အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အပြစ်ပေးပိုင်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အမျက်တော်ကိုပေါ်လွင်ထင်ရှား စေတော်မူပါ။
ယေရမိ 51:6 - Common Language Bible ဗာဗုလုန်မြို့မှထွက်ပြေးကြလော့။ သင်တို့ သည်အသက်ဘေးမှလွတ်မြောက်ရန်ထွက် ပြေးလော့။ ဗာဗုလုန်အပြစ်ကြောင့်အသေ မခံကြနှင့်။ ယခုငါသည်ဗာဗုလုန်မြို့ အာခံသည့်အပြစ်ဒဏ်အတွက်လက်စား ချေလျက်ရှိ၏။- Garrad Bible ဗာ ဗု လုန် မြို့ အား ထာ ဝ ရ ဘု ရား ဆပ် ပေး ၍၊ လက် စား ချေ တော် မူ သည့် ကာ လ ဖြစ် သ ဖြင့်၊ ထို မြို့ ၏ ဒု စ ရိုက် ကြောင့် ပယ် ရှား ခြင်း မ ခံ ရ ဘဲ၊ အ သက် ချမ်း သာ ရ အံ့ သော ငှာ၊ အ သီး အ သီး ထွက် ပြေး ကြ လော့။ Judson Bible ဗာဗုလုန်မြို့ထဲက ထွက်ပြေး၍၊ အသီးအသီး ကိုယ်အသက်ကို ကယ်နုတ်ကြလော့။ မြို့သားတို့၏အပြစ်နှင့် ရော၍ ဆုံးရှုံးခြင်ကို မခံကြနှင့်။ ဤအချိန်ကား၊ ထာဝရဘုရား၏အမျက်တော်ကို ဖြေချိန်ဖြစ်၍၊ အကျိုးအပြစ်နှင့် အလျောက် စီရင်တော်မူမည်။ မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံမြို့မှ ထွက်ပြေးကြ။ အသက်ဘေးလွတ်အောင် ပြေးကြ။ ထိုမြို့၏အပြစ်ကြောင့် အဖျက်ဆီးမခံကြနှင့်။ အကြောင်းမူကား ထာဝရဘုရားလက်တုံ့ပြန်ရာအချိန်ကျရောက်ပြီ။ ထိုမြို့ခံထိုက်သောအပြစ်ကို ပြန်ပေးဆပ်စေတော်မူမည်။ |
အို ထာဝရဘုရား၊ ကိုယ်တော်ရှင်သည်အပြစ်ပေးပိုင်တော်မူသော ဘုရားဖြစ်တော်မူပါ၏။ ကိုယ်တော်ရှင်၏အမျက်တော်ကိုပေါ်လွင်ထင်ရှား စေတော်မူပါ။
ပညာရှိတို့နှင့်ပေါင်းဘော်သောသူသည် ပညာ ရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဘော်သောသူမူကား၊ ပျက်စီးတတ်၏။
ဗာဗုလုန်ပြည်မှထွက်သွားကြလော့။ လွတ်လပ်စွာထွက်ခွာသွားကြလော့။ ``ထာဝရဘုရားသည်မိမိ၏အစေခံ ဣသရေလအမျိုးသားတို့အားကယ်တော် မူပြီ'' ဟူသော သတင်းကိုဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အရပ်တကာတွင်ကြားသိစေကြလော့။
ငါသည်မိမိ၏လူမျိုးတော်အားကယ်တင် ရန်အချိန်ကျပြီ။ သူတို့၏ရန်သူများအား အပြစ်ဒဏ်ခတ်ရန်အချိန်ရောက်ပြီဟုဆုံး ဖြတ်လိုက်၏။-
များစွာသောလူမျိုးတို့နှင့်တန်ခိုးကြီးသည့် ဘုရင်များထံ၌ကျွန်ခံရကြလိမ့်မည်။ ငါ သည်လည်းသူတို့အားမိမိတို့ပြုခဲ့သည့် အမှုများ၏ ဆိုးကျိုးကိုခံစေမည်' '' ဟု မိန့်တော်မူ၏။
ထိုအမျက်တော်ရည်ကိုသောက်ကြသောအခါ သူတို့သည်ငါစေလွှတ်သည့်စစ်မက်အန္တရာယ် ကြောင့် မူးယစ်ယိမ်းယိုင်ကာရူးသွပ်၍သွားကြ လိမ့်မည်'' ဟုမိန့်တော်မူ၏။
