ရောမ 10:8 - Common Language Bible
ကျမ်းစာတော်ကဆိုလိုသည်မှာနှုတ်ကပတ် တရားတော်သည် ``သင်၏နှုတ်၊ သင်၏စိတ်နှလုံး၊ သင်၏အနီး၌ရှိ၏'' ဟူ၍ဖြစ်သည်။ ထိုနှုတ် ကပတ်တရားကားသင်တို့အားငါဟောပြော ကြေညာသည့်ဘုရားသခင်ကိုယုံကြည်ခြင်း နှင့်ဆိုင်သောတရားတော်ပင်ဖြစ်သည်။-
အခန်းကိုကြည့်ပါ။
မည် သို့ ဆို သ နည်း။ ငါ တို့ ဟော ပြော သည့် ယုံ ကြည် ခြင်း သ တင်း ဟု ဆို လို သော သ တင်း တော် သည် သင့် နှုတ်၊ သင့် နှ လုံး၊ သင့် အ နီး အ ပါး၌ တည် ရှိ သည် ဟု ဆို သ တည်း။
အခန်းကိုကြည့်ပါ။
တစ်ဖန်ဆိုသည်ကား၊ တရားတော်သည် သင်နှင့်နီး၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏နှလုံး၌လည်းကောင်း ရှိသည်ဟု ဆို၏။ ထိုသို့ဆိုသော်၊ ငါတို့ဟောသော ယုံကြည်ခြင်းတရားကို ဆိုလိုသတည်း။-
အခန်းကိုကြည့်ပါ။
ထို့ပြင် မည်သို့ဆိုထားသနည်း။ “တရားစကားသည် သင်၏အနီး၌ရှိ၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏စိတ်နှလုံး၌လည်းကောင်း ရှိ၏”ဟု ဆိုထား၏။ ဤသည်ကား ငါတို့ဟောပြောသည့် ယုံကြည်ခြင်းနှင့်ဆိုင်သော တရားစကားဖြစ်၏။
အခန်းကိုကြည့်ပါ။
ထို့ပြင် “တရားတော်သည် သင့်အနီး၌ ရှိ၏။ ၎င်းသည် သင့်နှုတ်၌လည်းကောင်း၊ သင့်စိတ်နှလုံး၌လည်းကောင်း ရှိ၏” ဟု ဆိုထား၏။ ထိုတရားတော်မှာ ကျွန်ုပ်တို့ဟောပြောသော ယုံကြည်ခြင်းတရား ဖြစ်၏။
အခန်းကိုကြည့်ပါ။