Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 1:3 - Common Language Bible

3 ထာ​ဝ​ရ​ဘု​ရား​သည်​ယော​ရှိ​၏​သား​ယော​ယ ကိမ်​မင်း​လက်​ထက်​၌​လည်း သူ့​ကို​တစ်​ဖန်​ဗျာ ဒိတ်​ပေး​တော်​မူ​ပြန်​၏။ ထို​နောက်​ကိုယ်​တော်​သည် ယော​ရှိ​၏​သား​ဇေ​ဒ​ကိ​နန်း​စံ​တစ်​ဆယ့်​တစ် နှစ်​မြောက်၊ ပဉ္စ​မ​လ​၌​ယေ​ရု​ရှ​လင်​မြို့​သား တို့​ပြည်​နှင်​ဒဏ်​သင့်​ချိန်​တိုင်​အောင် အ​ကြိမ် ပေါင်း​များ​စွာ​သူ့​အား​ဗျာ​ဒိတ်​တော်​များ ကို​ပေး​တော်​မူ​လေ​သည်။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

3 ယော ရှိ မင်း သား တော် ယု ဒ ဘု ရင် ယော ယ ကိမ် မင်း လက် ထက် က စ၍ ထို မင်း ညီ တော် ယု ဒ ဘု ရင် ဇေ ဒ ကိ မင်း နန်း စံ တစ် ဆယ့် တစ် နှစ် မြောက် ပ ဥ္စ မ လ တွင်၊ ယေ ရု ရှ လင် မြို့ သူ မြို့ သား တို့ သုံ့ ဖမ်း ခံ ရ သည့် တိုင် အောင်၊ ရောက် ပြန် သော ဗျာ ဒိတ် တော် အ တိုင်း လည်း‌ ကောင်း၊ ယေ ရ မိ ဆင့် ဆို သော စ ကား ကို ပြန် ကြား ပေ အံ့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

3 ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ယောယကိမ်​မင်းကြီး​လက်ထက်​နှင့် ယောရှိ​မင်းကြီး​၏​သား​တော် ယုဒ​ဘုရင်​ဇေဒကိ​မင်းကြီး နန်းစံ​တစ်ဆယ့်တစ်​နှစ်​၊ ပဉ္စမ​လ ဂျေရုဆလင်​မြို့သား​တို့ ဖမ်းခေါ်​သွား​ခြင်း​ခံရ​သည့်​အချိန်​ထိ ယေရမိ​ထံသို့ ရောက်လာ​သော ထာဝရဘုရား​၏​နှုတ်ကပတ်တော်​ကား ဤသို့​ဖြစ်​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 1:3
19 ပူးပေါင်းရင်းမြစ်များ  

နေ​ခေါ​မင်း​သည်​ယော​ရှ​၏​သား​တော်​ဧ​လျာ​ကိမ် အား ယော​ယ​ကိမ်​ဟူ​သော​နာ​မည်​သစ်​ကို​ပေး​၍ ခ​မည်း​တော်​၏​အ​ရိုက်​အ​ရာ​၌​နန်း​တင်​လေ သည်။ ယော​ခတ်​ကို​မူ​အီ​ဂျစ်​ပြည်​သို့​ခေါ်​ဆောင် သွား​၏။ ယော​ခတ်​သည်​ထို​ပြည်​၌​ပင်​ကွယ်​လွန် လေ​သည်။


နေ​ဗု​ခဒ်​နေ​ဇာ​သည်​ယေ​ခေါ​နိ​၏​ဘ​ထွေး တော်​မ​ဿ​နိ​အား ယု​ဒ​ဘု​ရင်​အ​ဖြစ်​နန်း တင်​ပြီး​လျှင်​ဇေ​ဒ​ကိ​ဟု​နာ​မည်​ပြောင်း ၍​ခေါ်​တွင်​စေ​၏။


ယော​ရှိ​တွင်​ယော​ဟာ​နန်၊ ယော​ယ​ကိမ်၊ ဇေ​ဒ​ကိ နှင့် ရှလ္လုံ​ဟူ​၍​သား​တော်​လေး​ပါး​ရှိ​၏။-


ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​သင့်​အား​ဇီ​ဝ အ​သက်​ကို​မ​ပေး​မီ​ရွေး​ချယ်​၍​သင်​မ​မွေး ဖွား​မီ​က​ပင် သီး​သန့်​သတ်​မှတ်​ကာ​လူ​မျိုး တ​ကာ​တို့​၏​ပ​ရော​ဖက်​အ​ဖြစ်​ခန့်​ထား ခဲ့​၏'' ဟု​ငါ့​ကို​မိန့်​တော်​မူ​သော​အ​ခါ၊


ဗာ​ဗု​လုန်​ဘု​ရင်​နေ​ဗု​ခဒ်​နေ​ဇာ​နှင့် တပ်​မ တော်​သည်​လက်​အောက်​ခံ​နိုင်​ငံ​ရှိ​သ​မျှ​နှင့် လူ​မျိုး​အ​ပေါင်း​တို့​၏​စစ်​တပ်​များ​အ​ကူ အ​ညီ​ဖြင့် ယေ​ရု​ရှ​လင်​မြို့​နှင့်​တ​ကွ​အ​နီး အ​နား​ရှိ​မြို့​ရွာ​များ​ကို​တိုက်​ခိုက်​လျက်​နေ စဉ် ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား​ဗျာ​ဒိတ် ပေး​တော်​မူ​၏။-


ယု​ဒ​ဘု​ရင်​ယော​ရှိ​၏​သား ယော​ယ​ကိမ်​မင်း လက်​ထက်​၌​ထာ​ဝ​ရ​ဘု​ရား​သည်​ငါ့​အား၊-


``သင်​သည်​စာ​လိပ်​တစ်​ခု​ကို​ယူ​၍​ဣသ​ရေ​လ ပြည်၊ ယု​ဒ​ပြည်​နှင့်​နိုင်​ငံ​တ​ကာ​တို့​ကို​ရည်​မှတ် ၍ ငါ​မိန့်​မှာ​တော်​မူ​ခဲ့​သ​မျှ​သော​စ​ကား​တို့ ကို​ရေး​မှတ်​လော့။ ယော​ရှိ​မင်း​လက်​ထက်​၌​ငါ ၏​ဗျာ​ဒိတ်​တော်​ကို​စ​တင်​ခံ​ယူ​ရ​ချိန်​မှ အ​စ​ပြု​၍ ယ​နေ့​တိုင်​အောင်​သင့်​အား​ငါ​မိန့် ကြား​ခဲ့​သ​မျှ​သော​စ​ကား​တို့​ကို​ရေး​မှတ် လော့။-


ဇေ​ဒ​ကိ​နန်း​စံ​တစ်​ဆယ့်​တစ်​နှစ်​မြောက်၊ စ​တုတ္ထ လ၊ န​ဝ​မ​ရက်​နေ့​၌​မြို့​ရိုး​များ​ပြို​ကျ​၍ သွား​လေ​၏။


ကိုယ်​တော်​က``ပြည်​သူ​များ​နှင့်​ယဇ်​ပု​ရော ဟိတ်​တို့​သည်​နှစ်​ပေါင်း​ခု​နစ်​ဆယ်​ပတ်​လုံး၊ ပဉ္စ​မ​လ​နှင့်​သတ္တ​မ​လ​တို့​တွင်​အ​စာ​ရှောင် ၍​ဝမ်း​နည်း​ကြေ​ကွဲ​သည့်​အ​မှတ်​လက္ခ​ဏာ ကို​ပြ​ခဲ့​ကြ​သည်​မှာ​ငါ့​အား​ဂုဏ်​ပြု​ချီး ကူး​ရန်​မ​ဟုတ်။-


``စ​တုတ္ထ၊ ပဉ္စ​မ၊ သတ္တ​မ​နှင့်​ဒ​သ​မ​လ​များ တွင်​ကျင်း​ပ​သည့်​အ​စာ​ရှောင်​သည့်​ပွဲ​တော် များ​သည် ယု​ဒ​ပြည်​သား​အ​တွက်​ရွှင်​လန်း ဝမ်း​မြောက်​ဖွယ်​ဖြစ်​လာ​လိမ့်​မည်။ သင်​တို့ သည်​အ​မှန်​တ​ရား​နှင့်​ငြိမ်း​ချမ်း​သာ​ယာ မှု​ကို​နှစ်​သက်​မြတ်​နိုး​ရ​ကြ​မည်'' ဟု မိန့်​တော်​မူ​၏။


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