ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
ရောမ 2:7 - Common Language Bible အကျင့်ကောင်းကိုဆက်လက်ပြုကျင့်လျက် ဘုန်းအသရေကိုလည်းကောင်း၊ ဂုဏ်အသရေ ကိုလည်းကောင်း၊ သေခြင်းကင်းသောဘဝကို လည်းကောင်းရှာသောသူတို့အား ဘုရားသခင် သည်ထာဝရအသက်ကိုပေးတော်မူလိမ့်မည်။- Garrad Bible ဘုန်း ပွင့် ခြင်း၊ အ သ ရေ ရှိ ခြင်း၊ သင်္ခါ ရ ကင်း ခြင်း အ ဖြစ် ကို ရှာ သော သူ တို့ အား ထာ ဝ ရ အ သက် ကိုလည်းကောင်း၊ Judson Bible ကောင်းသောအကျင့်ကို အမြဲကျင့်၍၊ ဘုန်းအသရေကိုလည်းကောင်း၊ မဖောက်ပြန်သော ဇာတိကိုလည်းကောင်း၊ ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလတ္တံ့၊- မြန်မာ့စံမီသမ္မာကျမ်း ကောင်းသောအမှုကို ဇွဲလုံ့လဖြင့်ပြုလျက် ဘုန်းတော်၊ ဂုဏ်တော်နှင့် ဖောက်ပြန်ပျက်စီးခြင်းနှင့်ကင်းသောအရာတို့ကိုရှာဖွေသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။ ခေတ်သစ်မြန်မာ သမ္မာကျမ်း ကောင်းမှုကို အစဉ်တစိုက်ပြု၍ ဘုန်းအသရေ၊ ဂုဏ်အသရေနှင့် မပျက်စီးမယိုယွင်းသောဘဝကို ရှာသောသူတို့အား ထာဝရအသက်ကို ပေးတော်မူလိမ့်မည်။ |
ဖြောင့်မတ်သော သူတို့သည်လည်း တည်ကြည်ခြင်း၊ လက်စင်ကြယ်သောသူတို့သည် ခွန်အားတိုးပွါးခြင်း ရှိကြလိမ့်မည်။
ထာဝရဘုရားအားကိုးစားလော့။ စိတ်မပျက်နှင့်၊ယုံကြည်ခြင်းရှိလော့။ ထာဝရဘုရားအားကိုးစားလော့။
ထာဝရဘုရားကိုကိုးစားလျက် အကျင့်ကောင်းကိုပြုကျင့်လော့။ ပြည်တော်တွင်လုံခြုံစွာနေလော့။
ထာဝရဘုရားကိုမျှော်ကိုးလျက်ပညတ်တော် တို့ကို စောင့်ထိန်းလော့။ ကိုယ်တော်သည်သင့်အားပြည်တော်ကို ပိုင်ဆိုင်ရသောအခွင့်နှင့်ချီးမြှင့်တော်မူ လိမ့်မည်။ သင်သည်သူယုတ်မာတို့ပြည်နှင်ဒဏ် သင့်ကြသည်ကိုမြင်ရလိမ့်မည်။
သူသည်ဆိုးညစ်မှုကိုရှောင်ရှား၍အတိုး အမြတ်ရရန်ငွေကိုမချေး။ ငါ၏ပညတ် တော်များကိုစောင့်ထိန်း၍ငါ၏အမိန့်တော် တို့ကိုလိုက်နာ၏။ ထိုသူသည်ဖခင်၏အပြစ် ကြောင့်သေရမည်မဟုတ်။ သူသည်မုချ အသက်ရှင်လိမ့်မည်။-
ထို့ကြောင့်ထိုသူတို့သည်ထာဝရအပြစ်ဒဏ်ခံ ရကြလိမ့်မည်။ သူတော်ကောင်းတို့မူကားထာဝရ ချမ်းသာသို့ဝင်စားရကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
