ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ၏။ လုံ့လဝိရိယပြုလျက် များစွာသော သုတ္တံစကားတို့ကို ရှာဖွေ၍စီရင်၏။
ရှင်မာကု 10:1 - Common Language Bible ထိုနောက်ကိုယ်တော်သည်ထိုအရပ်မှထွက်ခွာတော် မူ၍ ယုဒပြည်သို့ကြွတော်မူပြီးလျှင်ယော်ဒန် မြစ်ကိုကူးတော်မူ၏။ လူပရိသတ်တို့သည်အထံ တော်သို့တစ်ဖန်လာရောက်စုရုံးကြပြန်၏။ ကိုယ်တော် သည်အလေ့တော်ရှိသည့်အတိုင်းသူတို့အားဟော ပြောသွန်သင်တော်မူ၏။ Garrad Bible ထို အ ရပ် မှ ထွက်၍ ယု ဒ နယ် ယော် ဒန် မြစ် တစ် ဘက် နယ် များ သို့ ကြွ တော် မူ ရာ လူ အ မြောက် အ များ သည် ကိုယ် တော့် ထံ စု ရုံး ကြ ပြန် သ ဖြင့် အ လေ့ တော် အ တိုင်း ဒေ သ နာ ပေး တော် မူ ပြန် ၏။ Judson Bible ထိုအရပ်မှ ကိုယ်တော်သည် ထ၍ ယော်ဒန်မြစ်တစ်ဖက်ကို လျှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမဩဝါဒပေးတော်မူ၏။- မြန်မာ့စံမီသမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ထိုအရပ်မှထ၍ ယုဒနယ်ဆိုင်ရာအရပ်ဒေသနှင့် ဂျော်ဒန်မြစ်တစ်ဖက်ကမ်းသို့ကြွတော်မူရာ လူထုပရိသတ်တို့သည် အထံတော်သို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ပြုလေ့ရှိသည့်အတိုင်း သူတို့ကိုသွန်သင်တော်မူ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ထို့နောက် ကိုယ်တော်သည် ကပေရနောင်မြို့မှ ထွက်ခွာ၍ ယုဒပြည်သို့ ကြွတော်မူပြီးလျှင် ဂျော်ဒန်မြစ် တစ်ဖက်ကမ်းသို့ ကြွတော်မူ၏။ လူထုကြီးသည်လည်း ကိုယ်တော်ထံသို့ တစ်ဖန်စုဝေးလာကြ၏။ ကိုယ်တော်သည်လည်း ယခင်နည်းတူ သူတို့ကို ဟောပြောသွန်သင်တော်မူ၏။ မြန်မာ ထိုအရပ်မှ ကိုယ်တော်သည် ထ၍ ယော်ဒန်မြစ်တစ်ဖက်ကို လျှောက်သွားသဖြင့် ယုဒပြည်စွန်းသို့ ရောက်တော်မူ၏။ လူများတို့သည် အထံတော်၌စုဝေးပြန်၍၊ ထုံးစံရှိတော်မူသည်အတိုင်း တစ်ဖန် ဆုံးမဩဝါဒပေးတော်မူ၏။- |
ဓမ္မဒေသနာဆရာသည် ပညာရှိသည်အတိုင်း၊ ပရိသတ်တို့အား ပညာအတတ်ကို သွန်သင်လေ့ရှိ၏။ လုံ့လဝိရိယပြုလျက် များစွာသော သုတ္တံစကားတို့ကို ရှာဖွေ၍စီရင်၏။
သူတို့သည်ငါ့ကိုကျောခိုင်းကြ၏။ ငါသည် သူတို့အားဆက်လက်၍သွန်သင်ပါသော် လည်း သူတို့သည်နားမထောင်လိုကြ။ ဆုံးမပဲ့ပြင်မှုကိုမခံယူလိုကြ။-
ထိုနောက်ကိုယ်တော်ကလူပရိသတ်တို့အား``သင် တို့သည်ဋ္ဌားပြကိုဖမ်းသကဲ့သို့ငါ့ကိုဖမ်းရန် တုတ်များဋ္ဌားများနှင့်လာကြသလော။ ငါသည် နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင်ထိုင်၍ဟောပြော သွန်သင်နေစဉ်အခါသင်တို့သည်ငါ့ကိုမဖမ်း မဆီးခဲ့ကြ။-
