သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။-
ယေရမိ 21:2 - Common Language Bible ``ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့်သူ၏ တပ်မတော်သည် မြို့ကိုတိုက်ခိုက်ရန်ဝိုင်းရံ လျက်ရှိသည်ဖြစ်၍ ထာဝရဘုရားအား ငါတို့အတွက်လျှောက်ထားပေးပါ။ ထာဝရ ဘုရားသည်ငါတို့အတွက်ထူးဆန်းသည့် နိမိတ်လက္ခဏာကိုပြတော်မူ၍ နေဗုခဒ် နေဇာမင်းအားပြန်လည်ဆုတ်ခွာကောင်း ဆုတ်ခွာစေတော်မူပါလိမ့်မည်'' ဟုပြော ကြားလာ၏။ မြန်မာ့စံမီသမ္မာကျမ်း ထိုသူတို့က “ငါတို့ကို ဘေဘီလုံဘုရင် နေဗုခဒ်နေဇာမင်းကြီး တိုက်ခိုက်နေပါသည်။ ထာဝရဘုရားသည် အံ့ဖွယ်အမှုပြုလေ့ရှိသည့်အတိုင်း ငါတို့ထံမှ သူဆုတ်ခွာသွားအောင် ပြုကောင်းပြုတော်မူမည်ဖြစ်၍ ငါတို့အတွက် ထာဝရဘုရားထံ မေးမြန်းပေးပါလော့”ဟု ဆိုကြ၏။ |
သူ၏နိုင်ငံတွင်ဦးစွာဗာဗုလုန်မြို့၊ ဧရက်မြို့နှင့် အက္ကဒ်မြို့များပါဝင်၏။-
သို့ရာတွင်ထာဝရဘုရား၏ကောင်းကင်တမန် သည် တိရှဘိမြို့သားပရောဖက်ဧလိယ အား``အာခဇိမင်း၏သံတမန်များနှင့်သွား ရောက်တွေ့ဆုံလော့။ သူတို့အားဣသရေလ ပြည်တွင်ဘုရားမရှိသောကြောင့် ဧကြုန် ဘုရားဗာလဇေဗုပ်ထံသွားရောက်စုံစမ်း မေးမြန်းရသလောဟုမေးလော့။-
အာရှုရိဧကရာဇ်ဘုရင်သည်ဗာဗုလုန်မြို့၊ ကုသမြို့၊ အာဝမြို့၊ ဟာမတ်မြို့နှင့်သေဖရ ဝိမ်မြို့တို့မှလူတို့အားခေါ်ဆောင်၍ ပြည်နှင် ဒဏ်သင့်သူဣသရေလအမျိုးသားတို့နေ ထိုင်ခဲ့သောမြို့ရွာများတွင်နေထိုင်စေလေ သည်။ သူတို့သည်ရှမာရိပြည်မြို့ရွာများ ကို အပိုင်ရလျက်အတည်တကျနေထိုင် ကြ၏။-
ထာဝရဘုရားသည်ကောင်းကင်တမန်ကို စေလွှတ်၍ အာရှုရိတပ်သားများနှင့်တပ်မ တော်အရာရှိများအားသုတ်သင်ပယ်ရှင်း စေတော်မူ၏။ ဧကရာဇ်မင်းသည်အရှက်ကွဲ လျက်အာရှုရိပြည်သို့ပြန်တော်မူ၏။ တစ် နေ့သ၌သူသည်မိမိဘုရား၏ဗိမာန် တော်၌ရှိနေစဉ် သားတော်အချို့တို့သည် သူ့အားဋ္ဌားဖြင့်လုပ်ကြံကြလေသည်။
ငါတို့သည်မိုးသီးနှင့်မိုးကြိုးဒဏ်ကိုမခံ နိုင်တော့ပြီဖြစ်၍ ထာဝရဘုရားထံဆု တောင်းပေးပါလော့။ ငါသည်သင်တို့အား ချက်ခြင်းသွားခွင့်ပေးပါမည်'' ဟုဆိုလေ၏။
