ကြွလာတော်မူပြီ။ သင့်အားမေးလျက်နေသည်'' ဟုပြောကြား၏။-
ထို့ကြောင့်ကိုယ်တော်သည်လူတို့၏အပြစ်များ ကိုဖြေလွှတ်အံ့သောငှာကရုဏာ၊ သစ္စာနှင့် ပြည့်ဝသည့်ယဇ်ပုရောဟိတ်မင်းအဖြစ်ဖြင့် ဘုရားသခင်၏အမှုတော်ကိုဆောင်ရွက်နိုင် ရန် အရာရာ၌မိမိ၏ညီအစ်ကိုများနှင့် တူညီရပေသည်။-
ငါတို့၏ယဇ်ပုရောဟိတ်မင်းသည်ငါတို့၏ အားနည်းချက်များအတွက်မကြင်နာနိုင်သူ မဟုတ်။ ငါတို့နည်းတူစုံစမ်းသွေးဆောင်ခြင်း အမျိုးမျိုးကိုခံခဲ့ရသူဖြစ်တော်မူ၏။ သို့ ရာတွင်ကိုယ်တော်သည်အပြစ်ဒုစရိုက်နှင့် ကင်းလွတ်တော်မူ၏။-