ကိုယ်တော်ရှင်သည်အကျွန်ုပ်၏ရှေ့မှရန်သူများကို ထွက်ပြေးစေတော်မူပါ၏။ အကျွန်ုပ်သည်မိမိကိုမုန်းသောသူတို့အား သုတ်သင်ဖျက်ဆီးခွင့်ကိုရပါ၏။
ရောမ 16:4 - Common Language Bible သူတို့သည်ငါ၏အတွက်သက်စွန့်ကြိုးပမ်း ဆောင်ရွက်ခဲ့ကြသူများဖြစ်ကြ၏။ သူတို့အား ငါတစ်ဦးတည်းသာမကလူမျိုးခြားတို့၏ အသင်းတော်အပေါင်းတို့ကလည်းကျေးဇူးတင် ကြ၏။- Garrad Bible ငါ့ အ တွက် ကိုယ့် အ သက် ကို စွန့် စား သည့် အ လျောက်၊ ထို သူ တို့ ကျေး ဇူး ကို ငါ သာ မ ဟုတ်။ လူ မျိုး ခြား အ သင်း တော် ရှိ သ မျှ တို့ ချီး မွမ်း ကြ၏။ Judson Bible ထိုသူတို့သည် ငါ့အသက်အဖို့ မိမိတို့လည်ပင်းကို ချထားသောသူဖြစ်ကြ၏။ သူတို့ကျေးဇူးရှိသည်ဟု ငါတစ်ယောက်တည်းသာ ဝန်ခံသည်မဟုတ်။ တစ်ပါးအမျိုးသား အသင်းတော်အပေါင်းတို့သည် ဝန်ခံကြ၏။- မြန်မာ့စံမီသမ္မာကျမ်း သူတို့သည် ငါ့အသက်ကို လည်စင်းခံ၍စောင့်ရှောက်ပေးသူများဖြစ်ကြ၏။ ငါတစ်ဦးတည်းသာမက လူမျိုးခြားတို့၏အသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်လျက်ရှိကြ၏။ ခေတ်သစ်မြန်မာ သမ္မာကျမ်း သူတို့သည် ကျွန်ုပ်အတွက် သက်စွန့်ကြိုးပမ်းဆောင်ရွက်ခဲ့ကြသူများ ဖြစ်ကြ၏။ ကျွန်ုပ်တစ်ဦးတည်းသာမက လူမျိုးခြားအသင်းတော်အပေါင်းတို့သည်လည်း သူတို့ကို ကျေးဇူးတင်ကြ၏။ |
ကိုယ်တော်ရှင်သည်အကျွန်ုပ်၏ရှေ့မှရန်သူများကို ထွက်ပြေးစေတော်မူပါ၏။ အကျွန်ုပ်သည်မိမိကိုမုန်းသောသူတို့အား သုတ်သင်ဖျက်ဆီးခွင့်ကိုရပါ၏။
သို့ဖြစ်၍ထာဝရဘုရားက``သင်တို့ဘေး ဒုက္ခရောက်စေရန်ငါစီရင်မည်။ ထိုဘေးဒုက္ခ မှသင်တို့လွတ်မြောက်နိုင်လိမ့်မည်မဟုတ်။ သင်တို့သည်ဒုက္ခနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါသင်တို့သည်မောက်မာကြွားဝါ နိုင်ကြလိမ့်မည်မဟုတ်။-
မိမိ၏မိတ်ဆွေအတွက်အသက်ကိုစွန့်သော မေတ္တာထက်ကြီးမြတ်သည့်မေတ္တာမရှိတော့ ပြီ။-
ပေါလုနှင့်ဗာနဗတို့သည်ကား ကျွန်ုပ်တို့ သခင်ယေရှုခရစ်၏အမှုတော်ကို သက်စွန့် ကြိုးပမ်းဆောင်ရွက်ခဲ့သူများပင်တည်း။-
ပေါလုသည်ထိုအရပ်မှရှုရိပြည်နှင့်ကိလိ ကိပြည်သို့သွားရောက်၍အသင်းတော်ကို ခိုင်ခံ့စေ၏။
သို့ဖြစ်၍အသင်းတော်တို့၏ယုံကြည်ခြင်း ပိုမိုခိုင်မြဲလာလျက် နေ့စဉ်နေ့တိုင်းအရေ အတွက်အားဖြင့်တိုးတက်များပြားလား ၏။
