လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
ယေရမိ 48:40 - Common Language Bible တောင်ပံများကိုဖြန့်၍ထားသည့်လင်းယုန် ငှက်ကဲ့သို့ရန်သူသည်မောဘပြည်ပေါ်သို့ ထိုးဆင်းလိမ့်မည်ဖြစ်ကြောင်းထာဝရ ဘုရားမိန့်ကြားခဲ့လေပြီ။- Garrad Bible အ သို့ ဆို သော်၊ ထာ ဝ ရ ဘု ရား မိန့် တော် မူ သည် မှာ၊ ရန် သူ သည် လင်း ယုန် သ ဖွယ် အ တောင် ဖြန့် လျက်၊ မော ဘ ပြည် ပေါ် သို့ သုတ် လာ သ ဖြင့်၊ Judson Bible ထာဝရဘုရားမိန့်တော်မူသည်ကား၊ ရန်သူသည် ရွှေလင်းတပျံတတ်သကဲ့သို့ ပျံလာ၍၊ အတောင်တို့နှင့် မောဘပြည်ကို အုပ်မိုးလိမ့်မည်။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ကြည့်ရှုလော့။ ရန်သူသည် လင်းယုန်ကဲ့သို့ အတောင်ပံကိုဖြန့်၍ မောဘပြည်ရှိရာသို့ ထိုးဆင်းလာလေပြီ။ |
လေ၌ရွှေလင်းတသွားရာလမ်းတပါး၊ ကျောက် ပေါ်မှာ မြွေသွားရာလမ်းတပါး၊ ပင်လယ်အလယ်၌ သင်္ဘောသွားရာလမ်းတပါး၊ အပျိုမနှင့် ယောက်ျားသွား ရာလမ်းတပါးတည်း။
ထိုပြည်သူနှစ်ရပ်တို့သည်ပူးပေါင်း၍ အနောက်ဘက်ရှိဖိလိတ္တိအမျိုးသားတို့ အားတိုက်ခိုက်၍ အရှေ့ပြည်တွင်နေထိုင် ကြသူတို့၏ဥစ္စာပစ္စည်းများကိုလုယူကြ လိမ့်မည်။ သူတို့သည်ဧဒုံအမျိုးသားများ နှင့်မောဘအမျိုးသားတို့ကိုအနိုင်ရ၍ အမ္မုန်အမျိုးသားတို့အားလည်းမိမိတို့ ၏သြဇာခံဖြစ်စေကြလိမ့်မည်။-
အာရှုရိဘုရင်နှင့်တပ်မတော်တည်းဟူသော မြစ်လျှံရေတို့သည် ယုဒပြည်တစ်လျှောက်လုံး သို့ဆင်းဝင်ကာ ခပ်သိမ်းသောအရာတို့ကိုလူ တို့လည်မျိုလောက်တိုင်အောင်လွှမ်းမိုးကြ လိမ့်မည်'' ဟုငါ့အားမိန့်တော်မူ၏။ အို ဧမာနွေလဘုရားသခင်သည်ငါတို့နှင့် အတူရှိတော်မူပါသည်တကား။ ကိုယ်တော် သည်မိမိမေတ္တာအတောင်တော်ကိုဖြန့်၍ ငါ တို့ပြည်ကိုကွယ်ကာစောင့်ရှောက်တော်မူ၏။
ကြည့်ရှုကြလော့။ ရန်သူသည်မိုးတိမ်သဖွယ် လာလိမ့်မည်။ သူ၏စစ်ရထားများသည်လေပွေ နှင့်တူ၍ သူ၏မြင်းတို့သည်လင်းယုန်ငှက်များ ထက်လျင်မြန်ကြ၏။ ငါတို့အရေးရှုံးနိမ့်ကြ လေပြီ။ ငါတို့သည်အမင်္ဂလာရှိပါသည် တကား။-
ကောင်းကင်မှအတောင်ကိုဖြန့်လျက်ထိုးဆင်း လာသည့်လင်းယုန်ငှက်ကဲ့သို့ ရန်သူသည် ဗောဇရမြို့ကိုတိုက်ခိုက်လိမ့်မည်။ ထိုအခါ ဧဒုံစစ်သည်တပ်သားတို့သည်သားဖွား ဝေဒနာခံရသည့်အမျိုးသမီးကဲ့သို့ ထိတ်လန့်တုန်လှုပ်ကြလိမ့်မည်'' ဟုမိန့်တော် မူ၏။
သူတို့သည်မိုးကောင်းကင်မှထိုးဆင်းလာသည့် လင်းယုန်ငှက်များကဲ့သို့ငါတို့ကိုလိုက်လံ ဖမ်းဆီးကြပါ၏။ တောင်ကုန်းများတွင်ငါတို့ကိုလိုက်၍ရှာဖွေ ကြပါ၏။ သဲကန္တာရတွင်အမှတ်မထင်ဖမ်းဆီးကြပါ၏။
ပထမသားရဲသည်ခြင်္သေ့နှင့်တူ၍လင်းယုန်ကဲ့သို့အတောင်များရှိ၏။ ငါသည်ကြည့်ရှုနေစဉ်ထိုသားရဲသည်အတောင်များပြုတ်၍သွားပြီးလျှင် မြေပေါ်သို့မြောက်တက်ကာလူကဲ့သို့မတ်တတ်ရပ်လျက်နေ၏။ ထိုနောက်သူသည်လူ့စိတ်ကိုရလေသည်။
ထာဝရဘုရားက``တံပိုးခရာမှုတ်၍ သတိပေးလော့၊ ရန်သူများသည်သိမ်းငှက် သဖွယ် ငါ၏နိုင်ငံတော်ကိုထိုးသုတ်လျက် ရှိကြပြီ။ ငါ၏လူမျိုးတော်သည်ငါနှင့် ပြုလုပ်သောပဋိညာဉ်ကိုချိုးဖောက်၍ ငါ၏လူမျိုးတော်သည်ငါနှင့်ပညတ်ကို ပစ်ပယ်ကြပြီ။-
``သူတို့၏မြင်းများသည်ကျားသစ်ထက်လျင်မြန်၍ အစာဆာလောင်နေသောဝံပုလွေထက်ပင်ကြောက်မက်ဖွယ်ကောင်း၏။ မြင်းစီးသူရဲတို့သည်မြင်းများကို ရပ်ဝေးမှအပြင်းနှင်၍လာကြ၏။ သူတို့၏မြင်းများသည်မြေကိုခွာဖြင့်ရှပ်ကြ၏။ သူတို့သည်အစာကိုချီသုတ်မည့်လင်းယုန်ငှက်ကဲ့သို့တစ်ရှိန်ထိုးမောင်းနှင်လာလေသည်။
ထာဝရဘုရားသည်သင်တို့ကိုတိုက်ခိုက် စေရန် သင်တို့နှင့်ဘာသာစကားချင်းမတူ သောကမ္ဘာတစ်စွန်းမှ လူမျိုးတစ်မျိုးကိုခေါ် ဆောင်ခဲ့တော်မူလိမ့်မည်။ ထိုသူတို့သည် လင်းယုန်ထိုးသုတ်သကဲ့သို့ သင်တို့ကို တိုက်ခိုက်လိမ့်မည်။-