ယေရမိ 16:21 - Common Language Bible21 ထာဝရဘုရားက``ဤသို့ဖြစ်ပါမူငါသည် မိမိ၏ဘုန်းတန်ခိုးအာနုဘော်တော်ကို သူတို့ အားသိစေတော်မူမည်။ အပြီးအပိုင်သိစေ တော်မူမည်။ ငါသည်ထာဝရဘုရားဖြစ်တော် မူကြောင်းကို သူတို့သိရှိကြလိမ့်မည်'' ဟုမိန့် တော်မူ၏။ အခန်းကိုကြည့်ပါ။Garrad Bible21 သို့ ဖြစ် ၍၊ ငါ့ လက် ရုံး တော်၊ ငါ့ ခွန် အား တော် ကို၊ ဤ တစ် ကြိမ် တည်း ငါ ဖော် ပြ သည့် အ လျောက်၊ နာ မ တော် ကား၊ ယေ ဟော ဝါ တည်း ဟု၊ ချင်း တို့ သိ ရ ကြ လိမ့် မည်။ အခန်းကိုကြည့်ပါ။Judson Bible21 သို့ဖြစ်၍၊ ငါသည် ယခုအခါ သူတို့ကိုသတိပေး၍၊ ငါ့လက်နှင့် ငါ့တန်ခိုးကို ဖော်ပြသောအားဖြင့်၊ ငါ့နာမသည် ထာဝရဘုရား ဖြစ်ကြောင်းကို သိရကြလိမ့်မည်။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း21 ကြည့်ရှုလော့။ ယခု သူတို့ကို ငါသိစေမည်။ ငါ့လက်ရုံးရည်၊ ငါ့အစွမ်းတန်ခိုးကို သူတို့အား သိမြင်စေမည်။ “ထာဝရဘုရား”ဟူသည်မှာ ငါ၏နာမဖြစ်ကြောင်း သူတို့သိကြရလိမ့်မည်။ အခန်းကိုကြည့်ပါ။ |
ထာဝရဘုရားသည်ကြယ်တာရာ အပေါင်းတို့ကို ဖန်ဆင်းတော်မူ၏။ ခိမကြယ်စုနှင့်ခသိလကြယ်စုကိုလည်း ဖန်ဆင်းတော်မူခဲ့ပြီ။ အမှောင်ကိုအလင်းဖြစ်စေ၍နေ့ကိုလည်း ညအဖြစ်သို့ပြောင်းလဲခဲ့ပြီ။ ပင်လယ်ရေအပေါင်းတို့ကိုခေါ်ယူကာ မြေကြီးပေါ်မှာသွန်းတော်မူခဲ့ပြီ။ ကိုယ်တော်ရှင်၏နာမတော်မှာထာဝရဘုရား ဖြစ်တော်မူ၏။
အဘယ်ကြောင့်ဆိုသော်ငါသည် ဣသရေလအမျိုးသားတို့၏သန့်ရှင်းမြင့် မြတ်သော ဘုရားသခင်၊ သင်တို့ကိုကယ်တင်သောအရှင်သင်တို့၏ဘုရားသခင် ထာဝရဘုရားဖြစ်သောကြောင့်တည်း။ ငါသည်သင်တို့ကျွန်ဘဝမှလွတ်မြောက်ခွင့် ရရှိကြစေရန် အီဂျစ်ပြည်ကိုစွန့်လွှတ်မည်။ ဆူဒန်ပြည်နှင့် သေဘပြည်ကိုငါစွန့်လွှတ်မည်။
ငါ၏လူမျိုးတော်ဣသရေလအမျိုး သားတို့သည် ငါ၏ကိုယ်စားဧဒုံပြည်သား တို့ကိုလက်စားချေလျက် ငါ၏ပြင်းထန်သော အမျက်ဒေါသဒဏ်ကိုခံစေလိမ့်မည်။ ငါ ၏လက်စားချေမှုကိုဧဒုံပြည်သားတို့ သိရကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဤ ကားအရှင်ထာဝရဘုရားမိန့်တော်မူ သောစကားဖြစ်၏။
ငါသည်အီဂျစ်ဘုရင်ကိုခေါင်းမာစေသဖြင့် သူသည်ဣသရေလအမျိုးသားတို့ကိုလိုက် လံတိုက်ခိုက်လိမ့်မည်။ ငါသည်ဘုရင်နှင့်သူ ၏စစ်တပ်ကိုနှိမ်နင်းသဖြင့် ငါ၏ဘုန်းထင်ရှား လိမ့်မည်။ ထိုအခါအီဂျစ်အမျိုးသားတို့က ငါသည်ထာဝရဘုရားဖြစ်ကြောင်းသိမြင် လာကြလိမ့်မည်'' ဟုမိန့်တော်မူ၏။ ဣသရေလ အမျိုးသားတို့သည် ထာဝရဘုရားမိန့်မှာ တော်မူသည့်အတိုင်းဆောင်ရွက်ကြ၏။