ယေရမိ 14:13 - Common Language Bible13 ထိုအခါငါက``အရှင်ထာဝရဘုရား၊ ဤ ပြည်တွင်စစ်မက်အန္တရာယ်၊ ငတ်မွတ်ခေါင်းပါး ခြင်းဘေးအန္တရာယ်ကျရောက်လိမ့်မည်မဟုတ်။ ငြိမ်းချမ်းသာယာမှုသာလျှင်ရှိလိမ့်မည်ဟု ပရောဖက်များဟောပြောလျက်နေကြသည် ကိုကိုယ်တော်ရှင်သိတော်မူပါ၏'' ဟု လျှောက်၏။ အခန်းကိုကြည့်ပါ။Garrad Bible13 အို အ ရှင် ထာ ဝ ရ ဘု ရား၊ သ တ္တ န္တ ရ ကပ် ကို မ တွေ့၊ ဒု ဗ္ဘိ က္ခ န္တ ရ ကပ် ကို လည်း မ ခံ၊ ဤ အ ရပ် တွင် ဘေး ကင်း လျက်၊ အ တည် အ မြဲ နေ စေ တော် မူ မည့် အ ကြောင်း၊ ပ ရော ဖက် တို့ ဟော ပြော ကြ ပါ သည် ဟု၊ ငါ တင် လျှောက် လျှင်၊ အခန်းကိုကြည့်ပါ။Judson Bible13 ငါကလည်း၊ အို အရှင်ထာဝရဘုရား၊ ပရောဖက်တို့က၊ သင်တို့သည် ဓားဘေးကို မတွေ့ရကြ။ မွတ်သိပ်ခြင်းဘေးသည် သင်တို့ရှိရာသို့ မရောက်ရ။ ဤအရပ်၌ မြဲသောငြိမ်သက်ခြင်းကို ငါပေးမည်ဟု၊ ဤသူတို့အားဟောပြောကြောင်းကို ငါလျှောက်သောအခါ၊ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း13 ငါကလည်း “အို ဘုရားရှင်ထာဝရဘုရား၊ ပရောဖက်တို့က ‘သင်တို့သည် ဓားဘေးနှင့်ကြုံရမည်မဟုတ်။ ငတ်မွတ်ခေါင်းပါးခြင်းဘေးသည် သင်တို့ထံရောက်လာမည်မဟုတ်။ ဤအရပ်၌ သင်တို့အား စစ်မှန်သောငြိမ်သက်ခြင်းကို ငါပေးမည်’ဟူ၍ သူတို့အား ဆင့်ဆိုကြပါသည်”ဟု လျှောက်ဆို၏။ အခန်းကိုကြည့်ပါ။ |
ဣသရေလလူမျိုးတွင်မိစ္ဆာပရောဖက်များ ပေါ်ပေါက်ခဲ့သည်နည်းတူ သင်တို့တွင်လည်း မိစ္ဆာဆရာများပေါ်ပေါက်လာကြလိမ့်မည်။ သူ တို့သည်အကျိုးယုတ်စေသောမှားယွင်းသည့် အယူဝါဒများကိုသင်တို့ထံသို့ယူဆောင် လာပြီးလျှင် မိမိတို့အားရွေးနှုတ်ကယ်တင် တော်မူသောအရှင်ကိုပင်လျှင်ပစ်ပယ်ကြ လိမ့်မည်။ ဤနည်းအားဖြင့်သူတို့သည်မိမိ တို့အပေါ်တွင် ပျက်စီးခြင်းဘေးလျင်မြန် စွာရောက်စေကြလိမ့်မည်။-
မြို့ကိုအုပ်ချုပ်သူတို့သည်တံစိုးလက်ဆောင် စား၍အုပ်ချုပ်ကြ၏။ ယဇ်ပုရောဟိတ်တို့ သည်အခကြေးငွေယူ၍စီရင်ဆုံးဖြတ် ကြ၏။ ပရောဖက်တို့သည်ငွေယူ၍ဗျာဒိတ် တော်ကိုဖွင့်ပြကြ၏။ ထိုသူအပေါင်းတို့ ကထာဝရဘုရားသည် သူတို့နှင့်အတူ ရှိတော်မူသည်ဟုဆိုကြ၏။ သူတို့က``ငါ တို့တွင်ဘေးဥပဒ်မရောက်နိုင်၊ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ သည်'' ဟုပြောကြ၏။
သူတို့သည်ငါ၏စကားကိုနားထောင်ရန်ငြင်း ဆန်သူတို့အား`သင်တို့အဖို့အစစအရာရာ အဆင်ပြေလိမ့်မည်ဟုထာဝရဘုရားမိန့် ဆိုသည်' ဟုအဖန်တစ်လဲလဲဟောပြောကြ၏။ ခေါင်းမာသူအပေါင်းတို့အားလည်း`သင်တို့ အပေါ်သို့အဘယ်အခါ၌မျှဘေးအန္တရာယ် ဆိုးသက်ရောက်လိမ့်မည်မဟုတ်' ဟုဆိုကြ၏'' ဟူ၍မိန့်တော်မူ၏။
ထာဝရဘုရား၏လူမျိုးတော်သည် ကိုယ်တော်အကြောင်းကိုမဟုတ်မမှန်ပြောဆိုကြလေပြီ။ သူတို့က``ကိုယ်တော်သည်အဘယ်သို့မျှအရေးယူတော်မူလိမ့်မည်မဟုတ်။ ငါတို့သည်လည်းဆင်းရဲဒုက္ခခံရကြလိမ့်မည်မဟုတ်။ စစ်မက်အန္တရာယ်ကိုသော်လည်းကောင်း၊ ငတ်မွတ်ခြင်းဘေးကိုသော်လည်းကောင်းကြုံတွေ့ရလိမ့်မည်မဟုတ်'' ဟုဆိုကြ၏။-
ကိုယ်တော်က``ငါ၏လူမျိုးတော်အားကြိုတင် သတိပေးသင့်သူများဖြစ်သည့်ခေါင်းဆောင် တို့သည်မျက်စိကန်းလျက်နေကြ၏။ သူတို့ သည်အဘယ်အရာကိုမျှမသိ။ မဟောင်တတ် သည့်အိမ်စောင့်ခွေးများနှင့်တူကြ၏။ သူတို့ သည်လဲလျောင်းကာအိပ်မက်ဝင်လျက်သာ နေတတ်ကြ၏။ သူတို့သည်အလွန်အအိပ် မက်သူများဖြစ်ပါသည်တကား။-
ပါရှုရ၊ သင်၏အဖို့မှာမူအိမ်သူအိမ်သားများ နှင့်အတူ အဖမ်းခံရလျက်ဗာဗုလုန်မြို့သို့ ရောက်ရှိရလိမ့်မည်။ သင်သည်ထိုမြို့တွင်သေရ လိမ့်မည်။ ထိုနောက်သင်ဟောပြောခဲ့သောမုသား စကားများကိုကြားနာခဲ့သူသင်၏မိတ်ဆွေ အပေါင်းနှင့်အတူသင်္ဂြိုဟ်ခြင်းကိုခံရလိမ့် မည်' '' ဟုမိန့်တော်မူကြောင်းပါရှုရအားဆို၏။