Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ရှင်မာကု 10:49 - မြန်မာ

49 ယေ​ရှု​သည် ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို​ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ သူ​တစ်​ပါး​တို့​သည် လူ​ကန်း​ကို​ခေါ်၍ မ​စိုး​ရိမ်​နှင့်၊ ထ​လော့။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

Common Language Bible

49 သ​ခင်​ယေ​ရှု​သည်​ရပ်​တန့်​တော်​မူ​လျက် ``သူ့​ကို ခေါ်​ခဲ့​လော့'' ဟု​မိန့်​တော်​မူ​၏။ လူ​တို့​သည်​မျက်​မ​မြင်​အား ``အား​မ​ငယ်​နှင့်။ ထ​လော့။ သင့်​ကို​ကိုယ်​တော်​ခေါ်​တော်​မူ​သည်'' ဟု​ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

49 ထို အ ခါ ယေ ရှု သည် ရပ် တန့် လျက် ခေါ် ခဲ့ ဟု အ မိန့် ရှိ တော် မူ သည့် အ လျောက် ခေါ် တော် မူ ပြီ။ အား ယူ၍ ထ လော့ ဟု မျက် မ မြင် အား ဆို လျက် ခေါ် ကြ သ ဖြင့်၊

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

49 ယေ​ရှု​သည် ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို​ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ သူ​တစ်​ပါး​တို့​သည် လူ​ကန်း​ကို​ခေါ်၍ မ​စိုး​ရိမ်​နှင့်၊ ထ​လော့။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု ဆို​ကြ၏။-

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

49 ထိုအခါ ယေရှု​သည်​ရပ်တန့်​လျက်“သူ့​ကို​ခေါ်​ခဲ့​ကြ​လော့”​ဟု မိန့်​တော်မူ​၏။ လူ​တို့​သည်​လည်း ထို​မျက်မမြင်​ကို​ခေါ်​၍ “အားမငယ်​နှင့်။ ထ​လော့။ ကိုယ်တော်​သည် သင့်​ကို​ခေါ်​တော်မူ​၏”​ဟု ဆို​ကြ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

ခေတ်သစ်​မြန်မာ သမ္မာကျမ်း

49 ယေရှု​သည် အော်သံ​ကို ကြားတော်မူ​သောအခါ ရပ်တော်မူ​၍ “သူ့​ကို ခေါ်ခဲ့လော့” ဟု မိန့်တော်မူ၏။ ထိုအခါ လူတို့​က “အားမငယ်နှင့်။ ထလော့။ ကိုယ်တော်​သည် သင့်​ကို ခေါ်တော်မူသည်” ဟု ဆိုကြ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ




ရှင်မာကု 10:49
9 ပူးပေါင်းရင်းမြစ်များ  

လက်​ခြေ​သေ၍ အိပ်​ရာ​ပေါ်​မှာ တုံး​လုံး​နေ​သော သူ​တစ်​ယောက်​ကို အ​ထံ​တော်​သို့ ဆောင်​ခဲ့​ကြ၏။ ယေ​ရှု​သည် ထို​သူ​တို့၏ ယုံ​ကြည်​ခြင်း​ကို​မြင်​လျှင် လက်​ခြေ​သေ​သော​သူ​အား၊ ငါ့​သား၊ မ​စိုး​ရိမ်​နှင့်။ သင်၏​အ​ပြစ်​ကို လွတ်​စေ​ပြီ​ဟု မိန့်​တော်​မူ၏။-


ထို​သူ​သည် မိ​မိ​အ​ဝတ်​ကို ပစ်​ချ​ထား​ပြီး​လျှင်၊ ထ၍ ယေ​ရှု​ထံ​တော်​သို့​သွား၏။-


ယေ​ရှု​သည်​လည်း ရပ်​တော်​မူ​လျက်၊ ထို​သူ​ကို ခေါ်​ခဲ့​ဟု အ​မိန့်​တော်​ရှိ၏။ လူ​ကန်း​သည် အ​ထံ​တော်​သို့ ချဉ်း​ကပ်​ပြီး​မှ၊ သင်၌ အ​ဘယ်​သို့ ပြု​စေ​လို​သ​နည်း​ဟု မေး​တော်​မူ​လျှင်၊-


ထို​သို့​လျှောက်​ပြီး​မှ မာ​သ​သည်​သွား၍ မိ​မိ​ညီ​မ မာ​ရိ​အား၊ အ​ရှင်​ဘု​ရား ရောက်​လာ​တော်​မူ​ပြီ။ သင့်​ကို ခေါ်​တော်​မူ​သည်​ဟု တိတ်​ဆိတ်​စွာ​ခေါ်​လေ၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