ကိုယ်တော်သည်ကျွန်တော်မျိုးအား ဤသို့ဝေဒနာခံစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေပါမည်။ စကားတစ်ခွန်းမျှပြောမည်မဟုတ်ပါ။
ယေရမိ 10:19 - Common Language Bible ယေရုရှလင်မြို့သားတို့က``ငါတို့သည် ပြင်းပြစွာ ဝေဒနာခံရကြပါပြီ။ ငါတို့၏အနာများသည်ပျောက်လိမ့်မည် မဟုတ်ပါ။ သို့ရာတွင်ဝေဒနာကိုခံနိုင်လိမ့်မည်ဟု ငါတို့ထင်မှတ်ခဲ့ကြပါသည်တကား။ Garrad Bible အ ကျိုး နည်း လေ စွ။ ကျိုး ပဲ့ ခြင်း ကို ငါ ခံ ရ၏။ အ နာ ပြင်း လှ၏။ ငါ့ တဲ ပျက်၍ ကြိုး များ ပြတ် လေ ပြီ။ သား သ မီး တို့ လည်း ထွက် သွား ပျောက် ဆုံး ကြ ပြီ။ တဲ စိုက်၍ တင်း တိမ် ရံ များ ကို ကာ သူ မ ရှိ ဟူ၍ လည်း ကောင်း၊ သို့ ရာ တွင်၊ ကိုယ့် အ နာ ကို ကိုယ် ခံ ရ သည် ဟူ၍ လည်း ကောင်း၊ ငါ အောက် မေ့ ၏။ Judson Bible ငါသည် ချိုးဖျက်ခြင်းကို ခံရသောကြောင့် အမင်္ဂလာရှိ၏။ ငါ့အနာပြင်းလှ၏။ သို့သော်လည်း၊ ငါတွေ့သော ဤဒုက္ခဝေဒနာကို ဆက်ဆက်ခံရမည်ဟု ငါဆို၏။ မြန်မာ့စံမီသမ္မာကျမ်း ငါ၏ဒဏ်ရာကြောင့် ငါ၌ အမင်္ဂလာရှိ၏။ ငါ့အနာ ပြင်းထန်လှ၏။ သို့သော်လည်း ငါက “ဤသည်ကား ဆိုးဝါးသောဝေဒနာဖြစ်၏။ ဤဝေဒနာကို ငါတင်းခံရမည်”ဟု ဆို၏။ |
ကိုယ်တော်သည်ကျွန်တော်မျိုးအား ဤသို့ဝေဒနာခံစေတော်မူသောကြောင့် ကျွန်တော်မျိုးသည်ဆိတ်ဆိတ်နေပါမည်။ စကားတစ်ခွန်းမျှပြောမည်မဟုတ်ပါ။
ထို့နောက်``ဘုရားသခင်၌တန်ခိုးမရှိတော့ သဖြင့် ငါ့အတွက်အနာကြည်းဆုံးဖြစ်သည်'' ဟု ငါပြောဆိုနေမိ၏။
ထာဝရဘုရားသည်မိမိ၏လူမျိုးတော် အား မျက်နှာတော်ကိုမပြဘဲနေတော်မူ သော်လည်း၊ ငါသည်ကိုယ်တော်ကိုယုံကြည် အားထားစောင့်စားမျှော်ကိုးပါမည်။-
ငါ၏ကြေကွဲမှုကိုပြည်သူတို့အားဤသို့ ပြောပြရန်ငါ့အားထာဝရဘုရားအမိန့် ပေးတော်မူ၏။ ``ငါ၏မျက်စိများသည်နေ့ညဥ့်မပြတ် မျက်ရည်ထွက်လျက်နေပါစေသော။ ငါ့အမျိုးသားတို့သည်ပြင်းစွာ ဒဏ်ရာရလျက် များစွာနာကျင်လျက်ရှိသဖြင့်၊ငါသည်အဘယ် အခါ၌မျှအငိုမတိတ်နိုင်ဘဲရှိပါစေသော။
ငါ၏လူမျိုးတော်ကငါ့အား `ကျွန်တော်မျိုးတို့သည်မိမိတို့အပြစ်များ၏ စွပ်စွဲခြင်းကိုခံ၍နေရသော်လည်း၊ အို ထာဝရဘုရား၊ ကျွန်တော်မျိုးတို့အားကိုယ်တော်ရှင်၏ နာမတော်ကိုထောက်၍ကူမတော်မူပါ။ ကျွန်တော်မျိုးတို့သည်ကြိမ်ဖန်များစွာ ကိုယ်တော်ရှင်ကို ကျောခိုင်းမိကြပါပြီ။ ကိုယ်တော်ရှင်အားပြစ်မှားမိကြပါပြီ။
