ဣသရေလနှင့်ယုဒပြည်သားတို့သည်ရှေး မဆွကပင်လျှင်အစပြု၍ ငါမနှစ်သက် သည့်အမှုများကိုသာလျှင်ပြုခဲ့ကြပေ သည်။ ဣသရေလပြည်သားတို့သည်မိမိ တို့သွန်းလုပ်သည့်ရုပ်တုများအားဖြင့် ငါ၏အမျက်တော်ကိုလှုံ့ဆော်ခဲ့ကြ၏။-
အ သို့ ဆို သော်၊ ဣ သ ရေ လ နှင့် ယု ဒ အ မျိုး သား တို့ သည် ငယ် ရွယ် စဉ် က စ၍၊ မျက် မှောက် တော် တွင် အ ဆိုး ကို သာ ပြု လေ့ ရှိ ကြ၏။ ဣ သ ရေ လ အ မျိုး သား တို့ သည်၊ ကိုယ့် လက် ဖြစ် ဘု ရား များ ဖြင့်၊ အ မျက် တော် တိုက် ရန် သာ ပြု ကြ လေ ပြီ။
အကြောင်းမူကား၊ ဣသရေလအမျိုးသားတို့နှင့် ယုဒအမျိုးသားတို့သည်၊ ငယ်သောအရွယ်မှစ၍ ငါ့ရှေ့မှာ ဒုစရိုက်ကိုသာ ပြုကြပြီ။ မိမိတို့ ပြုလေရာရာ၌ ငါ့အမျက်ကို နှိုးဆော်ခြင်းငှာသာ ပြုကြပြီ။
အစ္စရေးအမျိုးသား၊ ယုဒအမျိုးသားတို့သည် ငယ်စဉ်ကတည်းက မကောင်းမှုကိုသာ ငါ့မျက်စိရှေ့တွင် ပြုကြပြီ။ အကယ်စင်စစ် အစ္စရေးအမျိုးသားတို့သည် ကိုယ့်လက်နှင့်လုပ်သောအရာများဖြင့် ငါ့အမျက်ကို နှိုးဆော်ကြပြီ’ဟု မိန့်တော်မူ၏။
ထာဝရဘုရားသည်မွှေးကြိုင်သောရနံ့ကို နှစ်သက်တော်မူ၍``လူတို့၏အကျင့်ကြောင့်နောင် မည်သည့်အခါ၌မျှ မြေကြီးကိုကျိန်စာသင့် စေမည်မဟုတ်။ လူသည်ငယ်ရွယ်စဉ်မှစ၍စိတ် နှလုံးအကြံအစည်ဆိုးယုတ်ကြောင်းငါသိ၏။ ငါသည်သက်ရှိသတ္တဝါအပေါင်းတို့ကို ယခု အကြိမ်ကဲ့သို့နောက်တစ်ဖန်သေကြေပျက်စီး စေမည်မဟုတ်။-
သူတို့သည်ပုန်ကန်ကာကိုယ်တော်အားဝမ်း နည်းစေကြ၏။ သို့ဖြစ်၍ထာဝရဘုရား သည်သူတို့ကိုရန်ဘက်ပြုကာတိုက်ခိုက် တော်မူသတည်း။
``အနန္တတန်ခိုးရှင်ငါထာဝရဘုရားသည် ဣသရေလပြည်နှင့်ယုဒပြည်ကိုပြုစု ပျိုးထောင်ပေးခဲ့၏။ သို့ရာတွင်ယခုအခါ ငါသည်ထိုပြည်များအပေါ်သို့ ဘေးအန္တရာယ် ဆိုးကိုသက်ရောက်စေမည်။ သူတို့သည်ဒုစ ရိုက်ကိုပြုခဲ့ကြသည်ဖြစ်၍ဗာလဘုရား ကိုယဇ်ပူဇော်ခြင်းအားဖြင့်သူတို့သည် ငါ ၏အမျက်တော်ကိုလှုံ့ဆော်ကြလေပြီ။''
ငါသည်သူတို့အားမြေသြဇာကောင်းမွန်သော ပြည်သို့အသီးအနှံနှင့် အခြားမွန်မြတ်သည့်အစားအစာများကို စားသောက်စေရန်ခေါ်ဆောင်ခဲ့၏။ သို့ရာတွင်သူတို့သည်ငါ့ပြည်ကိုဖျက်ဆီးပစ်ကြ၏။ သူတို့အားငါပေးသည့်ပြည်ကိုညစ်ညမ်းစေကြ၏။
