Biblia Todo Logo
အွန်လိုင်း သမ္မာကျမ်းစာ
- ကြော်ငြာတွေ -




ယေ​ရ​မိ 6:9 - Common Language Bible

9 အ​နန္တ​တန်​ခိုး​ရှင်​ထာ​ဝ​ရ​ဘု​ရား​က ငါ့ အား``စ​ပျစ်​ဥ​ယျာဉ်​မှ​စ​ပျစ်​သီး​ရှိ​သ​မျှ ကို​အ​ကြွင်း​အ​ကျန်​မ​ရှိ​အောင်​ဆွတ်​ခူး​သ​ကဲ့ သို့၊ ဣ​သ​ရေ​လ​ပြည်​မှ​လူ​အ​ကြွင်း​အ​ကျန် မ​ရှိ​စေ​ရ။ သို့​ဖြစ်​၍​သင်​သည်​အ​ချိန်​ရှိ​ခိုက် ကယ်​ဆယ်​၍​ရ​နိုင်​သ​မျှ​ဣ​သ​ရေ​လ​အ​မျိုး သား​တို့​အား​ကယ်​ဆယ်​ရ​မည်​ဟု​မိန့်​တော် မူ​၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Garrad Bible

9 ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား က၊ ဣ သ ရေ လ အ ကြွင်း အ ကျန် ကို၊ စ ပျစ် သီး သ ဖွယ် ကောက် သင်း ကောက် ကြ လိမ့် မည် ဟူ၍ လည်း‌ ကောင်း၊ အ သီး ဆွတ် သူ ကဲ့ သို့ အ နွယ် များ အ တွင်း၊ သင့် လက် ဖြင့် ထပ် မံ ဆွတ် ဦး လော့ ဟူ ၍ လည်း‌ ကောင်း၊ မိန့် တော် မူ၏။

အခန်းကိုကြည့်ပါ။ ကော်ပီ

Judson Bible

9 ကောင်း​ကင်​ဗိုလ်​ခြေ​အ​ရှင်​ထာ​ဝ​ရ​ဘု​ရား မိန့်​တော်​မူ​သည်​ကား၊ စ​ပျစ်​နွယ်​ပင်၌ အ​ကျန်​အ​ကြွင်း​ကို လိုက်၍ ဆွတ်​သ​ကဲ့​သို့၊ ထို​သူ​တို့​သည် ဣ​သ​ရေ​လ၌ ကျန်​ကြွင်း​သော​အ​ရာ​ကို​လိုက်၍ အ​ကုန်​အ​စင်​ဆွတ်​ကြ​လိမ့်​မည်။ စ​ပျစ်​သီး​ဆွတ်​သော သူ​ကဲ့​သို့၊ သင်၏​လက်​ကို ခြင်း​တောင်း​ထဲ​သို့ တစ်​ဖန်​သွင်း​ဦး​လော့။

အခန်းကိုကြည့်ပါ။ ကော်ပီ

မြန်​​​မာ့​​​စံ​​​မီ​​​သမ္မာ​​​ကျမ်း​​

9 ကောင်းကင်​ဗိုလ်ခြေ​အရှင်​ထာဝရဘုရား​က “​စပျစ်သီး​အကြွင်းအကျန်​တို့​ကို တစ်လုံးမကျန်​ဆွတ်ခူး​သကဲ့သို့ အစ္စရေး​လူမျိုး​အကြွင်းအကျန်​တို့​ကို ဆွတ်ခူး​ကြ​လိမ့်မည်​။ စပျစ်သီး​ဆွတ်ခူး​သော​သူ​ကဲ့သို့ သင့်​လက်​ကို စပျစ်နွယ်​များ​ကြား​သို့ လှမ်းလိုက်​ဦး​လော့​”​ဟု မိန့်​တော်မူ​၏​။

အခန်းကိုကြည့်ပါ။ ကော်ပီ




ယေ​ရ​မိ 6:9
7 ပူးပေါင်းရင်းမြစ်များ  

အာ​န​သုတ်​မြို့​သား​တို့​ပေါ်​သို့​ဘေး​အန္တ​ရာယ် ဆိုး​ကျ​ရောက်​လာ​သော​နေ့​ကို​ငါ​သတ်​မှတ် ပြီ။ ထို​နေ့​၌​သူ​တို့​တစ်​ဦး​တစ်​ယောက်​မျှ အ​သက်​ရှင်​လျက်​ကျန်​ရှိ​မည်​မ​ဟုတ်'' ဟု​မိန့်​တော်​မူ​၏။


ထာ​ဝ​ရ​ဘု​ရား​က``ငါ​သည်​ဤ​သူ​တို့​ကို ဖမ်း​ရန် တံ​ငါ​သည်​အ​မြောက်​အ​မြား​ကို​ပို့ မည်။ တောင်​ကြီး​တောင်​ငယ်​ရှိ​သ​မျှ​တို့​နှင့် ကျောက်​ဆောင်​များ​အ​ကြား​၌ သူ​တို့​အား လိုက်​လံ​ရှာ​ဖွေ​ရန်​မု​ဆိုး​အ​မြောက် အ​မြား​ကို​ပို့​မည်။-


လူ​တို့​သည်​စ​ပျစ်​သီး​များ​ကို​လာ​၍​ဆွတ် ခူး​ကြ​သော​အ​ခါ စ​ပျစ်​ကိုင်း​များ​တွင်​အ သီး​အ​နည်း​ငယ်​ချန်​ထား​တတ်​ကြ​၏။ ညဥ့် အ​ခါ​၌​ဋ္ဌား​ပြ​များ​လာ​ရောက်​လျှင်​လည်း မိ​မိ​တို့​နှစ်​သက်​ရာ​ပစ္စည်း​များ​ကို​သာ လျှင်​ယူ​သွား​တတ်​ကြ​၏။-


ငါ​ကွဲ​လွင့်​စေ​ရာ​အ​ရပ်​များ​တွင်​အ​သက် မ​သေ​ဘဲ​ကျန်​ရှိ​သူ၊ ဤ​ဆိုး​ညစ်​သည့်​ခေတ် မှ​လူ​တို့​သည် မိ​မိ​တို့​ဆက်​လက်​အ​သက်​ရှင် ရန်​ထက်​သေ​ရန်​ပို​မို​လို​လား​တောင့်​တ​ကြ လိမ့်​မည်။ ဤ​ကား​အ​နန္တ​တန်ခိုး​ရှင်​ငါ​ထာ​ဝ​ရ ဘု​ရား​မြွက်​ဟ​သည့်​စ​ကား​ဖြစ်​၏'' ဟု မိန့်​တော်​မူ​၏။


ထို​နောက်​မီး​ကို​အ​စိုး​ရ​သော​ကောင်း​ကင်​တ​မန် သည် ယဇ်​ပလ္လင်​တော်​မှ​ထွက်​လာ​၏။ သူ​သည်​တံ​စဉ် ကို​ကိုင်​ထား​သည့်​ကောင်း​ကင်​တ​မန်​အား``သင်​၏ တံ​စဉ်​ကို​ယူ​၍ ကမ္ဘာ​မြေ​ပေါ်​က​စ​ပျစ်​သီး​တို့ ကို​ရိတ်​သိမ်း​လော့။ စ​ပျစ်​သီး​များ​မှည့်​လေ​ပြီ'' ဟု​အ​သံ​ကျယ်​စွာ​ပြော​၏။-


ကြှနျုပျတို့နောကျလိုကျပါ:

ကြော်ငြာတွေ


ကြော်ငြာတွေ