ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။ ဒုက္ခရောက်ချိန်များ၌သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏။
ယေရမိ 15:20 - Common Language Bible ထိုသူတို့အားခုခံတိုက်ခိုက်နိုင်ရန် ငါသည် သင့်အားကြေးဝါတံတိုင်းသဖွယ်ဖြစ်စေမည်။ သူတို့သည်သင့်ကိုတိုက်ခိုက်ကြမည်ဖြစ်သော် လည်းသင့်ကိုနှိမ်နင်းနိုင်လိမ့်မည်မဟုတ်။ သင့် ကိုကွယ်ကာစောင့်ရှောက်၍ဘေးမဲ့လုံခြုံစွာ ထားရှိနိုင်ရန်ငါသည်သင်နှင့်အတူရှိတော် မူမည်'' ဟုထာဝရဘုရားမြွက်ဟသည့် စကားဖြစ်၏။- Garrad Bible သင့် ကို ကြေး ခံ မြို့ ရိုး သ ဖွယ်၊ ချင်း တို့ ရှေ့ ငါ ဖြစ် စေ သ ဖြင့်၊ ငါ ထာ ဝ ရ ဘု ရား မိန့် ဆို သည့် အ တိုင်း၊ သင့် ကို ကယ် တင် ၍ ဘေး လွတ် စေ ရန်၊ ငါ ပါ ရှိ သော ကြောင့်၊ ချင်း တို့ တိုက် ခိုက် သော် လည်း၊ အောင် မြင် ကြ ရ မည် မ ဟုတ်။ Judson Bible ငါသည်လည်း သင့်ကို ဤလူမျိုးတစ်ဖက်၌ ခိုင်ခံ့သောကြေးဝါမြို့ရိုး ဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်၍ မနိုင်ရကြ။ ငါသည် သင့်ကို နုတ်ယူကယ်တင်ခြင်းငှာ သင့်ဘက်၌နေမည်။ မြန်မာ့စံမီသမ္မာကျမ်း ငါသည် ဤလူတို့ရှေ့၌ သင့်ကို ခိုင်ခံ့သောကြေးနီမြို့ရိုးဖြစ်စေမည်။ သူတို့သည် သင့်ကိုတိုက်ခိုက်သော်လည်း နိုင်မည်မဟုတ်။ အကြောင်းမူကား ငါသည် သင်နှင့်အတူရှိ၍ သင့်ကိုရွေးနုတ်ကယ်တင်မည်”ဟု မိန့်တော်မူ၏။ |
ထာဝရဘုရားသည်ဖြောင့်မတ်သောသူတို့ကို ကယ်တော်မူ၏။ ဒုက္ခရောက်ချိန်များ၌သူတို့အား ကာကွယ်စောင့်ရှောက်တော်မူ၏။
အနန္တတန်ခိုးရှင်ဘုရားသခင်သည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
အနန္တတန်ခိုးရှင်ထာဝရဘုရားသည် ငါတို့နှင့်အတူရှိတော်မူ၏။ ယာကုပ်၏ဘုရားသည်ငါတို့ခိုလှုံရာဖြစ် တော်မူ၏။
မကြောက်ကြနှင့်၊ ငါသည်သင်တို့နှင့်အတူ ရှိ၏။ ငါသည်သင်တို့၏ဘုရားသခင်ဖြစ်တော် မူ၏။ အဘယ်အမှုအရာကိုမျှငါတို့အားတုန်လှုပ် ချောက်ချားမှုမဖြစ်စေနှင့်။ ငါသည်သင်တို့အားကြံ့ခိုင်စေ၍ကူမမည်။ သင်တို့ကိုကာကွယ်စောင့်ရှောက်၍ ကယ်တင်မည်။