သူ၏နိုင်ငံပျက်သုဉ်းချိန်မရောက်မချင်း လူမျိုးတကာတို့သည်သူ၏အစေကိုလည်း ကောင်း၊ သူ၏သားနှင့်မြေးတို့၏အစေကို လည်းကောင်းခံရကြလိမ့်မည်။ ထိုနောက်သူ ၏လူမျိုးသည်တန်ခိုးကြီးမားသည့်လူမျိုး များနှင့်ဘုရင်တို့၏အစေကိုခံရကြလိမ့် မည်။
ဤနေ့သည်အနန္တတန်ခိုးရှင်အရှင် ထာဝရဘုရား၏နေ့တော်ဖြစ်၏။ ကိုယ်တော်သည်ရန်သူတို့အားယနေ့ပင် လက်စားချေတော်မူမည်။ သူတို့အားအပြစ်ဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ဋ္ဌားသည်သူတို့အသားကိုအဝ စား၍ သူတို့၏သွေးကိုအဝသောက်လိမ့်မည်။ ယနေ့အနန္တတန်ခိုးရှင်သည်ဥဖရတ်မြစ် အနီး မြောက်ဘက်ဒေသ၌ မိမိ၏ယဇ်ကောင်များကိုပူဇော်တော်မူ၏။
သူတို့က`သင်တို့အသက်ချမ်းသာရအောင် လျင်မြန်စွာပြေးကြလော့။ သဲကန္တာရမှမြည်းရိုင်းကဲ့သို့ပြေးကြလော့' ဟုဆိုကြ၏။
မြို့ပတ်လည်တွင်စစ်တိုက်သံများကိုကြွေး ကြော်ကြလော့။ ယခုဗာဗုလုန်မြို့သည် လက်နက်ချလေပြီ။ မြို့တံတိုင်းတို့သည် ကျိုးပေါက်ပြိုကျသွားလေပြီ။ ငါသည် ဗာဗုလုန်အမျိုးသားတို့အားလက်စား ချေလျက်နေသည်ဖြစ်၍ သင်တို့သည်သူတို့ အပေါ်၌လက်စားချေကြလော့။ သူတစ်ပါး တို့အားသူတို့ပြုကျင့်ခဲ့ကြသည့်အတိုင်း သူတို့အားပြုကျင့်ကြလော့။-
(ဗာဗုလုန်ပြည်မှလွတ်မြောက်လာသောစစ် ပြေးဒုက္ခသည်များသည်ဇိအုန်မြို့သို့လာ ရောက်ပြီးလျှင် ကိုယ်တော်၏ဗိမာန်တော်ကို ဗာဗုလုန်ပြည်သားတို့ဖျက်ဆီးကြသည့် အတွက် ငါတို့ဘုရားသခင်ထာဝရ ဘုရားသည်သူတို့အားအဘယ်သို့လက် စားချေတော်မူကြောင်းကိုပြောပြကြ၏။)
``အို ဗာဗုလုန်မြို့၊ သင်သည်မာန်မာနနှင့် ပြည့်ဝလျက်နေသဖြင့် အနန္တတန်ခိုးရှင် ဘုရားသခင်၊ ငါထာဝရဘုရားသည်သင့် ကိုအတိုက်အခံပြုမည်။ သင့်အားငါ အပြစ်ဒဏ်ခတ်ရမည့်နေ့ရက်ကာလ သည်ကျရောက်လာလေပြီ။-
``အို ဣသရေလပြည်သားတို့၊ ဗာဗုလုန်မြို့ မှထွက်ပြေးကြလော့။ ထိုပြည်မှထွက်ခွာ သွားကြလော့။ အဦးအဖျားထွက်ခွာ သွားကြလော့။-
ထာဝရဘုရားသည်ဗာဗုလုန်မြို့ကိုသုတ် သင်ဖျက်ဆီးပစ်ရန်အကြံရှိတော်မူသဖြင့် မေဒိဘုရင်တို့ကိုလှုံ့ဆော်ပေးတော်မူလေ ပြီ။ ထိုနည်းအားဖြင့်ထာဝရဘုရားသည် ကိုယ်တော်၏ဗိမာန်တော်ဖျက်ဆီးခံခဲ့ ရခြင်းအတွက်လက်စားချေတော်မူမည်။ တိုက်ခိုက်နေသူတပ်မတော်အရာရှိများ က``သင်တို့၏မြားများကိုချွန်ကြလော့။ ဒိုင်းလွှားများကိုကိုင်ဆောင်ကြလော့။-
သို့ဖြစ်၍ထာဝရဘုရားသည်ယေရုရှလင် မြို့သူမြို့သားတို့အား``ငါသည်သင်တို့၏ အကျိုးကိုပြုစု၍သင်တို့အတွက်လက်စား ချေမည်။ ဗာဗုလုန်ပြည်၏စမ်းရေတွင်းများ နှင့်မြစ်များကိုခန်းခြောက်စေမည်။-