ထို့ကြောင့်ထိုကာလ၌ယုဒပြည်၊ ဂါလိလဲ ပြည်နှင့်ရှမာရိပြည်အရပ်ရပ်တို့တွင်အသင်း တော်သည်အေးချမ်းစွာနေရလေသည်။ အသင်း တော်သည်သခင်ဘုရားအားကြောက်ရွံ့ရိုသေ သောစိတ်ဖြင့် သက်ရှင်လှုပ်ရှားလျက်သန့်ရှင်း သောဝိညာဉ်တော်၏ကူညီအားပေးမှုဖြင့် တည်တံ့ခိုင်မြဲကာအသင်းသားအရေ အတွက်တိုးတက်များပြားလာလေသည်။
ခရစ်တော်ယေရှု၏အမှုတော်ကိုဆောင်ရွက်ရာတွင် ငါ၏လုပ်ဖော်ဆောင်ဘက်ဖြစ်သူပြစ်ကိလနှင့် အာကုလတို့အားနှုတ်ဆက်ကြလော့။-
သူတို့အိမ်၌စုဝေးဝတ်ပြုသည့်အသင်းတော်ကို လည်းငါနှုတ်ဆက်ကြောင်းပြောကြားကြလော့။ အာရှပြည်တွင်ပထမဆုံးခရစ်တော်ကိုယုံကြည် လက်ခံလာသူ ငါ၏ရင်းနှီးသောမိတ်ဆွေဧပဲနက် ကိုနှုတ်ဆက်ကြလော့။-
ဖြောင့်မတ်သူတစ်ယောက်အတွက်အသေခံမည့် သူရှိရန်ခဲယဉ်း၏။ သူတော်ကောင်းတစ်ယောက် အတွက်အသေခံဝံ့သူရှိကောင်းရှိမည်။-
ယုဒပြည်ရှိဘုရားသခင်၏လူစုတော်အား ထောက်ပံ့ရန်အတွက်အလှူငွေများနှင့်ပတ်သက် ၍ ဂလာတိပြည်ရှိအသင်းတော်များသို့ငါ ညွှန်ကြားခဲ့သည်အတိုင်းသင်တို့ပြုကြလော့။-
မည်သို့ပင်ဆိုစေ၊ လူအသီးသီးတို့သည်သခင် ဘုရားပေးတော်မူသည့်ဆုကျေးဇူးများနှင့် အညီ ဘုရားသခင်ရွေးကောက်တော်မူစဉ် အခါကရှိခဲ့သည့်အခြေအနေအတိုင်း ဆက်လက်၍အသက်ရှင်ရာ၏။ ဤနည်းအတိုင်း အသင်းတော်အားလုံးအားငါဟောပြောသွန် သင်၏။-
သူသည်သင်တို့ကိုယ်တိုင်မပေးနိုင်သည့်အကူ အညီကို ငါ့အားပေးနိုင်အံ့သောငှာအသက်စွန့် စား၍ ခရစ်တော်၏အမှုတော်ကိုသေလုနီး သည်တိုင်အောင်ကြိုးပမ်းထမ်းဆောင်ခဲ့ပေသည်။
ညီအစ်ကိုတို့၊ သင်တို့၏အတွေ့အကြုံမှာ ယုဒပြည်ခရစ်ယာန်များဖြစ်သည့်ဘုရား သခင်၏အသင်းတော်ဝင်တို့အတွေ့အကြုံ နှင့်တူပေသည်။ သင်တို့သည်မိမိတို့အမျိုး သားများ၏လက်တွင်ဆင်းရဲဒုက္ခရောက် ကြသကဲ့သို့ ထိုသူတို့သည်လည်းယုဒ အမျိုးသားများ၏လက်တွင်ဆင်းရဲ ဒုက္ခရောက်ရကြ၏။-
ယောရှုထံသို့ခေါ်ဆောင်ခဲ့ကြလေသည်။ ထို အခါယောရှုသည်ဣသရေလအမျိုးသား အပေါင်းတို့နှင့် မိမိနှင့်အတူစစ်ချီတိုက် ခိုက်ခဲ့သောဗိုလ်မှူးများကိုမိမိထံသို့ဆင့် ခေါ်၏။ ဗိုလ်မှူးတို့အား``ထိုမင်းတို့၏လည်ပင်း ကိုခြေဖြင့်နင်းကြ'' ဟုအမိန့်ပေးသည့် အတိုင်းသူတို့သည်ခြေဖြင့်နင်းကြ၏။-
ခရစ်တော်သည်ငါတို့အတွက်အသက်တော် ကိုစွန့်တော်မူသောကြောင့်မေတ္တာအကြောင်း ကိုငါတို့သိရကြ၏။ ငါတို့သည်လည်းမိမိ တို့၏ညီအစ်ကိုများအတွက်အသက်စွန့် သင့်ကြပေသည်။-
ယောဟန်ထံမှအာရှနယ်ပယ်ရှိအသင်းတော် ခုနစ်ပါးသို့စာရေးလိုက်ပါသည်။ ပစ္စုပ္ပန်၊ အတိတ်၊ အနာဂတ်ကာလအစဉ်ရှိတော်မူသောဘုရား သခင်၏ထံတော်မှလည်းကောင်း၊ ပလ္လင်တော်ရှေ့ ၌ရှိသည့်ဝိညာဉ်ခုနစ်ပါးထံမှလည်းကောင်း၊-