သင်တို့သည်ကြံ့ကြံ့ခံနိုင်ရည်ရှိကြလော့။ သို့ပြုလျှင်ကယ်တင်ခြင်းခံရကြလိမ့်မည်။
မြေကောင်းမြေသန့်တွင်ကျသောမျိုးစေ့မူကား နှုတ်ကပတ်တော်ကိုကြားပြီးနောက် ရိုးဖြောင့် ကောင်းမွန်သောစိတ်နှလုံးတွင်စွဲမြဲစွာခံယူ ကာအသီးသီးသူများကိုဆိုလိုသတည်း။
ရိတ်သူသည်အခကိုခံယူ၍ထာဝရအသက် ဆိုင်ရာသီးနှံများကိုရိတ်သိမ်း၏။ သို့ဖြစ်၍ စိုက်သူနှင့်ရိတ်သူတို့သည် အတူတကွရွှင်လန်း ဝမ်းမြောက်ကြလိမ့်မည်။-
သင်တို့သည်အချင်းချင်းချီးမွမ်းဂုဏ်ပြုခြင်း ကိုခံလိုကြ၏။ သို့ရာတွင်တစ်ဆူတည်းရှိတော် မူသောဘုရားသခင်၏ချီးမွမ်းဂုဏ်ပြုခြင်း ကိုခံရန်ကိုမူမကြိုးစားကြ။ သို့ဖြစ်၍သင် တို့သည်ငါ့ကိုအဘယ်သို့ယုံကြည်နိုင်ကြ မည်နည်း။-
သို့ရာတွင်ဦးစွာယုဒလူ၊ ထို့နောက်လူမျိုး ခြားတို့အနက်သုစရိုက်ကိုပြုသူတို့အား ဘုရားသခင်သည်ဘုန်းအသရေကိုလည်း ကောင်း၊ ငြိမ်သက်ခြင်းကိုလည်းကောင်းခံစား စေတော်မူလိမ့်မည်။-
အပြစ်တရား၏အခကားသေခြင်းဖြစ်၏။ သို့ရာတွင်ဘုရားသခင်အခမဲ့ပေးတော် မူသောဆုကျေးဇူးတော်ကား ငါတို့၏အရှင် ယေရှုခရစ်နှင့်တစ်လုံးတစ်ဝတည်းဖြစ်ခြင်း အားဖြင့်ရရှိသောထာဝရအသက်ပေတည်း။
ယခုမျက်မှောက်ကာလ၌ငါတို့ခံရကြသည့် ဒုက္ခဆင်းရဲကိုနောင်အခါ၌ ငါတို့အားပေါ် လွင်ထင်ရှားမည့်ဘုန်းအသရေတော်နှင့်နှိုင်း ယှဉ်၍မရဟုငါယုံကြည်၏။-
ထို့အပြင်ကိုယ်တော်သည်မိမိကရုဏာထား တော်မူသောငါတို့အား မိမိ၏ကြွယ်ဝသော ဘုန်းအသရေတော်ကိုဖူးမြင်စေရန်လည်း အလိုရှိတော်မူ၏။ ကိုယ်တော်၏ဘုန်းအသရေ တော်ကိုခံစားခွင့်ရစေရန်ကိုယ်တော်ပြင်ဆင် ထားသူများဖြစ်ကြသော ငါတို့အားထို ကြွယ်ဝသောဘုန်းအသရေကိုခံစားစေ တော်မူ၏။-
ထိုနည်းတူသေလွန်သူတို့ရှင်ပြန်ထမြောက်ခြင်း သည်ဤအတိုင်းဖြစ်၏။ ကိုယ်ခန္ဓာသည်မြေ၌မြှုပ်နှံ ခြင်းခံရသောအခါပုပ်ပျက်တတ်သောအဖြစ် တွင်ရှိ၏။ ရှင်ပြန်ထမြောက်သောအခါ၌မပုပ် မပျက်တတ်သောအဖြစ်တွင်ရှိလိမ့်မည်။-
ညီအစ်ကိုတို့၊ သင်တို့အားငါပြောလိုသည်မှာ လူ့အသွေးအသားသည်ဘုရားသခင်၏နိုင်ငံ တော်ကိုမခံမယူနိုင်။ ပုပ်ပျက်တတ်သောအရာ သည်လည်းမပုပ်မပျက်တတ်သောအဖြစ်ကို မခံမယူနိုင်။
