စေတမန်တို့သည်ဧဖရိမ်နှင့်မနာရှေအနွယ် များ၏နယ်မြေများမြို့ရှိသမျှနှင့် မြောက်ဘက် ဇာဗုလုန်နယ်မြေသို့သွားရောက်ကြသော်လည်း လူတို့သည်သူတို့အားပြက်ရယ်ပြုကာပြောင် လှောင်ကြလေသည်။-
ယေရမိ 38:19 - Common Language Bible သို့ရာတွင်ဇေဒကိမင်းက``ဗာဗုလုန်အမျိုး သားတို့ဘက်သို့ထွက်ပြေးကြသောယုဒ အမျိုးသားတို့ကိုငါကြောက်၏။ အကယ် ၍ငါသည်သူတို့လက်သို့အအပ်ခံရခဲ့ သော်သူတို့သည်ငါ့အားအပြင်းအထန် ညှင်းဆဲကြလိမ့်မည်'' ဟုဆို၏။ Garrad Bible ခါ လ ဒဲ တပ် သား တို့ ဘက် သို့ ကူး ဝင် နှင့် သော ယု ဒ အ မျိုး သား တို့ လက် တွင်း သို့ ရောက် ၍ ရက် စက် ကြမ်း ကြုတ် စွာ ခံ ရ မည် ကို ငါ စိုး ရိမ် သည် ဟု ဇေ ဒ ကိ မင်း ဆို သော်၊ Judson Bible ဇေဒကိမင်းကြီးကလည်း၊ ခါလဒဲလူတို့ဘက်သို့ ကူးသွားသော ယုဒလူတို့ကို ငါကြောက်၏။ ငါ့ကို သူတို့လက်သို့အပ်၍၊ ငါသည်ကဲ့ရဲ့ခြင်းကိုခံရမည် စိုးရိမ်သည်ဟုဆိုလျှင်၊ မြန်မာ့စံမီသမ္မာကျမ်း ဇေဒကိမင်းကြီးကလည်း ယေရမိအား “ခါလဒဲလူမျိုးတို့ဘက်သို့ရောက်သွားသော ဂျူးလူမျိုးတို့ကို ငါကြောက်၏။ ငါ့ကို သူတို့လက်သို့အပ်ကြ၍ ငါသည် အညှဉ်းဆဲခံရလိမ့်မည်”ဟု မိန့်ဆို၏။ |
စေတမန်တို့သည်ဧဖရိမ်နှင့်မနာရှေအနွယ် များ၏နယ်မြေများမြို့ရှိသမျှနှင့် မြောက်ဘက် ဇာဗုလုန်နယ်မြေသို့သွားရောက်ကြသော်လည်း လူတို့သည်သူတို့အားပြက်ရယ်ပြုကာပြောင် လှောင်ကြလေသည်။-
မြို့ရိုးကိုငါတို့ယုဒအမျိုးသားတို့ ပြန် လည်တည်ဆောက်လျက်ရှိကြကြောင်းကို သမ္ဘာလတ်ကြားသိသောအခါ လွန်စွာ အမျက်ထွက်၍ငါတို့အားပြက်ရယ် ပြုလေ၏။-
ထိုသို့ပြုမိလျှင်၊ ကြီးသော ပရိတ်သတ်ရှေ့မှာ ငါ့မျက်နှာပျက်ပါစေ။ လူအမျိုးမျိုးတို့သည် ကဲ့ရဲ့၍ ငါ့အရှက်ကွဲပါစေ။ အိမ်ပြင်သို့မထွက်ဘဲ တိတ်ဆိတ်စွာ နေရပါစေ။
လူကိုကြောက်ရွံ့ခြင်း သဘောသည် ကျော့ကွင်း ကို ထောင် တတ်၏။ ထာဝရဘုရားကို ခိုလှုံသောသူမူ ကား လုံခြုံလိမ့်မည်။
ထာဝရဘုရားက``ငါ့အားလိမ်လည်ပြော ဆို၍လုံးဝမေ့လျော့၍အမှတ်မရကြ သည့်တိုင်အောင် သင်တို့ကြောက်လန့်ကြသည့် ဘုရားများကားအဘယ်သူများပေနည်း။ ငါသည်ကြာမြင့်စွာဆိတ်ဆိတ်နေခဲ့သဖြင့် သင်တို့သည်ငါ့ကိုမကြောက်တော့ဘဲရှိနေ ကြပါသလော။-