သင်တို့ကောင်းစားစဉ်အခါကထာဝရ ဘုရားသည် သင်တို့အားသတိပေးခဲ့၏။ သို့ရာတွင်သင်တို့သည်နားမထောင်ခဲ့ကြ။ သင်တို့သည်ငယ်စဉ်အခါမှစ၍ဤ အတိုင်းပင် ပြုခဲ့ကြ၏။ ထာဝရဘုရား၏စကားကိုအဘယ်အခါ၌မျှ နားမထောင်လိုကြ။
သူတို့သည်သင်တို့အားအခြားဘုရားများ ကိုဝတ်ပြုကိုးကွယ်မှုမပြုကြရန်ကိုလည်း ကောင်း၊ သင်တို့သွန်းလုပ်သည့်ရုပ်တုများကို ရှိခိုးဝတ်ပြုခြင်းအားဖြင့် ထာဝရဘုရား ၏အမျက်တော်ကိုလှုံ့ဆော်မှုမပြုကြရန် ကိုလည်းကောင်းပြောကြားခဲ့ကြ၏။ အကယ် ၍သင်တို့သည်ကိုယ်တော်၏စကားကိုသာ နားထောင်ကြမည်ဆိုပါမူ ကိုယ်တော်သည် သင်တို့အားအပြစ်ဒဏ်ခတ်တော်မူလိမ့်မည် မဟုတ်။-
သို့ရာတွင်သင်တို့သည်ကိုယ်တော်၏စကား ကိုနားမထောင်ကြကြောင်း ထာဝရဘုရား ကိုယ်တော်တိုင်မိန့်တော်မူပြီ။ သင်တို့သည် ကိုယ်တော်၏စကားကိုနားထောင်မည့်အစား မိမိတို့ပြုလုပ်သည့်ရုပ်တုများအားဖြင့် အမျက်တော်ကိုလှုံ့ဆော်ကာ ကိုယ်တော်ပေး တော်မူသည့်အပြစ်ဒဏ်ကိုမိမိတို့အပေါ် သို့သက်ရောက်စေကြလေပြီ။
အကျွန်ုပ်တို့သည်အရှက်တွင်လဲလျောင်းကာ အသရေပျက်မှုနှင့်လွှမ်းခြုံ၍နေသင့်ကြ ပါ၏။ အကျွန်ုပ်တို့ငယ်စဉ်အချိန်ကစ၍ ယနေ့ထိတိုင်အောင် အကျွန်ုပ်တို့နှင့်ဘိုးဘေး များသည်ကျွန်ုပ်တို့၏ဘုရားသခင်ထာဝရ ဘုရားအားပြစ်မှားခဲ့ကြပါပြီ။ ကိုယ်တော် ၏စကားကိုလည်းနားမထောင်ခဲ့ကြပါ'' ဟုဆိုကြ၏။
သင်တို့၏ချစ်ခင်သူများသည်သင်တို့အား မေ့ပျောက်၍ သွားကြလေကုန်ပြီ။ သူတို့သည်ဂရုမစိုက်ကြတော့ပေ။ သင်တို့အပြစ်သည်များပြားလှ၍သင်တို့ ဒုစရိုက်သည် ကြီးမားလှသဖြင့် ငါသည်ရန်သူသဖွယ်သင်တို့အားဒဏ်ရာရ စေခဲ့၏။ သင်တို့ခံရသည့်အပြစ်ဒဏ်သည်ပြင်းထန်၏။
``သင်သည်စာလိပ်တစ်ခုကိုယူ၍ဣသရေလ ပြည်၊ ယုဒပြည်နှင့်နိုင်ငံတကာတို့ကိုရည်မှတ် ၍ ငါမိန့်မှာတော်မူခဲ့သမျှသောစကားတို့ ကိုရေးမှတ်လော့။ ယောရှိမင်းလက်ထက်၌ငါ ၏ဗျာဒိတ်တော်ကိုစတင်ခံယူရချိန်မှ အစပြု၍ ယနေ့တိုင်အောင်သင့်အားငါမိန့် ကြားခဲ့သမျှသောစကားတို့ကိုရေးမှတ် လော့။-
