သူတို့၏ဘုရားများကိုလည်းမီးရှို့ဖျက်ဆီး ကြသည်ကို အကျွန်ုပ်တို့သိကြပါ၏။ ထိုဘုရား တို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့် လုပ်သည့်သစ်သားရုပ်၊ ကျောက်ရုပ်များသာ ဖြစ်ပါ၏။-
ယေရမိ 16:20 - Common Language Bible လူသည်မိမိကိုးကွယ်ရန်ဘုရားများကို ပြုလုပ်နိုင်ပါသလော။ မပြုလုပ်နိုင်ပါ။ ပြု လုပ်လျှင်လည်းယင်းတို့သည် ဘုရားသခင် အမှန်ဖြစ်လိမ့်မည်မဟုတ်'' ဟုယေရမိ လျှောက်ထားလေ၏။ Garrad Bible လူ သည် အ တု မျှ သာ ဖြစ် သော ဘု ရား များ ကို၊ ကိုး ကွယ် ရန် လုပ် အပ် ပါ သ လော။ Judson Bible လူသည် ဘုရားမဟုတ်သော ဘုရားတို့ကို ကိုယ်အဖို့ လုပ်ရမည်လော။ မြန်မာ့စံမီသမ္မာကျမ်း လူသည် ကိုယ့်အဖို့ ဘုရားကို ပြုလုပ်နိုင်သလော။ ပြုလုပ်နိုင်လျှင်လည်း ဘုရားစစ်မဟုတ်။ |
သူတို့၏ဘုရားများကိုလည်းမီးရှို့ဖျက်ဆီး ကြသည်ကို အကျွန်ုပ်တို့သိကြပါ၏။ ထိုဘုရား တို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့် လုပ်သည့်သစ်သားရုပ်၊ ကျောက်ရုပ်များသာ ဖြစ်ပါ၏။-
ဟာမတ်ပြည်နှင့်အာပဒ်ပြည်တို့၏ဘုရား များသည် ယခုအဘယ်မှာရှိပါသနည်း။ သေဖရဝိမ်ပြည်၏ဘုရားတို့သည်ယခု အဘယ်မှာရှိပါသနည်း။ အဘယ်ဘုရား ကရှမာရိပြည်ကိုကယ်ဆယ်ခဲ့ကြပါ သနည်း။-
သူတို့၏ဘုရားများကိုလည်းမီးရှို့ပစ် ကြသည်ကို ကျွန်တော်မျိုးတို့သိကြပါ၏။ ထိုဘုရားတို့သည်ဘုရားအစစ်မဟုတ်။ လူ့လက်ဖြင့်လုပ်သည့်သစ်သားရုပ်၊ ကျောက် ရုပ်များသာဖြစ်ပါ၏။-
မိမိတို့၏ဘုရားများသည်မစစ်မမှန်သော ဘုရားများပင်ဖြစ်၍နေစေကာမူ အဘယ်လူမျိုးသည်ဘုရားများကိုပြောင်းလဲ ၍ ကိုးကွယ်ပါသနည်း။ သို့ရာတွင်ငါ၏လူမျိုးတော်မူကား မိမိတို့၏ဂုဏ်အသရေကိုဆောင်သည့် ဘုရားသခင်တည်းဟူသော၊ ငါ့အားသူတို့ကိုမကူညီနိုင်သည့်ဘုရား များနှင့် လဲလှယ်လိုက်ကြလေပြီ။
``ငါသည်မိမိလူမျိုးတော်၏အပြစ်များကိုအဘယ်ကြောင့်ဖြေလွှတ်ရမည်နည်း။ သူတို့၏သားသမီးများသည်ငါ့ကိုစွန့်ပစ်ကာ ဘုရားအတုအယောင်များကိုတိုင်တည်လျက်ကျိန်ဆိုကြလေပြီ။ ငါသည်မိမိလူမျိုးတော်အားဝစွာကျွေးသော်လည်း သူတို့သည်သူတစ်ပါးအိမ်ရာကိုပြစ်မှားကာပြည့်တန်ဆာများနှင့်မှားယွင်းကြ၏။
နေဗုခဒ်နေဇာမင်းသည်အမြင့်ပေကိုး ဆယ်၊ အနံကိုးပေရှိသောရွှေရုပ်ကြီးကို သွန်းလုပ်စေပြီးလျှင်ဗာဗုလုန်ဒုရလွင် ပြင်တွင်တည်ထားစေတော်မူ၏။-
ဤပေါလုဆိုသူသည်ဧဖက်မြို့တွင်သာမက အာရှပြည်တစ်ခုလုံးလိုလို၌ပင် `လူ့လက်ဖြင့် ပြုလုပ်သည့်ဘုရားများသည်ဘုရားလုံးဝ မဟုတ်' ဟုဆို၍လူအမြောက်အမြားကို ဖြားယောင်းသွေးဆောင်ကာ မှောက်မှားလမ်းလွဲ စေသည်ကိုသင်တို့ကိုယ်တိုင်ကြားနိုင်မြင် နိုင်ကြ၏။-
ငါတို့ဖြစ်စေ၊ ကောင်းကင်ဘုံမှကောင်းကင်တမန် ပင်ဖြစ်စေသင်တို့အား ငါဟောပြောကြေညာခဲ့ သည့်သတင်းကောင်းနှင့် ကွဲပြားခြားနားသည့် သတင်းကောင်းကိုဟောပြောလျှင်ကျိန်တော်မူ ခြင်းကိုခံစေ။-
အခါတစ်ပါးကသင်တို့သည်ဘုရားသခင်ကို မသိကြသဖြင့် မစစ်မမှန်သောဘုရားတို့၏ ကျွန်ဖြစ်ခဲ့ကြ၏။-