ထိုအခါဗာဗုလုန်အမျိုးသားတို့ကိုကြောက် သောကြောင့် ဆင်းရဲချမ်းသာသူဣသရေလအမျိုး သားအပေါင်းတို့သည် တပ်မတော်အရာရှိများ နှင့်အတူအီဂျစ်ပြည်သို့ထွက်ပြေးကြ၏။
ယေရမိ 42:11 - Common Language Bible ဗာဗုလုန်ဘုရင်ကိုမကြောက်ကြနှင့်တော့။ ငါသည်သင်တို့နှင့်အတူရှိပြီဖြစ်၍သင် တို့အားသူ၏လက်မှကယ်တင်မည်။- Garrad Bible သင် တို့ ကြောက် ရွံ့ သော ဗာ ဗု လုန် ဘု ရင် ကို၊ မ ကြောက် ရွံ့ ကြ လင့်။ ငါ သည်၊ ထို ဘု ရင် လက် မှ ကယ် ဆယ်၍၊ လွတ် မြောက် စေ ရန်၊ သင် တို့ နှင့် အ တူ ရှိ သော ကြောင့်၊ မ ကြောက် ရွံ့ ကြ လင့် ဟု၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို လျက်၊ Judson Bible သင်တို့ကြောက်တတ်သော ဗာဗုလုန်ရှင်ဘုရင်ကို မကြောက်ကြနှင့်။ ထာ၀ရဘုရားမိန့်တော်မူသည်ကား၊ ထိုရှင်ဘုရင်ကို မကြောက်ကြနှင့်။ ငါသည် သင်တို့ကိုကယ်တင်၍၊ ထိုမင်းလက်မှ နုတ်ယူခြင်းငှာ သင်တို့ဘက်၌ရှိ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက ‘သင်တို့ကြောက်ရသော ဘေဘီလုံဘုရင်ကို သင်တို့မကြောက်ကြနှင့်။ သင်တို့နှင့်အတူ ငါရှိသည်ဖြစ်၍ ထိုဘုရင်လက်မှ သင်တို့ကို ငါရွေးနုတ်ကယ်တင်မည်။ သူ့ကို သင်တို့မကြောက်ကြနှင့်။ |
ထိုအခါဗာဗုလုန်အမျိုးသားတို့ကိုကြောက် သောကြောင့် ဆင်းရဲချမ်းသာသူဣသရေလအမျိုး သားအပေါင်းတို့သည် တပ်မတော်အရာရှိများ နှင့်အတူအီဂျစ်ပြည်သို့ထွက်ပြေးကြ၏။
ထာဝရဘုရားသည်ငါနှင့်အတူ ရှိတော်မူသည်ဖြစ်၍ ငါသည်ကြောက်လန့်လိမ့်မည်မဟုတ်။ လူသည် ငါ့ကိုအဘယ်သို့ပြုနိုင်ပါသနည်း။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
သင်တို့သည်ရေနက်ထဲသို့လျှောက်သွားရသောအခါ ငါသည်သင်တို့နှင့်အတူရှိမည်။ ဆင်းရဲဒုက္ခများသည်သင်တို့ကိုလွှမ်းမိုး ရလိမ့်မည်မဟုတ်။ သင်တို့သည်မီးထဲသို့လျှောက်သွားရသော အခါ မီးအလောင်ခံရကြလိမ့်မည်မဟုတ်။ ပြင်းထန်သောစုံစမ်းခြင်းများသည်သင်တို့ကို ထိခိုက်နစ်နာစေလိမ့်မည်မဟုတ်။
မကြောက်ကြနှင့်ငါသည်သင်တို့နှင့်အတူ ရှိ၏။ ``ဝေးလံသောအရှေ့အရပ်နှင့်အနောက်အရပ်၊ အစွန်ဆုံးဒေသမှသင်တို့အမျိုးသားများ ကို မိမိတို့ပြည်သို့ငါခေါ်ဆောင်ခဲ့မည်။
ငါသည်သင်နှင့်အတူရှိ၍သင့်အားကွယ် ကာတော်မူမည်။ သို့ဖြစ်၍သင်သည်ထိုသူ တို့ကိုမကြောက်နှင့်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု ငါ့ကိုမိန့်တော်မူ၏။
ထိုသူတို့အားခုခံတိုက်ခိုက်နိုင်ရန် ငါသည် သင့်အားကြေးဝါတံတိုင်းသဖွယ်ဖြစ်စေမည်။ သူတို့သည်သင့်ကိုတိုက်ခိုက်ကြမည်ဖြစ်သော် လည်းသင့်ကိုနှိမ်နင်းနိုင်လိမ့်မည်မဟုတ်။ သင့် ကိုကွယ်ကာစောင့်ရှောက်၍ဘေးမဲ့လုံခြုံစွာ ထားရှိနိုင်ရန်ငါသည်သင်နှင့်အတူရှိတော် မူမည်'' ဟုထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
