လူတို့သည်စပျစ်သီးများကိုလာ၍ဆွတ် ခူးကြသောအခါ စပျစ်ကိုင်းများတွင်အ သီးအနည်းငယ်ချန်ထားတတ်ကြ၏။ ညဥ့် အခါ၌ဋ္ဌားပြများလာရောက်လျှင်လည်း မိမိတို့နှစ်သက်ရာပစ္စည်းများကိုသာ လျှင်ယူသွားတတ်ကြ၏။-
အ သို့ ဆို သော်၊ စ ပျစ် သီး ဆွတ် သူ တို့ ရောက် လျှင်၊ ကောက် သင်း ကောက် ရန် မျှ မ ချန် သည့် နည်း တူ လည်း ကောင်း၊ ခိုး သူ တို့ ညဉ့် အခါ လာ လျှင်၊ အ လို ရှိ သ လောက် ဖျက် ဆီး မည့် နည်း တူ လည်း ကောင်း၊
စပျစ်သီးကိုဆွတ်သော သူတို့သည် သင်ရှိရာသို့လာလျှင်၊ သူတစ်ပါးလိုက်၍ ဆွတ်စရာဖို့ ကျန်ကြွင်းစေကြလိမ့်မည် မဟုတ်လော။ ညအခါ သူခိုးလာလျှင်၊ စိတ်ပြေလောက်အောင်သာ လုယူကြလိမ့်မည်မဟုတ်လော။
စပျစ်သီးခူးသူတို့သည် စပျစ်သီးလာခူးသောအခါ ကောက်သင်းကောက်သူအတွက် ချန်ထားတတ်၏။ သူခိုးသည်လည်း ညအချိန် လာခိုးသောအခါ လိုချင်သောအရာကိုသာ ခိုးယူသွားတတ်၏။
လူအနည်းငယ်သာလျှင်အသက်မသေဘဲ ကျန်ရှိခါ ဣသရေလသည်လည်းအသီးများ ကိုအကုန်အစင်ဆွတ်ခူးပြီးနောက် အပင် ထိပ်ဖျားတွင်နှစ်လုံးသုံးလုံးနှင့်အကိုင်းများ တွင် လေးငါးလုံးမျှသာကျန်ရှိသည့်သံလွင် ပင်နှင့်တူလိမ့်မည်။ ဤကားအနန္တတန်ခိုးရှင် ငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏'' ဟုမိန့်တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားက ငါ့ အား``စပျစ်ဥယျာဉ်မှစပျစ်သီးရှိသမျှ ကိုအကြွင်းအကျန်မရှိအောင်ဆွတ်ခူးသကဲ့ သို့၊ ဣသရေလပြည်မှလူအကြွင်းအကျန် မရှိစေရ။ သို့ဖြစ်၍သင်သည်အချိန်ရှိခိုက် ကယ်ဆယ်၍ရနိုင်သမျှဣသရေလအမျိုး သားတို့အားကယ်ဆယ်ရမည်ဟုမိန့်တော် မူ၏။
``ကောက်ရိတ်သောအခါ လယ်ကွက်အနား တစ်လျှောက်ရှိကောက်ပင်များကိုမရိတ်ရ။ ကျန်ကြွင်းသောကောက်နှံများကိုလည်း ပြန်ကျော့၍မရိတ်ရ။-