ဇာခရိ 8:10 - Common Language Bible10 ထိုအချိန်ကာလမတိုင်မီအခါကအဘယ် သူမျှလူများ၊ တိရစ္ဆာန်များကိုငှားရမ်းစေ ခိုင်းနိုင်စွမ်းမရှိ။ အဘယ်သူမျှလည်းမိမိ တို့ရန်သူများ၏ဘေးမှကင်းလွတ်လုံခြုံမှု မရှိ။ ငါသည်လူမျိုးတစ်ဦးနှင့်တစ်ဦးရန် ဘက်ဖြစ်စေခဲ့၏။- အခန်းကိုကြည့်ပါ။Garrad Bible10 ထို ကာ လ မ ရောက် မီ လူ အ ခ၊ တိ ရ စ္ဆာန် အ ခ မ ရှိ။ ထွက် သူ ဝင် သူ တို့ သည်၊ ရန် ဘက် ကြောင့် ရန် ကင်း၍ မ နေ။ အ ချင်း ချင်း တို့ ကို ငါ ရန် တိုက် သည် ဟု၊ ဗိုလ် ခြေ တို့ အ ရှင် ထာ ဝ ရ ဘု ရား မိန့် တော် မူ ၏။ အခန်းကိုကြည့်ပါ။Judson Bible10 ထိုကာလအထက်၌ လူခံရသော အကျိုးမရှိ။ တိရစ္ဆာန်ခံရသော အကျိုးမရှိ။ ထွက်ဝင်သောသူတို့သည် ရန်သူရှိသောကြောင့် ချမ်းသာမရကြ။ ငါသည် လူအပေါင်းတို့ကို တစ်ယောက်နှင့် တစ်ယောက် ရန်ဘက်ဖြစ်စေ၏။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း10 ထိုကာလမတိုင်မီ လူတို့သည် လုပ်အားခ မရ။ တိရစ္ဆာန်ငှားရမ်းခလည်း မရ။ ငါသည် လူအပေါင်းတို့အား အိမ်နီးချင်းအချင်းချင်း ရန်သူဖြစ်စေသဖြင့် သွားလာသောသူတို့သည် ရန်သူရှိသောကြောင့် လုံခြုံမှုမရှိခဲ့’ဟု မိန့်တော်မူ၏။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားက``ငါသည်အီဂျစ်ပြည်တွင် ပြည်တွင်းစစ်ဖြစ်စေရန်လှုံ့ဆော်၍ညီအစ်ကို အချင်းချင်း၊ အိမ်နီးချင်းအချင်းချင်းခိုက် ရန်ဖြစ်ပွားစေမည်။ ဂုဏ်ပြိုင်ဘက်မြို့များသည် လည်းကောင်း၊ ဂုဏ်ပြိုင်ဘက်မင်းတို့သည်လည်း ကောင်း၊ အချင်းချင်းတိုက်ခိုက်ကာအာဏာ လုကြလိမ့်မည်။-
နားထောင်ကြလော့။ ရေတွင်းများပတ်လည်တွင်ဆူညံနေသော လူအုပ်တို့သည် ထာဝရဘုရား၏အောင်ပွဲတော် အကြောင်းကိုလည်းကောင်း ဣသရေလအမျိုးသားတို့၏အောင်ပွဲများ အကြောင်းကိုလည်းကောင်းပြောကြားလျက်နေ ကြ၏။ ထိုအခါထာဝရဘုရား၏လူမျိုးတော်သည် မိမိတို့မြို့များမှချီတက်လာကြ၏။