ဤအတောအတွင်း၌ မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``အခြား ပရောဖက်အားလုံးကပင်မင်းကြီးသည် အောင်မြင်မှုရရှိလိမ့်မည်ဟုဟောခဲ့ကြ လေပြီ။ အရှင်သည်လည်းဤအတိုင်းပင် ဟောသင့်ပါသည်'' ဟုဆို၏။
ယေရမိ 8:11 - Common Language Bible သူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေ ချိန်၌အစစအရာရာအဆင်ပြေပါ သည်' ဟုဆိုကြ၏။- Garrad Bible မ ချမ်း သာ သည့် ကာ လ၊ ချမ်း သာ၊ ချမ်း သာ သည် ဟု ဆို လေ့ ရှိ သည် နှင့်၊ ငါ့ လူ မျိုး သ တို့ သ မီး ၏ အ နာ ကို ပေါ့ ပေါ့ ဆ ဆ ကု ကြ ၏။ Judson Bible ချမ်းသာမရှိသောအခါ ချမ်းသာ၊ ချမ်းသာဟုပြောဆိုလျက်၊ ငါ၏လူမျိုး သတို့သမီးအနာကို ပေါ့လျော့စွာကုကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ငြိမ်းချမ်းမှုမရှိသော်လည်း ‘ငြိမ်းချမ်းသည်၊ ငြိမ်းချမ်းသည်’ဟု ဆိုတတ်ကြ၏။ ငါ့လူမျိုးတော်၏ဒဏ်ရာကို ပေါ့ပေါ့တန်တန်ကုသပေးကြ၏။ |
ဤအတောအတွင်း၌ မိက္ခာထံသို့သွားသော နန်းတွင်းအရာရှိကမိက္ခာအား``အခြား ပရောဖက်အားလုံးကပင်မင်းကြီးသည် အောင်မြင်မှုရရှိလိမ့်မည်ဟုဟောခဲ့ကြ လေပြီ။ အရှင်သည်လည်းဤအတိုင်းပင် ဟောသင့်ပါသည်'' ဟုဆို၏။
သို့ဖြစ်၍အာဟပ်သည်လေးရာခန့်ရှိသော ပရောဖက်တို့ကိုခေါ်တော်မူ၍``ငါသည် ရာမုတ်မြို့ကိုချီတက်တိုက်ခိုက်ရန်သင့် မသင့်ပြောကြားလော့'' ဟုမေးတော်မူ၏။ ပရောဖက်တို့က``တိုက်ခိုက်တော်မူပါ။ ထာဝရ ဘုရားသည်အရှင့်အားအောင်ပွဲခံစေတော်မူ ပါလိမ့်မည်'' ဟုလျှောက်ထားကြ၏။
ထိုအခါငါက``အရှင်ထာဝရဘုရား၊ ဤ ပြည်တွင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ်။ ငြိမ်းချမ်းသာယာမှုသာလျှင်ရှိလိမ့်မည်ဟု ပရောဖက်များဟောပြောလျက်နေကြသည် ကိုကိုယ်တော်ရှင်သိတော်မူပါ၏'' ဟု လျှောက်၏။
သူတို့သည်ငါ၏စကားကိုနားထောင်ရန်ငြင်း ဆန်သူတို့အား`သင်တို့အဖို့အစစအရာရာ အဆင်ပြေလိမ့်မည်ဟုထာဝရဘုရားမိန့် ဆိုသည်' ဟုအဖန်တစ်လဲလဲဟောပြောကြ၏။ ခေါင်းမာသူအပေါင်းတို့အားလည်း`သင်တို့ အပေါ်သို့အဘယ်အခါ၌မျှဘေးအန္တရာယ် ဆိုးသက်ရောက်လိမ့်မည်မဟုတ်' ဟုဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။
ထိုသူတို့သည်ငါ့လူမျိုးတော်၏အနာများ ကိုပေါ့ပေါ့တန်တန်သဘောထား၍ကုသ ကြ၏။ `အစစအရာရာအဆင်မပြေချိန် ၌အစစအရာရာအဆင်ပြေပါသည်' ဟုဆိုကြ၏။-
ငါတို့သည်ငြိမ်းချမ်းမှုကိုမျှော်လင့်ကြ သော်လည်းအချည်းနှီးပင်ဖြစ်၏။ ကျန်းမာ မှုကိုမျှော်လင့်သော်လည်းကြောက်လန့်မှု သာလျှင်ရရှိကြ၏။-
သင်၏ပရောဖက်များသည်မုသားစကားမှ တစ်ပါး သင့်အားအခြားမည်သည့်စကားကိုမျှ မပြောတတ်ကြပါ။ သူတို့ဟောပြောသမျှသည်သင့်ကို လှည့်စားခြင်းသာဖြစ်၏။ သင်၏အပြစ်ကိုအဘယ်ခါမျှမဖော်ပြသဖြင့် သင်သည်နောင်တရစရာမလိုဟုထင်မှတ်စေခဲ့ သည်။
``သင်တို့သည် ငါမညှိုးငယ်စေလိုသော သူတော်ကောင်းတို့အားမုသားကိုသုံး၍ စိတ်ပျက်အားလျော့စေ၏။ သင်တို့သည် ဆိုးညစ်သူတို့အားအကျင့်ဆိုးများကို မစွန့်လွှတ်ကြစေရန် အားပေးအားမြှောက် ပြု၍သူတို့၏အသက်များကိုဆုံးရှုံး စေလေသည်။-
``သင်တို့တွင်စပျစ်ရည်နှင့် အရက်လှိုင်လှိုင် ပေါများလိမ့်မည်ဟုငါဟော၏' ဟူ၍လိမ် လည်လှည့်ဖြားပြောဆိုတတ်သောပရောဖက် မျိုးကိုဤသူတို့နှစ်သက်ကြ၏။
``အန္တရာယ်ကင်းလျက်သာယာသည်'' ဟုလူတို့ ပြောဆိုကြသောအခါ၌ကိုယ်ဝန်ဆောင်အမျိုး သမီးအပေါ်သို့သားဖွားခြင်းဝေဒနာရုတ် တရက်ကျရောက်လာသကဲ့သို့ လူတို့အပေါ် သို့ဘေးအန္တရာယ်ကျရောက်လာလိမ့်မည်။-