ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
ယေရမိ 52:12 - Common Language Bible ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနန်းစံတစ် ဆယ့်ကိုးနှစ်မြောက်၊ ပဉ္စမလဆယ်ရက်နေ့၌ မင်းကြီး၏အတိုင်ပင်ခံအမတ်နှင့်အစောင့် တပ်မတော်မှူးနေဗုဇရဒန်သည် ယေရုရှ လင်မြို့သို့ဝင်ရောက်လာ၏။- Garrad Bible ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း နန်း စံ ဆယ့် ကိုး နှစ်၊ ပ ဥ္စ မ လ၊ ဆယ် ရက် တွင်၊ ဗာ ဗု လုန် ဘု ရင်၏ အ ပါး တော် ထမ်း၊ ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် သည်၊ ယေ ရု ရှ လင် မြို့ သို့ ချီ တက် ၍၊ Judson Bible ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာ နန်းစံတစ်ဆယ်ကိုးနှစ်၊ ပဥ္စမလ ဆယ်ရက်နေ့တွင်၊ အမှုတော်ထမ်းကိုယ်ရံတော်မှူး နေဗုဇာရဒန်သည် ယေရုရှလင်မြို့သို့လာ၍၊ မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီး နန်းစံတစ်ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ဆယ်ရက်နေ့၌ ဘေဘီလုံဘုရင်ထံပါး၌ခစားသော ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် ဂျေရုဆလင်မြို့သို့ ရောက်လာ၏။ |
ထိုအချိန်အတောအတွင်းအီဂျစ်၌မိဒျန် အမျိုးသားတို့သည် ဖာရောဘုရင်၏အရာရှိ တစ်ဦးဖြစ်သူကိုယ်ရံတော်တပ်မှူးပေါတိဖာ ထံ၌ယောသပ်အားရောင်းကြလေသည်။
ယေခေါနိမင်းသည်မိမိ၏မယ်တော်၊ သားတော် များ၊ တပ်မှူးများ၊ နန်းတော်အရာရှိများနှင့်တကွ ဗာဗုလုန်အမျိုးသားတို့ထံတွင်အညံ့ခံတော် မူရ၏။ နေဗုခဒ်နေဇာသည်မိမိ၏နန်းစံရှစ်နှစ် မြောက်၌ယေခေါနိကိုသုံ့ပန်းအဖြစ်ဖမ်းဆီး ၍၊-
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏နန်းစံတစ် ဆယ့်ကိုးနှစ်၊ ပဉ္စမလ၊ ခုနစ်ရက်နေ့၌မင်းကြီး ၏အတိုင်ပင်ခံဖြစ်သူတပ်မှူးနေဗုဇာရဒန် သည်ယေရုရှလင်မြို့သို့ချီတက်၍၊-
သို့ရာတွင်ငါတို့သည်မိုးကောင်းကင်ဘုံရှင်ဘုရားသခင်၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြသဖြင့် ကိုယ်တော်သည်ငါတို့အားဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ၏လက်သို့အပ်တော်မူလေသည်။ ဗိမာန်တော်သည်လည်းပြိုပျက်၍ပြည်သူတို့သည် ဗာဗုလုန်မြို့သို့ပြည်နှင်ဒဏ်သင့်ကြရပါ၏'' ဟုပြောကြားကြပါသည်။-
