ထာဝရဘုရားသည်ပရောဖက်များကို စေလွှတ်၍ ထိုသူတို့အားအထံတော်သို့ ပြန်လာကြရန်သတိပေးစေတော်မူ သော်လည်းသူတို့သည်မလိုက်နာကြ။-
ယေရမိ 25:4 - Common Language Bible ထာဝရဘုရားသည်အဖန်တလဲလဲ မိမိ ၏အစေခံပရောဖက်များကိုသင်တို့ထံ သို့စေလွှတ်တော်မူခဲ့သော်လည်း သင်တို့ သည်သူတို့၏စကားကိုနားမထောင် ကြ။ ပမာဏလည်းမပြုလိုကြ။- Garrad Bible နာ ခံ နား ထောင် ခြင်း မ ပြု ဘဲ၊ သင် တို့ နေ ကြ လျက် ပင်၊ ဆိုး သွမ်း သော ကိုယ့် အ လေ့ အ လာ၊ ဆိုး သွမ်း သော ကိုယ့် အ ပြု အ ကျင့် များ မှ၊ အ သီး အ သီး ပြောင်း လဲ၍၊ ရှေး ကာ လ အ စဉ် မ ပြတ် ဘိုး ဘေး များ နှင့် သင် တို့ အား၊ ထာ ဝ ရ ဘု ရား ပေး တော် မူ ခဲ့ သော ပြည် တွင်၊ နေ ထိုင် ကြ ဦး လော့။ သင် တို့ အား ဒု က္ခ ပေး တော် မ မူ ရ စေ ခြင်း ငှာ၊ အ ခြား ဘု ရား များ နောက် လိုက် လျှောက် ဝတ် ပြု ရှိ ခိုး လျက်၊ ကိုယ့် လက် ဖြစ် ဘု ရား များ ဖြင့် အ မျက် တော် တိုက် မ ပြု ကြ လင့် ဟု၊ ဆင့် ဆို ရ သော ကျွန် တော် ရင်း ပ ရော ဖက် တို့ ကို၊ ထာ ဝ ရ ဘုရား သည် ဝိ ရိ ယ စိုက် ၍ စေ လွှတ် တော် မူ သော် လည်း၊ Judson Bible ထာဝရဘုရားသည်လည်း၊ စောစောထ၍ မိမိကျွန် ပရောဖက်အပေါင်းတို့ကို၊ သင်တို့ရှိရာသို့ အထပ်ထပ် စေလွှတ်တော်မူသော်လည်း၊ သင်တို့သည် နားမထောင်ကြ။ အမိန့်တော်ကို ကြားခြင်းငှာ နားကိုမလှည့်ဘဲ နေကြ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားသည် မိမိ၏အစေအပါးပရောဖက်အပေါင်းတို့ကို သင်တို့ရှိရာသို့ အကြိမ်ကြိမ်စေလွှတ်ဆင့်ဆိုစေသော်လည်း သင်တို့နားမထောင်ကြ။ ဂရုမစိုက်ကြ။ |
ထာဝရဘုရားသည်ပရောဖက်များကို စေလွှတ်၍ ထိုသူတို့အားအထံတော်သို့ ပြန်လာကြရန်သတိပေးစေတော်မူ သော်လည်းသူတို့သည်မလိုက်နာကြ။-
ထာဝရဘုရားသည်မနာရှေနှင့်ပြည်သူတို့ အား သတိပေးတော်မူသော်လည်းသူတို့ သည်နားမထောင်ကြ။-
သင်တို့သည်မိမိတို့ဘိုးဘေးများထက် ပင်ဆိုးရွားစွာပြုကျင့်ကြလေပြီ။ သင်တို့ အားလုံးသည်ခေါင်းမာဆိုးညစ်လျက် ငါ၏ စကားကိုနားမထောင်ကြ။-
သူတို့၏ဘိုးဘေးများသည်ငါ့စကားကို နားမထောင်မနာခံကြ။ သူတို့သည်ခေါင်းမာ လျက်ငါ၏စကားကိုနားမထောင်လိုကြ။ ငါဆုံးမသွန်သင်သည်ကိုလည်းမခံယူ လိုကြ။
ထိုအခါသူတို့က``အကျွန်ုပ်တို့မပြောင်း လဲနိုင်ပါ။ အဘယ်ကြောင့်ပြောင်းလဲရပါ မည်နည်း။ ကျွန်ုပ်တို့သည်စိတ်ရှိလက်ရှိခေါင်း မာဆိုးညစ်လျက်နေကြပါမည်'' ဟုဆို ကြလိမ့်မည်။
ဣသရေလအမျိုးသားတို့၏ဘုရားသခင် အနန္တတန်ခိုးရှင်ထာဝရဘုရားက``သင်တို့ သည်ခေါင်းမာ၍ငါပြောသည့်စကားကိုနား မထောင်ကြ။ သို့ဖြစ်၍ဤမြို့နှင့်အနီးအနား ရှိမြို့အပေါင်းတို့အား ယခင်ငါဖော်ပြခဲ့ သည့်အတိုင်းပြစ်ဒဏ်စီရင်တော်မူမည်'' ဟု မိန့်တော်မူကြောင်းသူတို့အားဆင့်ဆို၏။