သို့ပါလျက်သင်တို့သည်မိမိတို့ကိုယ်ကိုသန့်ရှင်း မြင့်မြတ်သည့်မြို့တော်သားများဟူ၍လည်းကောင်း၊ အနန္တတန်ခိုးရှင်ထာဝရဘုရားဟုနာမည် တွင်သော ဣသရေလအမျိုးသားတို့၏ဘုရားသခင်ကို မှီခိုအားကိုးသူများဟူ၍လည်းကောင်း ဂုဏ်ယူပြောဆိုကြပေသည်။
ထာဝရဘုရားက``ငါသည်ကောင်းကျိုး ရစေအံ့ငှာသင့်ကိုကယ်ဆယ်မည်။ ဘေး အန္တရာယ်ပူပင်သောကရောက်သောအချိန် တွင် သင်၏ရန်သူတို့သည်အထံတော်သို့ လျှောက်လဲပန်ကြားကြလိမ့်မည်'' ဟု မိန့်တော်မူ၏။-
ထိုနောက်ထာဝရဘုရားသည် ယေရမိအား ဗျာဒိတ်ပေးတော်မူ၏။ ယေရမိသည်မိမိ ထံသို့ရောက်သည့်လူတို့ကိုဇေဒကိအား ဆင့်ဆိုစေ၏။-
``အို ထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော် ရှင်သည်မဟာတန်ခိုးအာနုဘော်တော်အား ဖြင့်ကမ္ဘာမိုးမြေကိုဖန်ဆင်းတော်မူပါ၏။ ကိုယ်တော်ရှင်မတတ်နိုင်လောက်အောင်ခက်ခဲ သောအရာဟူ၍မရှိပါ။-
``ဗာဗုလုန်ပြည်သားတို့သည်ဤမြို့ကို ဝိုင်းရံသိမ်းပိုက်နိုင်ရန် မြေကတုတ်များ ကိုမြို့ပတ်လည်တွင်ဖို့လုပ်ထားကြပါပြီ။ သူတို့သည်တိုက်ခိုက်လျက်နေကြပါပြီ။ စစ်ဘေးငတ်မွတ်ခေါင်းပါးခြင်းဘေးနှင့် အနာရောဂါဘေးတို့ကြောင့် ဤမြို့သည် သူတို့၏လက်တွင်းသို့ကျရောက်ရပါ လိမ့်မည်။ အို ထာဝရဘုရား၊ ကိုယ်တော် ရှင်သည်မိမိမိန့်တော်မူခဲ့သမျှသော စကားများမှန်လျက်နေသည်ကိုတွေ့ မြင်တော်မူနိုင်ပါ၏။-
ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့် တပ်မ တော်သည်လက်အောက်ခံနိုင်ငံရှိသမျှနှင့် လူမျိုးအပေါင်းတို့၏စစ်တပ်များအကူ အညီဖြင့် ယေရုရှလင်မြို့နှင့်တကွအနီး အနားရှိမြို့ရွာများကိုတိုက်ခိုက်လျက်နေ စဉ် ထာဝရဘုရားသည်ငါ့အားဗျာဒိတ် ပေးတော်မူ၏။-
ဇေဒကိမင်းသည် ငါ့အားနန်းတော်သို့ခေါ်ယူ ပြီးလျှင် ``ထာဝရဘုရား၏ထံတော်မှဗျာ ဒိတ်တော်တစ်စုံတစ်ရာရရှိပါသလော'' ဟုတိတ်တဆိတ်မေးမြန်းတော်မူ၏။ ငါက``ရှိပါသည်။ အရှင်သည်ဗာဗုလုန်ဘုရင် ၏လက်တွင်းသို့ရောက်ရှိရပါလိမ့်မည်'' ဟု ပြန်လည်လျှောက်ထား၏။-
ဇေဒကိမင်းသည်ယဇ်ပုရောဟိတ်များဖြစ် သော ရှေလမိ၏သားယေကုလနှင့် မာသေယ ၏သားဇေဖနိတို့ကိုငါ့ထံသို့စေလွှတ်တော် မူသဖြင့် သူတို့သည်ငါ့အား``ငါတို့နိုင်ငံအဖို့ ငါတို့၏ဘုရားသခင်ထာဝရဘုရားထံ သို့ဆုတောင်းပတ္ထနာပြုပါ'' ဟုပြောကြား ကြ၏။-