``အရှင်မင်းကြီးသည်ထာဝစဉ်သက် တော်ရှည်ပါစေသော။ ကျွန်တော်မျိုး၏ ဘိုးဘေးများအားသင်္ဂြိုဟ်ရာမြို့သည် ပျက်စီးယိုယွင်းလျက်မြို့တံခါးများ သည်လည်းမီးလောင်ကျွမ်းကုန်ပြီဖြစ် သဖြင့် ကျွန်တော်မျိုးသည်အဘယ်သို့ လျှင်မျက်နှာမညှိုးငယ်ဘဲနေနိုင်ပါ မည်နည်း'' ဟုပြန်လည်လျှောက်ထား၏။
အို ဘုရားသခင်၊ ပြည်တော်ထဲသို့ဘုရားမဲ့သူတို့ချဉ်းနင်း ဝင်ရောက်ကြပါပြီ။ သူတို့သည်ကိုယ်တော်ရှင်၏သန့်ရှင်းမြင့်မြတ်သည့် ဗိမာန်တော်ကိုညစ်ညမ်းစေကြပါပြီ။ ယေရုရှလင်မြို့ကိုလည်းဖြိုဖျက်လိုက်ကြ ပါပြီ။
ထာဝရဘုရားသည်ယောရှိ၏သားယောယ ကိမ်မင်းလက်ထက်၌လည်း သူ့ကိုတစ်ဖန်ဗျာ ဒိတ်ပေးတော်မူပြန်၏။ ထိုနောက်ကိုယ်တော်သည် ယောရှိ၏သားဇေဒကိနန်းစံတစ်ဆယ့်တစ် နှစ်မြောက်၊ ပဉ္စမလ၌ယေရုရှလင်မြို့သား တို့ပြည်နှင်ဒဏ်သင့်ချိန်တိုင်အောင် အကြိမ် ပေါင်းများစွာသူ့အားဗျာဒိတ်တော်များ ကိုပေးတော်မူလေသည်။
ဤမြို့ကိုတိုက်ခိုက်သူဗာဗုလုန်အမျိုးသား တို့သည်လာ၍မီးရှို့ကြလိမ့်မည်။ အိမ်ခေါင်မိုး များအထက်တွင်ဗာလဘုရားအားနံ့သာ ပေါင်းကိုမီးရှို့ပူဇော်ခြင်းအားဖြင့်လည်း ကောင်း၊ အခြားဘုရားများအတွက်စပျစ် ရည်ပူဇော်သကာကိုသွန်းလောင်းခြင်းအား ဖြင့်လည်းကောင်း ငါ၏အမျက်တော်ကိုလူ တို့လှုံ့ဆော်ရာအိမ်များနှင့်အတူ ဤမြို့ တစ်မြို့လုံးသည်လောင်ကျွမ်း၍သွားလိမ့် မည်။-
နောက်ဆုံး၌တပ်မှူးနေဗုဇာရဒန်သည်မြို့ တွင်း၌ကျန်ရှိနေသူတို့အား မိမိထံသို့ ထွက်ပြေးလာကြသူတို့နှင့်အတူ သုံ့ပန်း များအဖြစ်ဖြင့်ဗာဗုလုန်မြို့သို့ခေါ် ဆောင်သွားလေ၏။-
ယုဒဘုရင်ယောယကိမ်နန်းစံသုံးနှစ်မြောက်၌ ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည်ယေရုရှလင်မြို့သို့ချီတက်ဝိုင်းရံထား၏။-
ထိုအခါဒံယေလသည်ကွပ်မျက်မှုကို တာဝန်ယူဆောင်ရွက်ရမည့်သူ ဘုရင့်ကိုယ်ရံ တော်တပ်မှူးအာရုတ်ထံသို့သွားရောက်၍၊ အာရုတ်အား``မင်းကြီးသည်အဘယ်ကြောင့် ဤသို့ပြင်းထန်သည့်အမိန့်ကိုထုတ်ဆင့် တော်မူပါသနည်း'' ဟုပါးနပ်လိမ္မာစွာ မေး၏။ အာရုတ်သည်လည်း ဖြစ်ပျက်သည့် အကြောင်းအရာကိုဒံယေလအားပြော ပြ၏။
``စတုတ္ထ၊ ပဉ္စမ၊ သတ္တမနှင့်ဒသမလများ တွင်ကျင်းပသည့်အစာရှောင်သည့်ပွဲတော် များသည် ယုဒပြည်သားအတွက်ရွှင်လန်း ဝမ်းမြောက်ဖွယ်ဖြစ်လာလိမ့်မည်။ သင်တို့ သည်အမှန်တရားနှင့်ငြိမ်းချမ်းသာယာ မှုကိုနှစ်သက်မြတ်နိုးရကြမည်'' ဟု မိန့်တော်မူ၏။