ယေရမိ 50:8 - Common Language Bible ``အို ဣသရေလပြည်သားတို့၊ ဗာဗုလုန်မြို့ မှထွက်ပြေးကြလော့။ ထိုပြည်မှထွက်ခွာ သွားကြလော့။ အဦးအဖျားထွက်ခွာ သွားကြလော့။- Garrad Bible ဆိတ် ထီး သ ဖွယ်၊ ဆိတ် အုပ် ရှေ့ ဦး တည် လျက်၊ ဗာ ဗု လုန် မြို့ မှ ပြေး ၍၊ ခါ လ ဒဲ ပြည် က ထွက် သွား ကြ လော့။ Judson Bible ဗာဗုလုန်မြို့ထဲက ပြေးကြလော့။ ခါလဒဲပြည်မှထွက်သွားကြလော့။ သိုးစုရှေ့၌ သိုးထီးကဲ့သို့ ပြုကြလော့။ မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံမြို့မှ ထွက်ပြေးလော့။ ခါလဒဲပြည်မှ ထွက်သွားလော့။ သိုးအုပ်ရှေ့မှသွားသောဆိတ်ထီးကဲ့သို့ ပြုလော့။ |
ဗာဗုလုန်ပြည်မှထွက်သွားကြလော့။ လွတ်လပ်စွာထွက်ခွာသွားကြလော့။ ``ထာဝရဘုရားသည်မိမိ၏အစေခံ ဣသရေလအမျိုးသားတို့အားကယ်တော် မူပြီ'' ဟူသော သတင်းကိုဝမ်းမြောက်စွာကြွေးကြော်ကြလော့။ အရပ်တကာတွင်ကြားသိစေကြလော့။
ဇိအုန်မြို့၊သင်သည်တစ်ဖန်ပြန်လည်ကြံ့ခိုင် ခမ်းနားကြီးကျယ်၍လာလော့။ အို ဘုရားသခင်၏သန့်ရှင်းမြင့်မြတ်သည့်မြို့တော်၊ သင်၏ကိုယ်ကိုဘုန်းအသရေနှင့်လွှမ်းခြုံပါလော့။ တိုင်းတစ်ပါးသားတို့သည် နောက်တစ်ဖန်အဘယ်အခါ၌မျှသင်၏ တံခါးထဲ၌ဝင်ရကြတော့မည်မဟုတ်။
သန့်ရှင်းမြင့်မြတ်သည့်ခွက်ဖလားများကို ကိုင်ဆောင်လာသူအပေါင်းတို့၊ ဗာဗုလုန်ပြည်မှချက်ချင်းထွက်ခွာလာကြလော့။ တားမြစ်ထားသည့်အရာများကိုလက်နှင့်မျှ မတို့ကြနှင့်။ သင်တို့ကိုယ်ကိုသန့်စွာထား၍မြို့ထဲမှ ထွက်ခွာသွားကြလော့။
ဣသရေလပြည်သားတို့၊ ထိုမြို့မှထွက်ပြေး ကြလော့။ လူအပေါင်းတို့အသက်ချမ်းသာ ရာရစေရန် ငါ၏ပြင်းထန်သောအမျက် တော်မှရှောင်ပြေးကြလော့။-
ဗာဗုလုန်မြို့မှထွက်ပြေးကြလော့။ သင်တို့ သည်အသက်ဘေးမှလွတ်မြောက်ရန်ထွက် ပြေးလော့။ ဗာဗုလုန်အပြစ်ကြောင့်အသေ မခံကြနှင့်။ ယခုငါသည်ဗာဗုလုန်မြို့ အာခံသည့်အပြစ်ဒဏ်အတွက်လက်စား ချေလျက်ရှိ၏။-
ထိုအခါလူမျိုးပေါင်းမြောက်မြားစွာတို့ သည်ထာဝရဘုရားထံတော်သို့ချဉ်းကပ် ကြလျက် ကိုယ်တော်၏လူမျိုးတော်ဖြစ်လာ ကြလိမ့်မည်။ ကိုယ်တော်သည်သင်တို့အလယ် တွင်ကျိန်းဝပ်တော်မူလိမ့်မည်။ ငါ့အားကိုယ် တော်စေလွှတ်တော်မူလိုက်ကြောင်းကိုလည်း သင်တို့သိကြလိမ့်မည်။-
သူသည်လူအပေါင်းတို့အား``ဤဆိုးယုတ် သောသူတို့၏တဲများနှင့်ဝေးဝေးခွာနေ ကြလော့။ သူတို့နှင့်ဆိုင်သောပစ္စည်းတစ်စုံ တစ်ခုကိုမျှလက်ဖြင့်မထိကြနှင့်။ ငါ ၏စကားကိုနားမထောင်လျှင်သင်တို့ သည်သူတို့၏အပြစ်ကြောင့် သူတို့နှင့် အတူပျက်စီးကြရလိမ့်မည်'' ဟု သတိပေးလေ၏။-
သို့ဖြစ်၍ထာဝရဘုရားက၊ ``ထိုသူတို့အထဲမှထွက်ခဲ့ကြလော့။ သူတို့နှင့်မပေါင်းမဖော်ကြနှင့်။ မသန့်စင်သည့်အရာကိုလက်နှင့်မျှ မပတ်သက်နှင့်။ သို့ပြုလျှင်ငါသည်သင်တို့ကိုလက်ခံမည်။
ထိုနောက်ကောင်းကင်ဘုံကအခြားသောအသံ ကိုငါကြားရ၏။ ထိုအသံက၊ ``ထွက်ခဲ့ကြလော့။ ငါ၏လူစုတော်တို့၊ သူ့ထံမှထွက်ခဲ့ကြလော့။ သူနှင့်အတူအပြစ်မကူးကြနှင့်။ သူနှင့်အတူအပြစ်ဒဏ်ကိုမခံကြနှင့်။