ကိုယ်တော်သည်ဂါလိလဲပြည်တစ်လျှောက်လုံး ကြွတော်မူလျက်တရားဇရပ်များတွင်သွန် သင်တော်မူ၏။ နိုင်ငံတော်အကြောင်းသတင်း ကောင်းကိုဟောပြောတော်မူ၏။-
ကိုယ်တော်နှင့်တပည့်တော်တို့သည် ကပေရနောင်မြို့သို့ ရောက်လာကြ၏။ ဥပုသ်နေ့၌သခင်ယေရှုသည် တရားဇရပ်သို့ဝင်၍ဟောပြောသွန်သင်တော်မူ၏။-
ထိုအခါဖာရိရှဲတို့သည်အထံတော်သို့လာ ၍ ``လူတစ်စုံတစ်ယောက်သည်မိမိ၏မယားနှင့် ကွာရှင်းအပ်ပါသလော'' ဟုပရိယာယ်ဆင်၍ မေးလျှောက်ကြ၏။
သခင်ယေရှုသည်ဗိမာန်တော်တွင်ဟောပြော သွန်သင်လျက်နေတော်မူစဉ် ``မေရှိယသည် ဒါဝိဒ်၏သားမြေးဖြစ်သည်ဟုအဘယ် ကြောင့်ကျမ်းတတ်ဆရာတို့ဆိုကြသနည်း။
ငါသည်နေ့စဉ်နေ့တိုင်းဗိမာန်တော်တွင် သင်တို့ ရှေ့မှာဟောပြောသွန်သင်ခဲ့၏။ သင်တို့ငါ့ကို မဖမ်းမဆီးခဲ့ကြ။ သို့ရာတွင်ကျမ်းစာလာ သည်အတိုင်းဖြစ်ပျက်ရမည်'' ဟုထိုသူတို့ အားမိန့်တော်မူ၏။
ကိုယ်တော်သည်ဂါလိလဲအိုင်ကမ်းခြေသို့တစ်ဖန် ကြွတော်မူပြန်၏။ လူအပေါင်းတို့သည်ကိုယ်တော် ထံသို့လာကြသဖြင့် ကိုယ်တော်သည်သူတို့ကို ဟောပြောသွန်သင်တော်မူ၏။-
ကိုယ်တော်ကပုံဥပမာဆောင်၍များစွာသော အကြောင်းအရာများကိုသွန်သင်တော်မူ၏။-
ဥပုသ်နေ့၌ကိုယ်တော်သည်တရားဇရပ်တွင် ဟောပြောသွန်သင်တော်မူ၏။ ကိုယ်တော်၏သွန် သင်ချက်ကိုကြားသောအခါ -လူအပေါင်းတို့ သည်အံ့သြကြ၏။ ``ဤသူသည်ဤပညာကို အဘယ်မှာရရှိသနည်း။ သူရရှိသည့်ပညာ ကားအဘယ်ပညာနည်း။ ဤနိမိတ်လက္ခဏာများ ကိုအဘယ်သို့ပြနိုင်သနည်း။-
ကိုယ်တော်သည်လှေမှတက်တော်မူသောအခါ လူထုကြီးကိုမြင်တော်မူ၏။ သိုးထိန်းမဲ့သည့် သိုးများကဲ့သို့ဖြစ်နေကြသဖြင့် သူတို့ကို သနားတော်မူ၏။ သို့ဖြစ်၍များစွာသောတရား စကားများကို သူတို့အားဟောပြောသွန်သင် တော်မူ၏။-
ကိုယ်တော်သည်ထိုသူတို့ယုံကြည်ခြင်းကင်းမဲ့ ကြသည်ကိုအံ့သြတော်မူ၏။ ထို့နောက်သခင်ယေရှုသည်အနီးအနားရှိ ကျေးရွာများသို့သွား၍ဟောပြောသွန်သင် တော်မူ၏။
ကိုယ်တော်သည်ယော်ဒန်မြစ်တစ်ဖက်ကမ်းရှိ ယခင်ယောဟန်ဗတ္တိဇံင်္မဂလာပေးရာအရပ် သို့ပြန်လည်ကြွသွားတော်မူ၍ထိုအရပ် တွင်နေတော်မူ၏။-
ထိုနောက်ကိုယ်တော်က ``ယုဒပြည်သို့ငါတို့ တစ်ဖန်သွားကြကုန်အံ့'' ဟုတပည့်တော်တို့ အားမိန့်တော်မူ၏။
သခင်ယေရှုက ``ငါသည်လူအပေါင်းတို့ရှေ့ တွင်အစဉ်ပင်ပွင့်လင်းစွာဟောပြောသွန်သင် ခဲ့၏။ ယုဒအမျိုးသားအပေါင်းတို့စုဝေးရာ ဖြစ်သောတရားဇရပ်များနှင့်ဗိမာန်တော်တွင် ငါဟောပြောသွန်သင်ခဲ့၏။ အဘယ်အခါ၌ မျှလျှို့ဝှက်စွာမဟောပြောခဲ့။-