သို့သော်အကြင်လူမျိုးသည်ဗာဗုလုန်ဘုရင် ၏ထမ်းပိုးအောက်တွင် အညံ့ခံ၍သူ၏အစေ ကိုခံ၏။ ထိုလူမျိုးအားငါသည်မိမိတို့တိုင်း ပြည်တွင် ထွန်ယက်လုပ်ကိုင်နေထိုင်ခွင့်ကိုပေး တော်မူမည်။ ဤကားငါထာဝရဘုရား မြွက်ဟသည့်စကားဖြစ်၏'' ဟုမိန့်တော် မူ၏။
ငါသည်ယုဒဘုရင်ဟေဇကိအားလည်း အထက်ပါအတိုင်းလျှောက်၏။ ငါက``အရှင် သည်ဗာဗုလုန်ဘုရင်၏ထမ်းပိုးအောက်တွင် အညံ့ခံပါလော့။ ထိုဘုရင်နှင့်သူ၏အမျိုး သားများ၏အစေကိုခံပါမူအသက်ချမ်း သာရာရပါလိမ့်မည်။-
သူတို့၏စကားကိုနားမထောင်ကြနှင့်။ ဗာ ဗုလုန်မင်း၏အစေကိုခံကြလော့။ သို့ပြု လျှင်သင်တို့အသက်ချမ်းသာရာရလိမ့်မည်။ ဤမြို့သည်အဘယ်ကြောင့်ယိုယွင်းပျက်စီး ၍သွားရပါမည်နည်း။-
ဣရှမေလသည်ယုဒဘုရင်ခံအဖြစ် ဗာဗုလုန်ဘုရင်ခန့်ထားခဲ့သူဂေဒလိအား သတ်ဖြတ်ခဲ့သည့်အတွက် သူတို့သည်ဗာဗု လုန်အမျိုးသားတို့ကိုကြောက်ကြ၏။
ထာဝရဘုရားကိုမပုန်ကန်ကြပါနှင့်။ ခါနာန်ပြည်သားတို့ကိုလည်းမကြောက်ရွံ့ ကြပါနှင့်။ ငါတို့သည်သူတို့ကိုလွယ်ကူ စွာတိုက်ခိုက်အောင်မြင်နိုင်ပါမည်။ ထာဝရ ဘုရားသည်ငါတို့နှင့်အတူရှိတော်မူ၍ သူတို့ကိုကွယ်ကာစောင့်ရှောက်သောဘုရား များကိုလည်း နှိမ်နင်းအောင်မြင်တော်မူပြီး ဖြစ်၍မကြောက်ရွံ့ကြပါနှင့်'' ဟုလူတို့ အားပြောကြ၏။-
ကိုယ်ခန္ဓာကိုဖျက်ဆီးနိုင်သော်လည်းဝိညာဉ်ကို မဖျက်ဆီးနိုင်သောသူများအားမကြောက်ကြ နှင့်။ ကိုယ်ခန္ဓာနှင့်ဝိညာဉ်ကိုငရဲတွင်ဖျက်ဆီး နိုင်သောဘုရားသခင်ကိုသာလျှင်ကြောက်ကြ လော့။-
သင်တို့အားငါပေးသမျှသောပညတ်တို့ကို စောင့်ထိန်းကြစေရန်သူတို့အားသွန်သင်ကြလော့။ ငါသည်ကပ်ကမ္ဘာကုန်ဆုံးချိန်တိုင်အောင်သင်တို့ နှင့်အတူအစဉ်မပြတ်ရှိတော်မူမည်'' ဟု မိန့်တော်မူ၏။ ရှင်မဿဲခရစ်ဝင်ပြီး၏။
အဘယ်သူမျှသင့်ကိုဘေးအန္တရာယ်မပြုနိုင်။ ဤမြို့ရှိလူအမြောက်အမြားတို့သည် ငါ့ လူစုတော်ဝင်များဖြစ်ကြ၏'' ဟုမိန့်တော် မူ၏။-
အထက်ပါအချက်များကိုထောက်၍မည်သို့ ဆိုရအံ့နည်း။ ဘုရားသခင်သည်ငါတို့ဘက် ၌ရှိတော်မူလျှင်အဘယ်သူမျှငါတို့အား ဆန့်ကျင်နိုင်မည်မဟုတ်။-
သင်တို့၏ဘုရားသခင်ထာဝရဘုရားသည် သင်တို့နှင့်အတူချီတက်တော်မူမည်ဖြစ်၍ သင်တို့အားအောင်ပွဲကိုခံစေတော်မူလိမ့်မည်' ဟုတပ်သားတို့ကိုအားပေးနှိုးဆော်ရမည်။
သခင်ဘုရားသည်ငါနှင့်အတူရှိတော်မူ၍ငါ့ကို ခွန်အားပေးတော်မူသဖြင့် ငါသည်လူမျိုးခြား အပေါင်းတို့အားတရားတော်ကိုအကုန်အစင် ဟောပြောနိုင်၏။ ကိုယ်တော်ကယ်တော်မူသဖြင့် ငါသည်သေဒဏ်ခံရခြင်းမှကင်းလွတ်ခွင့်ကို လည်းရရှိ၏။-
ယောရှု၊ သင်အသက်ရှင်သမျှကာလပတ်လုံး မည်သူမျှသင့်အားခုခံနိုင်လိမ့်မည်မဟုတ်။ ငါသည်မောရှေနှင့်အတူရှိတော်မူသည့်နည်း တူပင် သင်နှင့်လည်းအတူရှိမည်။ သင့်ကိုမည် သည့်အခါမျှစွန့်ပစ်ထားမည်မဟုတ်။ သင် နှင့်အတူအစဉ်ရှိတော်မူမည်။-
သို့ဖြစ်၍ငါမိန့်မှာသည့်အတိုင်းရဲရင့်ခြင်း ရှိလော့။ ကြောက်ရွံ့ခြင်းမရှိနှင့်။ စိတ်မပျက်နှင့်။ သင်၏ဘုရားသခင်ငါထာဝရဘုရားသည် သင်သွားလေရာရာ၌သင်နှင့်အတူရှိတော် မူ၏'' ဟုမိန့်တော်မူ၏။