ယခုထာဝရဘုရားကိုယ်တော်တိုင်ပင် သင့် အားနိမိတ်လက္ခဏာတစ်ခုကိုပြတော်မူ လိမ့်မည်။ အမျိုးသမီးပျိုတစ်ယောက်သည် ကိုယ်ဝန်ဆောင်၍သားယောကျာ်းကိုဖွားမြင် လိမ့်မည်။ သူသည်ထိုသားကို`ဧမာနွေလ' ဟုနာမည်ပေးလိမ့်မည်။-
ငါသည်သင်နှင့်အတူရှိ၍သင့်အားကွယ် ကာတော်မူမည်။ သို့ဖြစ်၍သင်သည်ထိုသူ တို့ကိုမကြောက်နှင့်။ ဤကားငါထာဝရ ဘုရားမြွက်ဟသည့်စကားဖြစ်၏'' ဟု ငါ့ကိုမိန့်တော်မူ၏။
ငါသည်ပျော်ရွှင်မှုကင်းမဲ့သူဖြစ်ပါသည် တကား။ ငါ၏အမိသည်အဘယ်ကြောင့်ငါ့အား ဤလောကထဲသို့မွေးထုတ်ပါသနည်း။ ဤပြည် တွင်ရှိသမျှသောသူတို့နှင့်ငါသည်စကား များရငြင်းခုံရပါ၏။ ငါသည်သူတစ်ပါး တို့အားလည်းကောင်း၊ သူတစ်ပါးတို့ထံမှ လည်းကောင်းငွေကြေးမချေးငှားခဲ့။ သို့ ပါလျက်လူအပေါင်းတို့သည်ငါ့အား ကျိန်ဆဲကြပါ၏။-
ထိုအခါငါက``ကိုယ်တော်ရှင်သိရှိနားလည် တော်မူပါ၏။ ကျွန်တော်မျိုးတို့ကိုအောက်မေ့ သတိရ၍ကူမတော်မူပါ။ ကျွန်တော်မျိုးကို ညှင်းဆဲနှိပ်စက်သူတို့အားလက်စားချေရ သောအခွင့်ကိုပေးတော်မူပါ။ သူတို့သည် ကျွန်တော်မျိုးအားသတ်ဖြတ်ကြသည့်တိုင် အောင်သည်းခံလျက်နေတော်မမူပါနှင့်။ ကျွန်တော်မျိုးအစော်ကားခံရသည်မှာ ကိုယ်တော်ရှင်၏အတွက်ကြောင့်ဖြစ်သည် ကိုအောက်မေ့သတိရတော်မူပါ။-
ငါသည်လည်းရန်သူ့လက်သို့ယေရုရှလင် မြို့ကျရောက်သည့်နေ့တိုင်အောင် နန်းတော် ဝင်းအတွင်း၌နေရလေတော့သည်။
ဗာဗုလုန်ဘုရင်ကိုမကြောက်ကြနှင့်တော့။ ငါသည်သင်တို့နှင့်အတူရှိပြီဖြစ်၍သင် တို့အားသူ၏လက်မှကယ်တင်မည်။-
အချင်းယေရမိ၊ ငါ့လူမျိုးတော်ကိုသတ္တု အားဆန်းစစ်သကဲ့သို့သူတို့၏အကျင့် အကြံများကိုသိစေရန်ဆန်းစစ်၍ကြည့် လော့။-
ငါသည်သင်၏နဖူးကိုကျောက်ထက်ပင် ခိုင်ခံ့စေ၍ စိန်ကဲ့သို့မာကြောစေမည်။ ထို ပုန်ကန်တတ်သူတို့ကိုမကြောက်နှင့်၊ မလန့် နှင့်'' ဟုမိန့်တော်မူ၏။
အကျွန်ုပ်တို့ကိုးကွယ်သောဘုရားသခင် သည် အကျွန်ုပ်တို့အားပြင်းစွာအလျှံထ လျက်ရှိသောမီးဖိုကြီးထဲမှလည်းကောင်း၊ အရှင်၏လက်မှလည်းကောင်းကယ်နိုင် လျှင်လည်းကယ်တော်မူမည်။-
သခင်ဘုရားသည်သင်နှင့်အတူရှိတော်မူ ပါစေသော။ သင်တို့အပေါင်းသည်ဘုရားသခင် ၏ကျေးဇူးတော်ကိုခံစားရကြပါစေသော။ တိမောသေသြဝါဒစာဒုတိယစောင်ပြီး၏။