သို့ရာတွင်နောင်နှစ်ဤအချိန်ခန့်၌စာရာမွေး ဖွားမည့် သင်၏သားဣဇာက်၌လည်းငါ၏ပဋိညာဉ် ကိုတည်စေမည်'' ဟုမိန့်တော်မူ၏။-
ရောမ 9:9 - Common Language Bible ဘုရားသခင်က``အချိန်တန်သောအခါငါလာ ခဲ့မည်။ စာရာသည်သားယောကျာ်းကိုဖွားမြင် လိမ့်မည်'' ဟုအာဗြဟံအားကတိထားတော် မူသတည်း။ Judson Bible ကတိတော်အချက်ဟူမူကား၊ ယခုမှစ၍ ကာလအချိန်စေ့သောအခါ၊ ငါလာ၍ စာရာသည် သားကိုရလိမ့်မည်ဟု လာသတည်း။- မြန်မာ့စံမီသမ္မာကျမ်း အဘယ်ကြောင့်ဆိုသော် ကတိတော်စကားမှာ “ဤသို့သောအချိန်အခါတွင် ငါလာခဲ့ဦးမည်။ စာရာသည်လည်း သားတစ်ဦးကိုရရှိလိမ့်မည်”ဟူ၍ ဖြစ်၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ဘုရားသခင်၏ ကတိတော်စကားမှာ “နှောင်နှစ် ဤသို့သောအချိန်တွင် ငါပြန်လာမည်။ စာရာသည် သားကို မွေးဖွားလိမ့်မည်” ဟူ၍ ဖြစ်၏။ |
သို့ရာတွင်နောင်နှစ်ဤအချိန်ခန့်၌စာရာမွေး ဖွားမည့် သင်၏သားဣဇာက်၌လည်းငါ၏ပဋိညာဉ် ကိုတည်စေမည်'' ဟုမိန့်တော်မူ၏။-
တစ်ယောက်သောဧည့်သည်က``ယခုမှစ၍ကိုးလ ကြာသောအခါ ငါပြန်လာဦးမည်။ ထိုအချိန်၌ သင်၏မယားစာရာ၌သားဖွားလိမ့်မည်'' ဟု ဆိုလေ၏။ ထိုအချိန်၌စာရာသည် ထိုသူ၏နောက်ကွယ် တဲဝမှာနေ၍ နားထောင်လျက်ရှိ၏။-
ထာဝရဘုရားမတတ်နိုင်သောအရာဟူ၍ရှိ ပါသလော။ ငါပြောခဲ့ပြီးသည့်အတိုင်းနောက် ကိုးလကြာလျှင် ငါပြန်လာဦးမည်။ ထိုအခါ စာရာသည်သားကိုရလိမ့်မည်'' ဟုအာဗြဟံ အားမိန့်တော်မူ၏။
အာဗြဟံအသက်အရွယ်ကြီးရင့်သည့်အခါ ၌ စာရာသည်ကိုယ်ဝန်ဆောင်၍သားကိုဖွားမြင် လေ၏။ ဘုရားသခင်သတ်မှတ်သောအချိန်၌ ထိုသားကိုဖွားမြင်၏။-
သို့ဖြစ်၍ယခုသင်တို့အားငါဆိုသည်ကား ဤသူတို့ကိုအရေးမယူကြနှင့်။ သူတို့ ဘာသာနေပါစေ။-
အာဗြဟံသည်ဘုရား၏စမ်းသပ်စစ်ဆေးခြင်း ကိုခံရသောအခါယုံကြည်ခြင်းအားဖြင့် သား ဣဇာက်ကိုယဇ်ကောင်အဖြစ်ပူဇော်လေသည်။ ``သင်၏အမျိုးအနွယ်ကိုဣဇာက်မှဆင်းသက် ပေါက်ပွားစေမည်'' ဟူသောဘုရားသခင်၏ ကတိတော်ကို သူသည်ခံယူရရှိခဲ့သော်လည်း မိမိ၏တစ်ဦးတည်းသောသားကိုပူဇော်ရန် အသင့်ရှိပေသည်။-