`သင့်ကိုအကူအညီပေးရန်ယခုချီတက် လာသောဖာရောဘုရင်၏တပ်မတော်သည် မိမိတို့နေရင်းအီဂျစ်ပြည်သို့ပြန်သွား လိမ့်မည်။-
ဘေးဒုက္ခတို့သည်တစ်ခုပြီးတစ်ခုသက်ရောက် လာလျက် သင်တို့သည်သတင်းဆိုးများကို အဆက်မပြတ်ကြားရကြလိမ့်မည်။ သင်တို့ သည်ပရောဖက်တို့အားသူတို့တွေ့မြင်ရ သည့်ဗျာဒိတ်ရူပါရုံများကိုဖော်ပြရန် တောင်းပန်ကြလိမ့်မည်။ ယဇ်ပုရောဟိတ်များ တို့မှာလည်း လူတို့အားဟောပြောသွန်သင် ရန်အဘယ်အရာမျှရှိလိမ့်မည်မဟုတ်။ အသက်ကြီးသူတို့သည်လည်းအဘယ်သို့ မျှအကြံဉာဏ်ပေးနိုင်ကြလိမ့်မည်မဟုတ်။-
ထိုကာလ၌ဗေသလမြို့တွင်ဘုရားသခင် ၏ပဋိညာဉ်သေတ္တာတော်တည်ရှိသတည်း။ ထို သေတ္တာတော်ကိုအာရုန်၏မြေး၊ ဧလိဇာ၏သား၊ ဖိနဟတ်ကတာဝန်ယူ၍စောင့်ထိန်းရ၏။ လူ တို့ကထာဝရဘုရားအား``အကျွန်ုပ်တို့သည် မိမိတို့၏ညီဗင်္ယာမိန်အနွယ်ဝင်တို့အား ယခုတစ်ဖန်သွားရောက်တိုက်ခိုက်ရပါ မည်လော။ မတိုက်ခိုက်ဘဲနေရပါမည် လော'' ဟုမေးလျှောက်ကြ၏။ ထာဝရဘုရားက``တိုက်ခိုက်လော့။ နက်ဖြန် နေ့၌ငါသည်သင်တို့အားထိုသူတို့၏အပေါ် ၌အောင်ပွဲခံစေတော်မူမည်'' ဟုပြန်လည်မိန့် ကြားတော်မူ၏။
လူတို့သည်``ရှောလုအပြင်အခြားသူတစ်စုံ တစ်ယောက်ရှိပါသေးသလော'' ဟုထာဝရ ဘုရားအားမေးလျှောက်ကြ၏။ ထာဝရဘုရားက``ရှောလုသည်ကုန်ထုပ် များ၏နောက်တွင်ပုန်းကွယ်လျက်ရှိသည်'' ဟုမိန့်တော်မူ၏။
ရှမွေလသည်ရှောလုအား``သင်သည်အဘယ် ကြောင့်ငါ့ကိုနှောင့်ယှက်ပါသနည်း။ အဘယ် ကြောင့်ငါ့ကိုပြန်၍ခေါ်ယူပါသနည်း'' ဟုမေး၏။ ရှောလုက``အကျွန်ုပ်သည်ဒုက္ခအကြီးအကျယ် ရောက်လျက်နေပါ၏။ ဖိလိတ္တိအမျိုးသားတို့ သည်အကျွန်ုပ်နှင့်စစ်ဖြစ်လျက်ရှိပါသည်။ ထာဝရဘုရားကလည်းအကျွန်ုပ်ကိုစွန့် တော်မူပါပြီ။ ကိုယ်တော်သည်ပရောဖက် များအားဖြင့်သော်လည်းကောင်း၊ အိပ်မက် များအားဖြင့်သော်လည်းကောင်းအကျွန်ုပ် အားဖြေကြားတော်မမူပါ။ သို့ဖြစ်၍ အကျွန်ုပ်သည်အရှင့်ကိုခေါ်ယူရခြင်း ဖြစ်ပါသည်။ အကျွန်ုပ်အဘယ်သို့ပြုရ မည်ကိုမိန့်ကြားတော်မူပါ'' ဟုဆို၏။
မိမိအဘယ်သို့ပြုရမည်ကိုထာဝရဘုရား အားမေးလျှောက်လေသည်။ သို့သော်ထာဝရ ဘုရားသည်အိပ်မက်များအားဖြင့်သော်လည်း ကောင်း၊ ဥရိမ်နှင့်သုမိမ်အားဖြင့်သော်လည်း ကောင်း၊ ပရောဖက်များအားဖြင့်သော်လည်း ကောင်းလုံးဝဖြေကြားတော်မမူ။-