သင်တို့ကောင်းစားစဉ်အခါကထာဝရ ဘုရားသည် သင်တို့အားသတိပေးခဲ့၏။ သို့ရာတွင်သင်တို့သည်နားမထောင်ခဲ့ကြ။ သင်တို့သည်ငယ်စဉ်အခါမှစ၍ဤ အတိုင်းပင် ပြုခဲ့ကြ၏။ ထာဝရဘုရား၏စကားကိုအဘယ်အခါ၌မျှ နားမထောင်လိုကြ။
``ထာဝရဘုရားသည်အာမုန်၏သားယုဒ ဘုရင်ယောရှိနန်းစံတစ်ဆယ့်သုံးနှစ်မြောက် မှအစပြု၍ ယနေ့တိုင်အောင်နှစ်ဆယ့်သုံး နှစ်ပတ်လုံးငါ့အားဗျာဒိတ်ပေးလျက်နေ တော်မူခဲ့၏။ ငါသည်လည်းကိုယ်တော်၏ ဗျာဒိတ်တော်များကို သင်တို့အားပြန်ကြား ခဲ့၏။ သို့ရာတွင်သင်တို့သည်ပမာဏမပြု ခဲ့ကြ။-
သို့ရာတွင်သင်တို့သည်ကိုယ်တော်၏စကား ကိုနားမထောင်ကြကြောင်း ထာဝရဘုရား ကိုယ်တော်တိုင်မိန့်တော်မူပြီ။ သင်တို့သည် ကိုယ်တော်၏စကားကိုနားထောင်မည့်အစား မိမိတို့ပြုလုပ်သည့်ရုပ်တုများအားဖြင့် အမျက်တော်ကိုလှုံ့ဆော်ကာ ကိုယ်တော်ပေး တော်မူသည့်အပြစ်ဒဏ်ကိုမိမိတို့အပေါ် သို့သက်ရောက်စေကြလေပြီ။
သင်တို့ထံသို့ထပ်ကာထပ်ကာငါစေလွှတ် သည့် ငါ၏အစေခံပရောဖက်တို့၏စကား ကိုပမာဏပြုရကြမည်။ သင်တို့သည်သူ တို့၏စကားကိုအဘယ်အခါ၌မျှနား မထောင်ခဲ့ကြ။-
သူတို့သည်ငါ၏အစေခံပရောဖက်များ အားဖြင့် အဖန်ဖန်အထပ်ထပ်ငါပေးပို့ခဲ့ သည့်ဗျာဒိတ်တော်ကိုမလိုက်နာခဲ့ကြ။ သို့ ဖြစ်၍ဤသို့အမှုရောက်ရကြပေလိမ့်မည်။ သူတို့သည်ထိုဗျာဒိတ်တော်ကိုနားထောင် ရန်ငြင်းဆန်ခဲ့ကြ၏။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏။-
သူတို့သည်ငါ့ကိုကျောခိုင်းကြ၏။ ငါသည် သူတို့အားဆက်လက်၍သွန်သင်ပါသော် လည်း သူတို့သည်နားမထောင်လိုကြ။ ဆုံးမပဲ့ပြင်မှုကိုမခံယူလိုကြ။-
သင်တို့ကူးလွန်ခဲ့ကြသည့်အပြစ်များ အတွက် ငါသည်သင်နှင့်သင်၏သားမြေးတို့ အားသင့်မှူးမတ်များနှင့်အတူအပြစ်ဒဏ် ခတ်မည်။ သင်နှင့်ယေရုရှလင်မြို့သူမြို့ သားများ၊ ယုဒပြည်သားများသည်ငါ သတိပေးခဲ့သည်ကိုပမာဏမပြုကြ။ သို့ဖြစ်၍ငါသည်မိမိခြိမ်းခြောက်ခဲ့သည့် ဘေးအန္တရာယ်ဆိုးကို သင်တို့အပေါ်သို့ သက်ရောက်စေမည်ဟုမိန့်တော်မူကြောင်း ပြန်ကြားပြောဆိုလော့'' ဟုမိန့်မှာ တော်မူ၏။
တံပိုးခရာမှုတ်၍သတိပေးသံကိုနား ထောင်ရန် ထာဝရဘုရားသည် ကင်းစောင့်များ ကိုခန့်ထားတော်မူ၏။ သို့ရာတွင်ထိုသူတို့ က``အကျွန်ုပ်တို့နားမထောင်လိုပါ'' ဟု ဆိုကြ၏။
သင်တို့သည်မိမိတို့ဘိုးဘေးများကဲ့သို့ မပြုကြနှင့်။ ရှေးအခါကပရောဖက်များ သည်သူတို့အား ယုတ်မာဆိုးညစ်သည့်အကျင့် များကိုရပ်စဲလိုက်ကြရန်ပြောကြားသော် လည်းသူတို့သည်နားမထောင်ဂရုမစိုက် ကြ'' ဟုမိန့်တော်မူ၏။-
ထိုကြောင့်သင်တို့သည်မိန့်တော်မူသံကို ကြားနာရန်ငြင်းဆန်သူများမဖြစ်စေရန် သတိပြုကြလော့။ ဗျာဒိတ်တော်ကိုဆင့် ဆိုသောသူကိုကမ္ဘာမြေကြီးပေါ်တွင်နား ထောင်ရန်ငြင်းဆန်သူတို့သည်အပြစ်ဒဏ် ခံကြရလျှင် ငါတို့သည်ကောင်းကင်ဘုံမှ မိန့်တော်မူသောအရှင်အားကျောခိုင်းကြ မည်ဆိုပါမူအဘယ်သို့လျှင်အပြစ် ဒဏ်မှလွတ်မြောက်နိုင်ပါမည်နည်း။-