အို ထာဝရဘုရား၊ကိုယ်တော်ရှင်သည် ကျွန်တော်မျိုးအားလှည့်စားတော်မူသဖြင့်၊ ကျွန်တော်မျိုးသည်အလှည့်စားခံရပါ၏။ ကိုယ်တော်ရှင်သည်ကျွန်တော်မျိုးထက် ခွန်အားကြီးတော်မူသည်ဖြစ်၍၊ ကျွန်တော်မျိုးကိုအနိုင်ရတော်မူပါ၏။ လူတိုင်းပင်ကျွန်တော်မျိုးကိုပြောင်လှောင်ကြ ပါပြီ။ သူတို့သည်ကျွန်တော်မျိုးအား တစ်နေကုန်တစ်နေခန်းပြက်ရယ်ပြုကြပါ၏။
ယုဒဘုရင်၏နန်းတော်တွင်ကျန်ရှိသမျှ သောအမျိုးသမီးတို့ကို ဗာဗုလုန်ဘုရင် ၏မှူးမတ်များထံသို့ထုတ်ဆောင်သွားကြ လိမ့်မည်။ သူတို့သည်ဤသို့ထွက်ခွာသွား ကြရစဉ်၊ `မင်းကြီး၏အချစ်ဆုံးမိတ်ဆွေများသည် သူ့အားလှည့်စား၍၊သူ့အပေါ်၌သြဇာလွှမ်းမိုး ကြ၏။ ယခုအခါ၊မင်းကြီး၏ခြေတို့သည်ရွှံ့နွံတွင် ကျွံလျက်နေပြီဖြစ်၍၊ ထိုမိတ်ဆွေများသည်သူ့အားစွန့်ပစ်ကြလေပြီ' ဟုဆိုကြလိမ့်မည်'' ဟုလျှောက်ထား၏။
သို့ဖြစ်၍ဇေဒကိမင်းက``ကောင်းပြီ။ သူ့အား သင်တို့ပြုလိုရာပြုကြပေလော့။ သင်တို့ အားငါမဆီးတား'' ဟုမိန့်တော်မူ၏။-
နောက်ဆုံး၌တပ်မှူးနေဗုဇာရဒန်သည်မြို့ တွင်း၌ကျန်ရှိနေသူတို့အား မိမိထံသို့ ထွက်ပြေးလာကြသူတို့နှင့်အတူ သုံ့ပန်း များအဖြစ်ဖြင့်ဗာဗုလုန်မြို့သို့ခေါ် ဆောင်သွားလေ၏။-
သို့ဖြစ်စေကာမူယုဒအာဏာပိုင်အမြောက် အမြားပင်ကိုယ်တော်ကိုယုံကြည်လာကြ၏။ သို့ရာတွင်ဖာရိရှဲများကြောင့်တရားဇရပ် မှထုတ်ပယ်ခံရမည်ကိုကြောက်၍မိမိတို့ ယုံကြည်ကြောင်းကိုပွင့်လင်းစွာဝန်မခံကြ။-
ထိုအခါသူသည်မိမိ၏လက်နက်ကိုကိုင် ဆောင်သောလူငယ်အား အလျင်အမြန်ခေါ် ပြီးလျှင်``သင်၏ဋ္ဌားကိုဋ္ဌားအိမ်မှထုတ်၍ ငါ့ကိုသတ်လော့။ ငါသည်အမျိုးသမီး၏ လက်ချက်ဖြင့်သေရသည်ဟူ၍အပြောမခံ လို'' ဟုဆို၏။ သို့ဖြစ်၍လူငယ်သည်အဘိ မလက်အားဋ္ဌားနှင့်ထိုး၍သတ်လိုက်လေ သည်။-
ထိုအခါရှောလုက``မှန်ပါ၏။ အကျွန်ုပ်သည် အပြစ်ကူးလွန်မိပါပြီ။ အကျွန်ုပ်သည်ထာဝရ ဘုရား၏အမိန့်တော်ကိုလည်းကောင်း၊ အရှင်၏ ညွှန်ကြားချက်များကိုလည်းကောင်းလွန်ဆန်မိ ပါပြီ။ မိမိ၏လူတို့ကိုကြောက်သဖြင့် အကျွန်ုပ် သည်သူတို့၏ဆန္ဒအတိုင်းပြုမိပါ၏။-
မင်းကြီးသည်လက်နက်ဆောင်လူငယ်အား``ဤ ဘုရားမဲ့သူဖိလိတ္တိအမျိုးသားတို့သည်နှစ် ထောင်းအားရဖြစ်လျက် ငါ့ကိုညှင်းဆဲသတ် ဖြတ်မှုမပြုနိုင်စေရန် သင်သည်မိမိ၏ဋ္ဌား ကိုထုတ်၍ငါ့အားသတ်ပါလော့'' ဟုဆို၏။ သို့ရာတွင်ထိုလူငယ်သည်ကြောက်အားကြီး သဖြင့် မသတ်ရဲသောကြောင့်ရှောလုသည် မိမိ၏ဋ္ဌားကိုယူ၍ထောင်ပြီးလျှင် ထို ဋ္ဌားပေါ်တွင်လှဲချလျက်သေလေသည်။-