ဣသရေလပြည်သားတို့၊ ထိုမြို့မှထွက်ပြေး ကြလော့။ လူအပေါင်းတို့အသက်ချမ်းသာ ရာရစေရန် ငါ၏ပြင်းထန်သောအမျက် တော်မှရှောင်ပြေးကြလော့။-
ထာဝရဘုရားသည်ဗာဗုလုန်မြို့ရှိ မိမိ ၏လူစုတော်အားမိန့်တော်မူသည်မှာ``သင် တို့သည်သေဘေးမှလွတ်မြောက်ကြလေပြီ။ ယခုထွက်ခွာသွားကြလော့။ ဆိုင်း၍မနေ နှင့်။ သင်တို့သည်မိမိတို့ပြည်နှင့်ဝေးကွာ လျက်နေသော်လည်း သင်တို့၏ထာဝရဘုရား တည်းဟူသောငါ့ကိုသတိရကြလော့။ ယေရု ရှလင်မြို့ကိုလည်းသတိရကြလော့။-
သူတို့သည်ဗာဗုလုန်မြို့ကိုသုတ်သင်ဖျက်ဆီးရန် ရောက်ရှိလာကြလေပြီ။ ဗာဗုလုန်စစ်သည်တော်တို့သည် အဖမ်းခံရကြ၏။ သူတို့၏လေးများသည်လည်းကျိုး၍သွား ကြ၏။ ငါသည်ဒုစရိုက်ပြုသူတို့ဆုံးမတတ်သော ဘုရားဖြစ်၏။ ဗာဗုလုန်မြို့အားထိုက်လျောက်သည့်အတိုင်း အပြစ်ဒဏ်စီရင်မည်။
`ငါတို့သည်ဗာဗုလုန်မြို့ကိုကူမရန်ကြိုး စားကြပါသော်လည်းများစွာနောက်ကျ၍ နေလေပြီ။ လာကြ။ ထိုမြို့မှထွက်ခွာ၍ငါ တို့ပြည်သို့ပြန်ကြကုန်အံ့။ ဘုရားသခင်သည် အနန္တတန်ခိုးတော်ဖြင့်ဗာဗုလုန်မြို့ကိုအ ပြစ်ဒဏ်စီရင်တော်မူပြီ။ လုံးဝသုတ်သင် ဖျက်ဆီးတော်မူပြီ' ဟုဆိုကြ၏။
``အို ထာဝရဘုရားသူတို့အားမိမိတို့ ပြုကျင့်ခဲ့သည့်အမှုများအတွက်ဒဏ် ခတ်တော်မူပါ။
သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-
စစ်ဘေးကြောင့်လူတို့သည်လမ်းများပေါ်၌ သေဆုံးကြလိမ့်မည်။ နေအိမ်များတွင်ကြောက်မက်ဖွယ်ရာဘေးနှင့် တွေ့ကြုံရလိမ့်မည်။ ယောကျာ်းပျိုနှင့်မိန်းမပျိုတို့သေဆုံးရကြလိမ့်မည်။ နို့စို့ကလေးနှင့်အဖိုးအိုတို့သေဆုံးရကြလိမ့်မည်။
ငါသည်ပြောင်လက်သောဋ္ဌားကိုသွေး၍ တရားမျှတစွာစီရင်မည်။ ငါ၏ရန်သူတို့ကိုလက်စားချေ၍ငါ့အား မုန်းသူတို့ကိုဒဏ်စီရင်မည်။
``တိုင်းနိုင်ငံတို့၊ထာဝရဘုရား၏လူမျိုး တော်ကို ချီးကူးကြလော့။ ကိုယ်တော်သည်မိမိလူမျိုးတော်ကိုသတ်သူ ရှိသမျှတို့အားဒဏ်ခတ်တော်မူမည်။ ကိုယ်တော်၏ရန်သူတို့ကိုလက်စားချေမည်။ မိမိလူမျိုးတော်၏အပြစ်များကိုလွှတ်တော် မူမည်။''
မည်သူ့ကိုမျှသိက္ခာတင်မင်္ဂလာပေးရန်အလျင် စလိုမရှိနှင့်။ အခြားသူတို့အပြစ်ကူးရာ တွင်သင်မပါစေနှင့်။ သင်ကိုယ်တိုင်အပြစ် ကင်းအောင်နေလော့။
မြို့ကြီးသည်သုံးပိုင်းကွဲလေ၏။ ကမ္ဘာပေါ်ရှိမြို့ များသည်လည်းပြိုပျက်ကုန်၏။ ဘုရားသခင်သည် ဗာဗုလုန်မြို့ကြီးကိုသတိရတော်မူလျက် မိမိ ၏ဖလားမှပြင်းထန်သောအမျက်တော်တည်းဟူ သောစပျစ်ရည်ကိုသောက်စေတော်မူ၏။-