သို့ဖြစ်၍ငါထာဝရဘုရားက၊ ``ဣသရေလသမီးပျိုသည်ကြောက်မက်ဖွယ် ကောင်းသည့်အမှုကိုပြုကြလေကုန်ပြီ။ အဘယ်အခါကများဤအမှုမျိုးဖြစ် ပျက်ခဲ့ဖူးသနည်းဟု လူမျိုးတကာတို့အားမေးမြန်းလော့။
ယေရမိ 18:14 - Common Language Bible လေဗနုန်ကျောက်တောင်ထိပ်တို့သည်မိုးပွင့် များနှင့် ကင်းသည့်အခါရှိဖူးသလော။ ထိုတောင်မှစီးဆင်းလာသောအေးမြသည့် ချောင်းများသည်ခန်းခြောက်သည့်အခါများ ရှိဖူးသလော။ Garrad Bible မိုး ပွင့် သည်၊ လွင် ပြင် ရှိ လေ ဗ နုန် ကျောက် တောင် မှ ခွာ မည် လော။ ဝေး ကွာ စွာ စီး ဆင်း လျက် ဧ မြ သော ရေ အ လျဉ် သည်၊ ခန်း ခြောက် မည် လော။ Judson Bible လွင်ပြင်၌ရှိသော ကျောက်ကို မစွန့်၊ လေဗနုန်တောင်၏မိုးပွင့်ကို အဘယ်သူ စွန့်မည်နည်း။ အခြားတစ်ပါးသောအရပ်မှစီးလာ၍ ချမ်းဧသော မြစ်ရေသည် ခန်းခြောက်လိမ့်မည်လော။ မြန်မာ့စံမီသမ္မာကျမ်း လက်ဘနွန်တောင်နှင်းပွင့်သည် ကျောက်တောင်စောင်းကို စွန့်သွားတတ်သလော။ အဝေးမှစီးဆင်းလာသည့် အေးမြသောရေသည် ခန်းခြောက်သွားတတ်သလော။ |
သို့ဖြစ်၍ငါထာဝရဘုရားက၊ ``ဣသရေလသမီးပျိုသည်ကြောက်မက်ဖွယ် ကောင်းသည့်အမှုကိုပြုကြလေကုန်ပြီ။ အဘယ်အခါကများဤအမှုမျိုးဖြစ် ပျက်ခဲ့ဖူးသနည်းဟု လူမျိုးတကာတို့အားမေးမြန်းလော့။
သို့ရာတွင်ငါ၏လူမျိုးတော်မူကားငါ့ကို မေ့လျော့ကြလေပြီ။ သူတို့သည်တန်ဖိုးမရှိသောရုပ်တုများအား နံ့သာပေါင်းကိုမီးရှို့ပူဇော်ကြ၏။ သူတို့သည်မိမိတို့လိုက်သင့်သောလမ်းတွင် ခြေချော်၍လဲကြလေပြီ။ လမ်းဟောင်းကိုမလိုက်ကြတော့ပေ။ သူတို့သည်အမှတ်အသားပြမထားသည့် မတည်ဆောက်ရသေးသောလမ်းများကိုလိုက် ကြ၏။
ရှိမုန်ပေတရုက ``အရှင်၊ အကျွန်ုပ်တို့သည် မည်သူထံသို့သွားကြရပါမည်နည်း။ ကိုယ် တော်ရှင်သာလျှင်ထာဝရအသက်ဆိုင်ရာ တရားကိုဟောပါ၏။-