သင်၏အသက်ကိုသတ်လိုသူများ၊ သင် ကြောက်ရွံ့သူများ၏လက်သို့ပေးအပ်မည်။ သင့်ကိုဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ မင်းနှင့်သူ၏စစ်သည်များ၏လက်သို့ငါ ပေးအပ်မည်။-
ငါ ချွတ် ၍၊ သင့် အ သက် အ န္တ ရာယ် ကို ရှာ ကြံ သူ၊ သင် ကြောက် ရွံ့ သော ဗာ ဗု လုန် ဘု ရင် နေ ဗု ခဒ် နေ ဇာ မင်း နှင့် ခါ လ ဒဲ တပ် သား တို့ လက် တွင်း သို့ အပ် နှင်း သည့် အ လျောက်၊
သင့်အသက်ကို သတ်ချင်သောသူ၊ သင်အလွန်ကြောက်သောသူတည်းဟူသော ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ်နေဇာမင်းမှစ၍ ခါလဒဲလူတို့လက်သို့ ငါအပ်မည်။
သင့်အသက်ကိုရန်ရှာသောသူ၊ သင်ကြောက်သောသူ ဘေဘီလုံဘုရင်နေဗုခဒ်နေဇာနှင့် ခါလဒဲတပ်၏လက်သို့ သင့်ကို ငါအပ်မည်။
နွေဦးပေါက်သောအခါနေဗုခဒ်နေဇာမင်း သည်ယေခေါနိကိုဖမ်းဆီးပြီးလျှင်ဗာဗု လုန်ပြည်သို့ခေါ်ဆောင်သွား၏။ နန်းတော်ဘဏ္ဍာ များကိုလည်းသိမ်းယူသွားလေသည်။ ထို နောက်နေဗုခဒ်နေဇာသည်ယေခေါနိ၏ ဘထွေးတော် ဇေဒကိကိုယုဒဘုရင်အဖြစ်ဖြင့်ယေရု ရှလင်မြို့တွင်နန်းတင်တော်မူ၏။
မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူ မည်။
စစ်မက်အန္တရာယ်၊ အစာငတ်မွတ်ခေါင်းပါး ခြင်းဘေးနှင့်အနာရောဂါဘေးဖြင့်မသေ ဘဲ ကျန်ရှိနေသူယုဒဘုရင်ဇေဒကိ၊ သူ၏ မှူးမတ်များနှင့်ပြည်သူတို့ကိုမူကား မိမိ တို့ကိုသတ်လိုသူရန်သူများနှင့်နေဗုခဒ် နေဇာ၏လက်တွင်အဖမ်းခံရစေမည်။ နေ ဗုခဒ်နေဇာသည်လည်းသူတို့အားကွပ်မျက် စေလိမ့်မည်။ အဘယ်သူကိုမျှအသက်ချမ်း သာပေးလိမ့်မည်မဟုတ်။ အဘယ်သူကိုမျှ သနားကရုဏာပြလိမ့်မည်မဟုတ်။ ဤ ကားငါထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏'' ဟုမိန့်တော်မူ၏။
ယေရမိက``ယေခေါနိသည် အဘယ်သူမျှ အလိုမရှိ၍စွန့်ပစ်လိုက်သော အိုးကွဲကဲ့ သို့ဖြစ်၍နေပါပြီလော။ ထိုကြောင့်သူနှင့် သူ၏သားသမီးများသည် မိမိတို့မသိ ဘူးသည့်ပြည်သို့အနှင်ခံရကြပါ သလော။''
လူမျိုးတကာတို့အားငါ၏အစေခံနေ ဗုခဒ်နေဇာ၏လက်အောက်သို့ကျရောက်စေ သူမှာငါပင်ဖြစ်၏။ ငါသည်တောတိရစ္ဆာန် များကိုပင်လျှင်သူ၏အစေကိုခံစေလေ ပြီ။-
သို့ဖြစ်၍ဇေဒကိမင်းသည်ငါ့အား``ငါတို့ ကိုဖန်ဆင်းတော်မူသောထာဝရဘုရားသည် အသက်ရှင်တော်မူသည့်အတိုင်း ငါသည်သင့် အားသတ်မည်မဟုတ်။ သင့်ကိုသတ်လိုသူတို့ ၏လက်သို့လည်းပေးအပ်မည်မဟုတ်'' ဟု လျှို့ဝှက်စွာကတိပေးတော်မူ၏။