ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
ယေရမိ 39:11 - Common Language Bible ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာသည် တပ်မှူး နေဗုဇာရဒန်အား၊- Garrad Bible ယေ ရ မိ ကို ရည် လျက် ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း က၊ ထို သူ့ ကို ပင့် ခေါ် ပြီး လျှင် အ န္တ ရာယ် မ ပြု ဘဲ၊ ဒိ ဋ္ဌ ကြည့် ရှု လျက် တောင်း သ မျှ ပေး လော့ ဟု ကိုယ် ရံ တော် မှူး နေ ဗု ဇာ ရ ဒန် အား မှာ လိုက် သည် နှင့် အ ညီ၊ Judson Bible ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာသည် ယေရမိအမှု၌၊ ကိုယ်ရံတော်မှူးနေဗုဇာရဒန်ကို မှာထားနှင့်သည်ကား၊ မြန်မာ့စံမီသမ္မာကျမ်း ဘေဘီလုံဘုရင်နေဗုခဒ်နေဇာမင်းကြီးသည် ယေရမိနှင့်ပတ်သက်၍ ကိုယ်ရံတော်မှူးနေဗုဇာရဒန်အား |
ထိုသူတို့စီရင်သောထားဘေးမှ၎င်း၊ အားကြီးသောသူတို့၏ လက်မှ၎င်း၊ ဆင်းရဲသားတို့ကို ကယ်နှုတ် တော်မူ၏။
ထိုသို့ ဆင်းရဲသားတို့သည် မြော်လင့်ရာအခွင့် ရှိကြ၏။ အဓမ္မသည်လည်း မိမိနှုတ်ကို ပိတ်ထားရ၏။
သင့်ကိုအမှုခြောက်ပါးထဲက နှုတ်ယူတော်မူ သည်သာမက၊ ခုနစ်ပါးသောအမှု၌လည်း ဘေးတစုံတခုမျှ မထိမခိုက်ရ။
ငါသည်သင်နှင့်အတူရှိ၍သင့်အားကွယ် ကာတော်မူမည်။ သို့ဖြစ်၍သင်သည်ထိုသူ တို့ကိုမကြောက်နှင့်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု ငါ့ကိုမိန့်တော်မူ၏။
ထာဝရဘုရားက``ငါသည်ကောင်းကျိုး ရစေအံ့ငှာသင့်ကိုကယ်ဆယ်မည်။ ဘေး အန္တရာယ်ပူပင်သောကရောက်သောအချိန် တွင် သင်၏ရန်သူတို့သည်အထံတော်သို့ လျှောက်လဲပန်ကြားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။-
ထိုသူတို့အားခုခံတိုက်ခိုက်နိုင်ရန် ငါသည် သင့်အားကြေးဝါတံတိုင်းသဖွယ်ဖြစ်စေမည်။ သူတို့သည်သင့်ကိုတိုက်ခိုက်ကြမည်ဖြစ်သော် လည်းသင့်ကိုနှိမ်နင်းနိုင်လိမ့်မည်မဟုတ်။ သင့် ကိုကွယ်ကာစောင့်ရှောက်၍ဘေးမဲ့လုံခြုံစွာ ထားရှိနိုင်ရန်ငါသည်သင်နှင့်အတူရှိတော် မူမည်'' ဟုထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။-
``သင့်ကိုသူယုတ်မာတို့၏လက်မှကယ်ဆယ် ၍ အကြမ်းဖက်သမားတို့၏ဘေးမှကယ် တင်မည်။''
ဇေဒကိနှင့်သူ၏မှူးမတ်များနှင့်ပြည်သူ များသည် ငါ့အားထာဝရဘုရားပေးတော် မူသောဗျာဒိတ်တော်ကိုမလိုက်နာကြ။
တပ်မှူးနေဗုဇာရဒန်သည်ငါ့အားရာမမြို့ တွင်အနှောင်အဖွဲ့မှဖြေလွှတ်ပြီးသောအခါ ထာဝရဘုရားသည်ငါ့ကိုဗျာဒိတ်ပေးတော် မူ၏။ ငါသည်ဗာဗုလုန်မြို့သို့ဖမ်းဆီးခေါ်ဆောင် လာသော အခြားယေရုရှလင်မြို့သူမြို့သား များ၊ ယုဒပြည်သားများနှင့်အတူထိုမြို့ သို့လိုက်ပါလာခဲ့ရလေသည်။
ယခုသင်၏လက်ကောက်ဝတ်မှသံကြိုးများ ကိုငါဖြုတ်ပေးမည်။ သင်သည်ငါနှင့်အတူ ဗာဗုလုန်မြို့သို့လိုက်လိုကလိုက်ပါလော့။ သင့်အားကောင်းစွာငါကြည့်ရှုပါမည်။ သင် မလိုက်လိုလျှင်နေနိုင်ပါသည်။ တစ်ပြည် လုံးမှသင်ကြိုက်ရာအရပ်သို့သင်သွား နိုင်သည်'' ဟုပြော၏။
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနန်းစံတစ် ဆယ့်ကိုးနှစ်မြောက်၊ ပဉ္စမလဆယ်ရက်နေ့၌ မင်းကြီး၏အတိုင်ပင်ခံအမတ်နှင့်အစောင့် တပ်မတော်မှူးနေဗုဇရဒန်သည် ယေရုရှ လင်မြို့သို့ဝင်ရောက်လာ၏။-
ပေါလုကိုအစောင့်အကြပ်နှင့်အကျယ်ချုပ် ထားကာ သူ၏မိတ်ဆွေသင်္ဂဟများလာရောက် ပြုစုသည်ကိုခွင့်ပြုရန်တပ်ခွဲမှူးအားအမိန့် ပေး၏။