ကမ္ဘာဦး 21:2 - Common Language Bible2 အာဗြဟံအသက်အရွယ်ကြီးရင့်သည့်အခါ ၌ စာရာသည်ကိုယ်ဝန်ဆောင်၍သားကိုဖွားမြင် လေ၏။ ဘုရားသခင်သတ်မှတ်သောအချိန်၌ ထိုသားကိုဖွားမြင်၏။- အခန်းကိုကြည့်ပါ။Garrad Bible2 စာ ရာ သည် သ န္ဓေ ရ ရှိ ၍ ဘု ရား သ ခင် မိန့် တော် မူ ခဲ့ သော အ ခါ သ မ ယ၌ အာ ဗြ ဟံ အ သက် ကြီး ရင့် မှ သူ ဖြင့် သား ယောက်ျား ကို ရ လေ ၏။ အခန်းကိုကြည့်ပါ။Judson Bible2 စာရာသည်ပဋိသန္ဓေစွဲယူ၍၊ ဘုရားသခင်အမိန့်တော်နှင့် ချိန်းချက်သောအချိန်၌၊ အာဗြဟံအသက်ကြီးသောအခါ၊ သူ့အားသားကိုဖွားလေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း2 စာရာသည် ကိုယ်ဝန်ဆောင်၍ အာဗြဟံအားဘုရားသခင်ကတိပေးတော်မူသောအချိန်၌ အသက်ကြီးသောအာဗြဟံအတွက် သားတစ်ယောက်ကို မွေးဖွားလေ၏။ အခန်းကိုကြည့်ပါ။ |
ထို့အပြင်ဘုရားသခင်သည်မိမိပြုတော် မူခဲ့သောပဋိညာဉ်တော်၏အမှတ်လက္ခဏာ တစ်ရပ်အနေဖြင့် အရေဖျားလှီးခြင်းမင်္ဂလာ ကိုအာဗြဟံအားအပ်ပေးတော်မူ၏။ သို့ဖြစ်၍ အာဗြဟံသည်သားဣဇာက်ကိုရပြီးနောက် ရှစ်ရက်မြောက်သောနေ့၌ သူ့အားအရေဖျား လှီးမင်္ဂလာကိုပေးလေ၏။ ထိုနည်းတူဣဇာက် သည်သားယာကုပ်ကိုလည်းကောင်း၊ ယာကုပ် သည်သားတစ်ဆယ့်နှစ်ယောက်ကိုလည်းကောင်း၊ အရေဖျားလှီးမင်္ဂလာကိုပေး၏။ ယာကုပ် ၏သားများကားလူမျိုး၏အဖတစ်ဆယ့် နှစ်ပါးတည်း။