ယေရမိ 37:7 - Common Language Bible7 `သင့်ကိုအကူအညီပေးရန်ယခုချီတက် လာသောဖာရောဘုရင်၏တပ်မတော်သည် မိမိတို့နေရင်းအီဂျစ်ပြည်သို့ပြန်သွား လိမ့်မည်။- အခန်းကိုကြည့်ပါ။Garrad Bible7 ဣ သ ရေ လ လူ မျိုး ၏ ဘု ရား သ ခင် ငါ ထာ ဝ ရ ဘု ရား က၊ သင် တို့ ကို စစ် ကူ ရန် ချီ လာ သော ဖာ ရော မင်း ၏ အ လုံး အ ရင်း သည် ထွက် ခဲ့ ရာ အိ ဂျစ် ပြည် သို့ ပြန် ချီ ရ သ ဖြင့် ခါ လ ဒဲ တပ် သား တို့ လည်း၊ အခန်းကိုကြည့်ပါ။Judson Bible7 ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရားမိန့်တော်မူသည်ကား၊ ငါ့ကိုမေးလျှောက်စေခြင်းငှာ၊ သင့်ကိုမှာလိုက်သော ယုဒရှင်ဘုရင်အား ဤသို့ပြန်ပြောလော့။ သင်တို့ကိုစစ်ကူခြင်းငှာလာသော ဖာရောဘုရင်၏ဗိုလ်ခြေတို့သည် သူတို့နေရင်း အဲဂုတ္တုပြည်သို့ ပြန်သွားကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း7 “အစ္စရေးလူမျိုး၏ဘုရားသခင်ထာဝရဘုရားက ‘ငါ့ကိုမေးလျှောက်ရန် သင့်ကိုစေလွှတ်လိုက်သော ယုဒဘုရင်အား ပြန်ပြောလော့။ သင့်ကိုစစ်ကူလာသော ဖာရောမင်းကြီး၏စစ်တပ်သည် မိမိနေရင်းအီဂျစ်ပြည်သို့ လှည့်ပြန်သွားလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
``ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာနှင့်သူ၏ တပ်မတော်သည် မြို့ကိုတိုက်ခိုက်ရန်ဝိုင်းရံ လျက်ရှိသည်ဖြစ်၍ ထာဝရဘုရားအား ငါတို့အတွက်လျှောက်ထားပေးပါ။ ထာဝရ ဘုရားသည်ငါတို့အတွက်ထူးဆန်းသည့် နိမိတ်လက္ခဏာကိုပြတော်မူ၍ နေဗုခဒ် နေဇာမင်းအားပြန်လည်ဆုတ်ခွာကောင်း ဆုတ်ခွာစေတော်မူပါလိမ့်မည်'' ဟုပြော ကြားလာ၏။
အထီးကျန်ယိုယွင်းပျက်စီးလျက်ရှိသော ယေရုရှလင်မြို့သည်ရှေးခေတ်ဟောင်းကမိမိ ကြီးကျယ်ခမ်းနားမှုကိုပြန်လည်သတိရမိ၏။ ရန်သူ့လက်သို့ရောက်ချိန်၌သူ့အားကယ်မည့်သူ တစ်ဦးတစ်ယောက်မျှမရှိ။ သူ့အားနှိမ်နင်းအောင်မြင်သူတို့သည် သူ၏ပြိုလဲမှုကိုပြက်ရယ်ပြုကြ၏။
ဣသရေလအမျိုးသားတို့သည်သူတို့ အား နောင်အဘယ်အခါ၌မျှမှီခိုအား ကိုးကြတော့မည်မဟုတ်။ ယင်းသို့အား ကိုးမိခဲ့သည့်အတွက်မိမိတို့အဘယ် မျှမှားကြောင်းကိုဣသရေလအမျိုး သားတို့အား အီဂျစ်ပြည်ကြုံတွေ့ရသည့် ကံကြမ္မာကပြန်လည်သတိရစေလိမ့် မည်။ ထိုအခါငါသည်အရှင်ထာဝရ ဘုရားဖြစ်တော်မူကြောင်းသူတို့သိ ရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။