ယင်းသို့ငါဖြစ်စေရသည့်အကြောင်းမှာထို မြို့တို့မှမြို့သူမြို့သားများသည်မကောင်း မှုများကိုပြု၍ ငါ၏အမျက်တော်ကိုလှုံ့ ဆော်ကြသောကြောင့်ဖြစ်၏။ သူတို့သည် အခြားဘုရားများကိုယဇ်ပူဇော်ကြ လျက် သူတို့ကိုယ်တိုင်သင်တို့နှင့်သင်တို့ ဘိုးဘေးများအဘယ်အခါကမျှရှိ မခိုးဝတ်မပြုခဲ့သည့်ဘုရားများကို ရှိခိုးဝတ်ပြုကြ၏။-
သင်တို့နေထိုင်ရန်လာရောက်သည့်ဤအီဂျစ် ပြည်တွင် သင်တို့သည်ရုပ်တုများအားဖြင့် လည်းကောင်း၊ အခြားဘုရားများကိုဝတ်ပြု ရှိခိုးခြင်းအားဖြင့်လည်းကောင်း အဘယ် ကြောင့်ငါ၏အမျက်တော်ကိုလှုံ့ဆော်ကြ သနည်း။ သင်တို့သည်မိမိတို့ကိုယ်တိုင်ဆုံး ပါးပျက်စီးစေ၍ကမ္ဘာမြေပေါ်ရှိလူမျိုး တကာတို့ကဲ့ရဲ့စရာ၊ ပြက်ရယ်ပြုစရာ ဖြစ်လာကြလိမ့်မည်။-
နားထောင်ကြလော့။ အလွန်ဝေးသော တစ်တိုင်းတစ်ပြည်တွင်ငါ၏အမျိုးသား များ ဟစ်အော်နေသံကိုငါကြားရ၏။ ``ထာဝရဘုရားသည်ဇိအုန်မြို့တွင် ရှိတော်မမူတော့ပြီလော။ ဇိအုန်မြို့၏ဘုရင်သည်ထိုမြို့တွင်မရှိတော့ ပြီလော'' သူတို့၏ဘုရင်ထာဝရဘုရားက``သင်တို့သည် အဘယ်ကြောင့်ရုပ်တုများနှင့်၊ ငါ၏အမျက်တော်ကိုလှုံ့ဆော်ပေးကြသနည်း'' ဟုမိန့်တော်မူ၏။
ငါသည်သူတို့အားကျိန်ဆိုကတိပြုထား သည့်ပြည်သို့ခေါ်ဆောင်၍သွား၏။ သူတို့သည် မြင့်သောတောင်ကုန်းများနှင့်စိမ်းလန်းသော သစ်ပင်တို့ကိုမြင်သောအခါ ထိုအရပ်တို့ တွင်ယဇ်ပူဇော်ကြကုန်၏။ နံ့သာပေါင်းကို မီးရှို့ရာယဇ်နှင့်စပျစ်ရည်ပူဇော်သကာ ကိုဆက်ကပ်ကြ၏။ ဤနည်းအားဖြင့်သူ တို့သည်ငါ၏အမျက်တော်ကိုနှိုးဆော် ကြသည်။-
သူတို့သည်ငါ့အားအာခံကာငါ၏စကား ကိုနားမထောင်ဘဲနေကြ၏။ သူတို့သည်မိမိ တို့မြတ်နိုးသည့်စက်ဆုပ်ဖွယ်ကောင်းသောရုပ် တုများနှင့် အီဂျစ်ဘုရားများကိုမစွန့်ကြ။ ငါသည်သူတို့အားအီဂျစ်ပြည်တွင်ငါ၏ အမျက်ဒေါသကိုသူတို့အပေါ်သို့သွန်း လောင်း၍ အမျက်တော်ဒဏ်ကိုအပြည့် အဝခံကြစေရန်အကြံရှိခဲ့၏။-
သူတို့သည်ငယ်ရွယ်စဉ်အခါက အီဂျစ် ပြည်၌နေထိုင်စဉ် ရင်သားကိုပွတ်နယ်ခံရ လျက်အပျိုရည်ပျက်၍ပြည့်တန်ဆာများ ဖြစ်သွားကြ၏။-