သို့ဖြစ်၍ချစ်သောညီအစ်ကိုတို့၊ ကြံ့ခိုင်စွာ ရပ်တည်ကြလော့။ သခင်ဘုရား၏အမှုတော် ကိုဆောင်ရွက်ခြင်းသည်ဘယ်အခါ၌မျှ အချည်းနှီးမဖြစ်ကြောင်းသိမှတ်ကာ အမှုတော်ကိုအစဉ်အမြဲဆောင်ရွက်ကြ လော့။
သို့ဖြစ်၍ငါတို့သည်အားမလျော့စိတ်မပျက်ဘဲ ကောင်းသောအကျင့်ကိုကျင့်ကြကုန်အံ့။ ယင်းသို့ အားမလျော့စိတ်မပျက်ကြပါမူ ငါတို့သည် အချိန်တန်သောအခါအသီးအနှံကိုရိတ် သိမ်းရလိမ့်မည်။-
အဘယ်အခါ၌မျှမပျက်မပြယ်နိုင်သည့် မေတ္တာဖြင့် ငါတို့သခင်ယေရှုခရစ်အားချစ် ကြကုန်သောလူအပေါင်းတို့အပေါ်သို့ ဘုရားသခင်၏ကျေးဇူးတော်သက်ရောက် ပါစေသော။ ဧဖက်သြဝါဒစာပြီး၏။
ဘုရားသခင်၏အကြံအစည်တော်မှာလူမျိုး တကာတို့အတွက်ကြွယ်ဝ၍ ဘုန်းအသရေနှင့် ပြည့်စုံသောနက်နဲသည့်အရာအကြောင်းကို မိမိ လူစုတော်အားသိစေရန်ပင်ဖြစ်၏။ ဤနက်နဲ သောအရာကားခရစ်တော်သည်သင်တို့စိတ် အတွင်း၌ကျိန်းဝပ်တော်မူကြောင်းပင်ဖြစ်၏။ တစ်နည်းအားဖြင့်ဆိုသော်သင်တို့သည်ဘုရား သခင်နှင့်အတူဘုန်းအသရေတော်ကို ခံစားရမည်ဖြစ်ကြောင်းတည်း။-
ထာဝရဘုရင်ဖြစ်တော်မူသော၊ သင်္ခါရ သဘောတရားနှင့်ကင်းတော်မူသော၊ လူ တို့မျက်စိဖြင့်မမြင်နိုင်သော၊ တစ်ဆူတည်း ရှိတော်မူသောဘုရားသခင်သည်ကမ္ဘာ အဆက်ဆက်ဂုဏ်အသရေနှင့်ဘုန်းအာနု ဘော်တော်ရှိတော်မူစေသတည်း။ အာမင်။
သို့ရာတွင်ယခုအခါငါတို့၏ကယ်တင် ရှင်ခရစ်တော်ယေရှုကြွလာတော်မူခြင်း အားဖြင့် ထိုကျေးဇူးတော်သည်ပေါ်လွင် ထင်ရှားလာလေပြီ။ ကိုယ်တော်သည်သေ ခြင်းတရားကိုပယ်ရှားတော်မူပြီးလျှင် သတင်းကောင်းအားဖြင့် သင်္ခါရကင်းခြင်း တရားကိုပေါ်လွင်ထင်ရှားစေတော် မူသတည်း။
ကိုယ်တော်သည်သူ့အားကာလအနည်းငယ်မျှ ကောင်းကင်တမန်တို့ထက်နိမ့်ကျစေတော်မူ၍ ဘုန်းအသရေ၊ဂုဏ်ကျက်သရေနှင့် ပြည့်ဝစေတော်မူပါ၏။
အဘယ်အခါ၌မျှပျင်းရိသူများမဖြစ် စေလို။ ယုံကြည်၍သည်းခံနိုင်မှုရှိသဖြင့် ဘုရားသခင်ကတိထားတော်မူသော ကျေးဇူးများကိုခံယူကြသူများနည်း တူပြုမူကျင့်ကြံစေလို၏။
အာဗြဟံသည်စိတ်ရှည်စွာစောင့်ဆိုင်းနေခဲ့ သဖြင့် ကတိတော်အတိုင်းခံစားရလေသည်။-
ဤကားငါတို့အားခရစ်တော်ကိုယ်တော်တိုင် ကတိထားတော်မူသောထာဝရအသက် ပေတည်း။