လူတို့သည်ကိုယ်တော်ရှင်၏တရားတော်ကို မလိုက်နာကြသဖြင့် ကွန်တော်မျိုး၏မက်ရည်မားသည်မြစ်ရေ ကဲ့သို့ စီးဆင်းလက်ရှိပါ၏။
ရောမ 9:2 - Common Language Bible ငါ၏စိတ်နှလုံးသည်ငါ၏အမျိုးသား၊ ငါ ၏သားချင်းတို့အတွက်ဝမ်းနည်းပူဆွေးလျက် အခါမလပ်ပြင်းပြသောဝေဒနာကိုခံ စားလျက်ရှိ၏။ သူတို့၏အကျိုးငှာငါ သည်ဘုရားသခင်၏ကျိန်စာသင့်တော်မူ ခြင်းကိုလည်းကောင်း၊ ခရစ်တော်နှင့်ကွဲကွာ မှုကိုလည်းကောင်းခံလိုသောဆန္ဒရှိ၏။- Judson Bible ငါသည် အလွန်ဝမ်းနည်းခြင်းရှိ၏။ စိတ်နှလုံးထဲ၌ မခြားမလပ် ပူပန်ခြင်းဝေဒနာရှိ၏။- မြန်မာ့စံမီသမ္မာကျမ်း ငါ၌အလွန်ဝမ်းနည်းခြင်းရှိ၍ ငါ၏စိတ်နှလုံးထဲတွင် အမြဲမပြတ်ပူပန်ခြင်းဝေဒနာရှိ၏။ |
လူတို့သည်ကိုယ်တော်ရှင်၏တရားတော်ကို မလိုက်နာကြသဖြင့် ကွန်တော်မျိုး၏မက်ရည်မားသည်မြစ်ရေ ကဲ့သို့ စီးဆင်းလက်ရှိပါ၏။
ယေရုရှလင်မြို့ကိုချစ်မြတ်နိုးသူအပေါင်း တို့၊ သူနှင့်အတူအားရရွှင်လန်းကြလော့။ သူ၏အတွက်ဝမ်းမြောက်ကြလော့။ ထိုမြို့အတွက်ဝမ်းနည်းကြေကွဲနေခဲ့သူ အပေါင်းတို့၊ ယခုပင်သူနှင့်အတူအားရရွှင်လန်းကြလော့။
အကယ်၍သင်တို့နားမထောင်ကြပါမူ ငါသည်သင်တို့၏မာန်မာနထောင်လွှားမှု အတွက် ကြိတ်၍ငိုကြွေးမည်။ ငါသည်ဝမ်းနည်းပက်လက်ငိုကြွေးမည်။ ထာဝရဘုရား၏သိုးစုတော်သည်ဖမ်းဆီး ခေါ်ဆောင် သွားခြင်းကိုခံရပြီဖြစ်၍ငါ့မျက်ရည်စီး ကျမည်။
ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
သူသည်အနီးအနားမှဖြတ်သန်းသွားလာသူ အပေါင်းတို့အားအော်ပြောသည်မှာ ``ငါ့ကိုကြည့်ကြပါ။ ငါခံရသောဝေဒနာ မျိုးကို အဘယ်သူမျှမခံရဘူးပါ။ ဤကဲ့သို့သောဝေဒနာမျိုးရှိဖူးပါသလော။ ထိုဝေဒနာသည်ထာဝရဘုရား အမျက်တော်ထွက်၍ငါ့အားခံစားစေသည့် ဝေဒနာဖြစ်ပါ၏။''
မိမိ၏မြို့မှအမျိုးသမီးများ၏အဖြစ်ဆိုး ကြောင့် ကျွန်တော်မျိုး၏စိတ်နှလုံးကြေကွဲ၍နေပါ၏။
``သင်သည်ယေရုရှလင်မြို့တစ်လျှောက်လုံး တွင်လှည့်လည်ကာ ယခုလူတို့ပြုကျင့်လျက် ရှိသောစက်ဆုပ်ဖွယ်ရာအမှုများကြောင့် ညည်းတွားမြည်တမ်းနေသူမှန်သမျှ၏ နဖူးတွင် အမှတ်သညာကိုရေးမှတ်လော့'' ဟုမိန့်တော်မူ၏။
ညီအစ်ကိုတို့၊ ငါသည်မိမိ၏အမျိုးသား များကယ်တင်ခြင်းခံရစေရန်စိတ်နှလုံး အကြွင်းမဲ့လိုလားတောင့်တလျက် ဘုရား သခင်၏ထံတော်သို့ဆုတောင်း၏။-
ငါသည်ခရစ်တော်၏တပည့်ဖြစ်၍မှန် သောစကားကိုယခုငါပြော၏။ လိမ်လည် ၍မပြော။ ငါသည်မှန်သောစကားကိုပြော ကြောင်းသန့်ရှင်းသောဝိညာဉ်တော်၏အုပ်စိုး မှုကိုခံသောငါ၏သြတ္တပ္ပစိတ်ကလည်း သက်သေခံ၏။-
ဤအချက်ကိုကြိမ်ဖန်များစွာငါဖော်ပြဖူးလေပြီ။ ယခုလည်းမျက်ရည်ဖြင့်ထပ်မံ၍ဖော်ပြ၏။ ခရစ်တော် လက်ဝါးကပ်တိုင်ပေါ်၌ အသေခံတော်မူခြင်းတရား တော်နှင့်ဆန့်ကျင်၍ပြုကျင့်သူလူအများပင် ရှိပေသည်။-
ငါ၏သက်သေခံနှစ်ပါးအားငါစေလွှတ် မည်။ သူတို့သည်လျှော်တေအဝတ်ကိုဝတ်၍ ရက်ပေါင်းတစ်ထောင်နှစ်ရာခြောက်ဆယ်တိုင် တိုင် ဗျာဒိတ်တော်ကိုဟောကြားကြလိမ့် မည်'' ဟုဆို၏။
ရှမွေလသည်အသက်ရှင်သမျှကာလပတ် လုံး နောင်အဘယ်အခါမျှမင်းကြီးနှင့်မတွေ့ ရတော့ချေ။ သို့ရာတွင်သူသည်ရှောလုအတွက် များစွာဝမ်းနည်းမိ၏။ ထာဝရဘုရားသည် လည်းရှောလုအား ဣသရေလဘုရင်အဖြစ် ခန့်ထားမိခဲ့သည့်အတွက်စိတ်မချမ်းမသာ ဖြစ်တော်မူ၏။