အို ထာဝရဘုရား၊ ရှေးကာလမှစ၍ကိုယ်တော်ရှင်ပြတော် မူသည့် ကရုဏာတော်နှင့်ခိုင်မြဲသောမေတ္တာတော် တို့ကို အောက်မေ့သတိရတော်မူပါ။
ယေရမိ 16:5 - Common Language Bible ထာဝရဘုရားက``သင်သည်ငိုကြွေးမြည် တမ်းလျက်နေသည့် အိမ်သို့မဝင်ရ။ မည်သူ အတွက်မျှလည်းဝမ်းနည်းပူဆွေးမှုမဖြစ် နှင့်၊ မသနားနှင့်။ ငါသည်သူတို့အားငြိမ်း ချမ်းသာယာမှုကိုပေးတော့မည်မဟုတ်။ မေတ္တာကရုဏာကိုလည်းပြတော့မည် မဟုတ်။- Garrad Bible ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ ငြိမ် သက် ချမ်း သာ တည်း ဟူ သော မေ တ္တာ ကျေး ဇူး နှင့် က ရု ဏာ တော် ကို၊ ဤ လူ မျိုး မှ ငါ ရုတ် သိမ်း ပြီ ဖြစ် သော ကြောင့်၊ အ သု ဘ အိမ် သို့ မ ဝင် ရ။ စာ နာ၍ မြည် တမ်း ခြင်း ကို လည်း၊ သင် မ ပြု ရ မည့် အ ကြောင်း၊ ငါ ထာ ဝ ရ ဘုရား မိန့် ဆို ၏။ Judson Bible ထာဝရဘုရား မိန့်တော်မူသည်ကား၊ မသာအိမ်သို့မဝင်နှင့်။ သေသောသူတို့အတွက် ငိုကြွေးမြည်တမ်းခြင်းငှာ မသွားနှင့်။ ငါ၏ ငြိမ်သက်ခြင်းတည်းဟူသော မေတ္တာကရုဏာကို ဤလူမျိုးမှ ငါပယ်ရှင်းပြီဟု မိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထာဝရဘုရားက “ငါသည် ဤလူမျိုးတို့ထံမှ ငါ၏ငြိမ်သက်ခြင်း၊ မေတ္တာကရုဏာ၊ သနားစုံမက်ခြင်းတို့ကို ရုပ်သိမ်းပြီ။ သို့ဖြစ်၍ အသုဘအိမ်ကို မဝင်နှင့်။ သွား၍ငိုကြွေးမြည်တမ်းခြင်း၊ နှစ်သိမ့်ခြင်း မပြုနှင့်”ဟု မိန့်တော်မူ၏။ |
အို ထာဝရဘုရား၊ ရှေးကာလမှစ၍ကိုယ်တော်ရှင်ပြတော် မူသည့် ကရုဏာတော်နှင့်ခိုင်မြဲသောမေတ္တာတော် တို့ကို အောက်မေ့သတိရတော်မူပါ။
သစ်ပင်များမှအကိုင်းအခက်တို့သည်ကျိုး ကျခြောက်သွေ့လျက်ရှိသဖြင့် အမျိုးသမီး များသည်လာ၍ထင်းခွေကြလေသည်။ လူတို့ သည်အသိတရားမရှိကြသဖြင့် သူတို့၏ ဖန်ဆင်းတော်မူရှင်ဘုရားသခင်သည်သူတို့ အားသနားကြင်နာကရုဏာထားတော်မူ လိမ့်မည်မဟုတ်။
လူတို့သည်တိုက်ခိုက်လုယက်ရန်သဲကန္တာရရှိ ကုန်းမြင့်များကိုဖြတ်၍လာလေပြီ။ ဤပြည်တစ်ခုလုံးကိုဖျက်ဆီးချေမှုန်းပစ်ရန် ငါသည်စစ်ပွဲကိုဖြစ်ပွားစေလေပြီ။ အဘယ်သူမျှငြိမ်းချမ်းစွာမနေမထိုင် ရကြ။
ထိုနောက်ငါသည်အိုးများကိုတစ်ခုနှင့် တစ်ခုထိခိုက်၍ကွဲစေသကဲ့သို့ သူတို့ အားကြီးငယ်မရွေးဖျက်ဆီးမည်။ အဘယ် သနားကြင်နာ၊ ကရုဏာစိတ်ကမျှငါ့ ကိုသူတို့အားသတ်ဖြတ်မှုမှဆီးတား လိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ထို့ကြောင့်ငါသည်သင်တို့အားသင်တို့နှင့်သင် တို့ဘိုးဘေးများမရောက်ဘူးသည့်ပြည်သို့ နှင်ထုတ်မည်။ ထိုပြည်တွင်သင်တို့သည်အခြား ဘုရားများကို နေ့ရောညဥ့်ပါဝတ်ပြုကိုး ကွယ်ကြလိမ့်မည်။ ငါ၏ကျေးဇူးကရုဏာ တော်ကိုအဘယ်သို့မျှ သင်တို့ခံစားရကြ လိမ့်မည်မဟုတ်' ဟုမိန့်တော်မူကြောင်း ပြောကြားလော့'' ဟုမိန့်တော်မူ၏။
ငါသည်ကျန်းမာပျော်ရွှင်မှုနှင့်ငြိမ်းချမ်း သာယာမှုကိုမေ့ပျောက်၍သွားလေပြီ။
ထိုအချိန်ကာလမတိုင်မီအခါကအဘယ် သူမျှလူများ၊ တိရစ္ဆာန်များကိုငှားရမ်းစေ ခိုင်းနိုင်စွမ်းမရှိ။ အဘယ်သူမျှလည်းမိမိ တို့ရန်သူများ၏ဘေးမှကင်းလွတ်လုံခြုံမှု မရှိ။ ငါသည်လူမျိုးတစ်ဦးနှင့်တစ်ဦးရန် ဘက်ဖြစ်စေခဲ့၏။-
ထိုအခါ၌ငါသည်အမျက်တော်ထွက်၍ သူ တို့ကိုစွန့်ပစ်သဖြင့်သူတို့သည်ပျက်စီးဆုံးရှုံး ကြလိမ့်မည်။ သူတို့သည်ကြောက်မက်ဖွယ်သော ဘေးဒဏ်များနှင့်တွေ့ကြုံရလိမ့်မည်။ ထိုအခါ သူတို့၏ဘုရားသခင်ဖြစ်တော်မူသောငါသည် သင်တို့နှင့်အတူမရှိတော့သဖြင့် ဤကဲ့သို့ သောဘေးဒဏ်များနှင့်တွေ့ကြုံရသည်ဟု သိမြင်လာကြလိမ့်မည်။-
ထိုနောက်မြင်းနီတစ်ကောင်ထွက်လာ၏။ လူတို့ သည်အချင်းချင်းတစ်ယောက်ကိုတစ်ယောက် သတ်ဖြတ်ကြစေရန်မြင်းစီးသူရဲအား ဤ လောကတွင်စစ်မက်ဖြစ်ပွားစေနိုင်သည့်တန်ခိုး ကိုပေးအပ်ထား၏။ ဋ္ဌားကြီးတစ်လက်ကိုသူ့ အားပေးထား၏။