ငါသည်မိဇပါမြို့တွင်နေ၍ဗာဗုလုန် အမျိုးသားတို့လာရောက်ချိန်၌ သင်တို့ ကိုယ်စားပြုပါမည်။ သင်တို့မူကားစပျစ် ရည်၊ သစ်သီးနှင့်သံလွင်ဆီတို့ကိုစုသိမ်း သိုလှောင်ကာ မိမိတို့ရွာများတွင်နေထိုင် ကြလော့'' ဟုဆို၏။-
ယေရမိ 48:32 - Common Language Bible ယာဇာမြို့သူမြို့သားတို့အတွက်ငိုကြွေး သည်ထက်စိဗမာမြို့သူမြို့သားများ အတွက် ငါပို၍ငိုကြွေးမည်။ အို စိဗမာမြို့၊ သင်သည်ပင်လယ်သေကိုကျော်ဖြတ်၍ ယာဇာမြို့တိုင်အောင်ပျံ့နှံ့သွားသည့်စပျစ် ပင်နှင့်တူ၏။ သို့ရာတွင်ယခုအခါ၌သင် ၏နွေရာသီသစ်သီးဝလံများနှင့်စပျစ် ပင်များသည်အဖျက်အဆီးခံရကြလေ ပြီ။- Garrad Bible အို တစ် ဘက် သို့ ပြန့် ပွား လျက်၊ ယာ ဇာ အိုင် တိုင် အောင် ရောက် သည့် အ ခက် အ လက် နှင့် ပြည့် စုံ သော၊ အို စိ ဗ မာ စ ပျစ် ပင်၊ သင့် အ သီး အ ရည် ကို လု ယက် သူ တို့ ရ ပြီး ဖြစ် သော ကြောင့်၊ ယာ ဇာ သူ မြို့ သား တို့ ငို ကြွေး ကြ သည် ထက်၊ ငါ ငို ကြွေး မည်။ Judson Bible အို စိဗမာစပျစ်နွယ်ပင်၊ ယာဇာမြို့အတွက် မျက်ရည်ကျသည်ထက်၊ သင့်အတွက် ငါသည် မျက်ရည်ကျမည်။ သင်၏အညွန့်တို့သည် ပင်လယ်ကိုလွန်၍၊ ယာဇာပင်လယ်တိုင်အောင် ရောက်ကြ၏။ ဖျက်ဆီးသောသူသည် သင်၏သစ်သီးနှင့် စပျစ်သီးတို့ကို လုယူ၏။ မြန်မာ့စံမီသမ္မာကျမ်း အို စိဗမာမြို့ရှိစပျစ်နွယ်ပင်၊ ယာဇာမြို့ကြောင့် ငိုကြွေးသည်ထက် သင့်ကြောင့် ငါငိုကြွေးမည်။ သင်၏အကိုင်းတို့သည် ဖြာထွက်၍ ယာဇာပင်လယ်တိုင်အောင် ရောက်ရှိကြ၏။ သို့သော် သင်၏နွေရာသီသီးနှံနှင့် စပျစ်သီးတို့သည် အဖျက်ဆီးခံရလေပြီ။ |
ငါသည်မိဇပါမြို့တွင်နေ၍ဗာဗုလုန် အမျိုးသားတို့လာရောက်ချိန်၌ သင်တို့ ကိုယ်စားပြုပါမည်။ သင်တို့မူကားစပျစ် ရည်၊ သစ်သီးနှင့်သံလွင်ဆီတို့ကိုစုသိမ်း သိုလှောင်ကာ မိမိတို့ရွာများတွင်နေထိုင် ကြလော့'' ဟုဆို၏။-
မောဘပြည်နှင့်မြို့တို့သည်ပျက်စီးကာ သူတို့၏လက်ရွေးစင်လူငယ်လူရွယ်တို့သည် အသတ်ခံရကြလေပြီ။ ငါသည်အနန္တတန်ခိုးရှင်ထာဝရဘုရား တည်းဟူသော ဘုရင်ဖြစ်တော်မူ၏။ ဤကားငါမြွက်ဟသည့်စကားဖြစ်၏။
ဒိဘုန်မြို့တွင်နေထိုင်သူတို့၊ သင်တို့သည်ဂုဏ်အသရေရှိသည့်နေရာမှ သက်ဆင်း၍မြေမှုန့်ပေါ်တွင်ထိုင်ကြလော့။ မောဘပြည်ကိုပျက်ပြုန်းစေသောသူသည် ဤအရပ်သို့ရောက်ရှိလာကာသင်၏ခံတပ် များကို ဖြိုဖျက်လိုက်လေပြီ။
အဘယ်မြို့မျှဆုံးပါးပျက်စီးမှုနှင့် ကင်းလွတ်လိမ့်မည်မဟုတ်။ ချိုင့်ဝှမ်းရော၊လွင်ပြင်ပါပျက်စီးလိမ့်မည်။ ဤကားငါထာဝရဘုရားမြွက်ဟသည့်စကား ဖြစ်၏။
မောရှေသည်ယာဇာမြို့ကိုမတိုက်ခိုက်မီ လူကို စေလွှတ်၍ထောက်လှမ်းစေ၏။ ဣသရေလအမျိုး သားတို့သည်ထိုမြို့နှင့်တကွ ပတ်ဝန်းကျင်ရှိမြို့ များကိုတိုက်ခိုက်သိမ်းပိုက်သဖြင့် အာမောရိ အမျိုးသားတို့သည်ထိုမြို့များမှထွက်ပြေး ကြ၏။
ရုဗင်အနွယ်နှင့်ဂဒ်အနွယ်တို့တွင် သိုးနွား တိရစ္ဆာန်မြောက်မြားစွာရှိကြ၏။ ယာဇာ ပြည်နှင့်ဂိလဒ်ပြည်တွင်စားကျက်ကောင်း များရှိကြောင်းသိရှိရသောအခါ၊-
``ထာဝရဘုရားကူမတော်မူခြင်းဖြင့်ဣသ ရေလအမျိုးသားတို့သိမ်းပိုက်ရရှိသော အတ ရုတ်မြို့၊ ဒိဘုန်မြို့၊ ယာဇာမြို့၊ နိမရမြို့၊ ဟေရှ ဘုန်မြို့၊ ဧလာလေမြို့၊ ရှေဘံမြို့၊ နေဗောမြို့နှင့် ဗောနမြို့များတည်ရှိရာဒေသတွင်စားကျက် ကောင်းများရှိပါသည်။ အကျွန်ုပ်တို့တွင်သိုး နွားတိရစ္ဆာန်များစွာရှိပါသည်။-
နေဗောမြို့၊ ဗာလမောနမြို့(ဤမြို့၏နာမည် ကိုပြောင်းလိုက်၏) နှင့်ရှိဗမမြို့များကို ပြန်လည်တည်ဆောက်ကြသည်။ သူတို့ပြန် လည်တည်ဆောက်သောမြို့များကိုနာမည် သစ်ဖြင့်မှည့်ခေါ်ကြသည်။
ကိရယသိမ်မြို့၊ စိဗမာမြို့၊ ချိုင့်ဝှမ်းတောင် ကုန်းပေါ်ရှိဇာရက်ရှာဟာမြို့၊-
သူတို့၏နယ်မြေသည်ယာဇာမြို့နှင့်ဂိလဒ် ပြည်ရှိမြို့အားလုံး၊ ရဗ္ဗာမြို့အရှေ့ဘက်တွင် ရှိသောအာရော်မြို့အထိကျယ်ပြန့်သော အမ္မုန်ပြည်တစ်ဝက်ပါဝင်သည်။-