အို ထာဝရဘုရား၊ကိုယ်တော်သည်ဣသရေလ အမျိုးသားတို့၏မျှော်ကိုးရာဖြစ်တော်မူ၏။ ကိုယ်တော်ကိုစွန့်ပစ်သူမှန်သမျှသည် အရှက်ကွဲကြလိမ့်မည်။ သူတို့သည်အသက်စမ်းရေချိုတည်းဟူ သော ထာဝရဘုရားကိုစွန့်ပစ်ကြပြီဖြစ်၍ မြေမှုန့်ပေါ်တွင်ရေးသားထားသည့်၊အမည် နာမများ ကဲ့သို့ပျောက်ကွယ်သွားကြလိမ့်မည်။
ငါ့အသည်းနာလှ၏။ မခံမရပ်နိုင်အောင် အသည်းနာ၏။ ငါသည်ပြင်းစွာနှလုံးတုန်၊ရင်ခုန်လျက် နေပါသည်တကား။ ငါသည်အငြိမ်မနေနိုင်တော့ပြီ။ တံပိုးခရာမှုတ်သံကိုလည်းကောင်း၊တိုက်ပွဲ ကြွေးကြော်သံများကိုလည်းကောင်းငါကြား ရ၏။
သားဖွားဝေဒနာခံရသောအမျိုးသမီး ၏အသံ၊ သားဦးကိုဖွားမြင်သည့်အမျိုးသမီးဟစ် အော်သံနှင့် တူသည့်အသံတစ်ခုကိုငါကြား၏။ ထိုအသံမှာမောဟိုက်၍လက်တုန်နေသော ယေရုရှလင်မြို့၏အသံပင်ဖြစ်ပေသည်။ သူက``ငါသည်အမင်္ဂလာရှိ၏။ သူတို့သည် ငါ့အားသတ်ရန်လာကြလေပြီဆို၏။''
ငါ၏အမျိုးသားတို့သည်အချေမှုန်းခံရ ကြသဖြင့် ငါ၏စိတ်နှလုံးသည်ကြေမွလျက်ရှိ၏။ ငါသည်ငိုကြွေးမြည်တမ်းလျက်၊အလွန့်အလွန် တုန်လှုပ်ချောက်ချားလျက်ရှိ၏။
ငါသည်အသတ်ခံကြသော မိမိအမျိုးသားများအတွက်နေ့ရောညဥ့်ပါ ငိုကြွေးနိုင်ရန်ငါ၏မျက်စိများသည် မျက်ရည်စမ်းကဲ့သို့လည်းကောင်း၊ ငါ၏ဦးခေါင်းသည်လည်းရေတွင်းကဲ့သို့ လည်းကောင်း ဖြစ်စေချင်စမ်းပါဘိ။
သူသည်တစ်ညဥ့်လုံးငိုကြွေးလျက်နေ၏။ မျက်ရည်များသည်သူ၏ပါးပြင်ပေါ်သို့ စီးဆင်းလာ၏။ သူ၏ယခင်ကမိတ်ဆွေအပေါင်းတို့တွင်သူ့အား နှစ်သိမ့်မှုပေးမည့်သူတစ်စုံတစ်ယောက်မျှ မရှိတော့ပေ။ သူ၏မဟာမိတ်တို့သည်သူ့အားသစ္စာဖောက် ကြလေပြီ။ ယခုအခါသူတို့ကပင်သူ့ကိုရန်ဘက်ပြု၍ နေကြ၏။
ကျွန်တော်မျိုးတို့၏အမျိုးသားများဆုံးပါး ပျက်စီးမှုကြောင့် ကျွန်တော်မျိုး၏မျက်စိများမှမျက်ရည်တို့သည် မြစ်များသဖွယ်စီးဆင်း၍လာပါ၏။
ငါတို့သည်အပြစ်ကူးလွန်ခဲ့သောကြောင့် အခိုက်အတန့်အားဖြင့် ထာဝရဘုရား ၏အမျက်တော်ဒဏ်ကိုခံရကြမည်။ သို့ ရာတွင်နောက်ဆုံး၌ကိုယ်တော်သည် ငါတို့ အမှုကိုလျှောက်လဲ၍တရားမျှတစွာ စီရင်ဆုံးဖြတ်တော်မူလိမ့်မည်။ ကိုယ်တော် သည်ငါတို့အားအလင်းထဲသို့ထုတ်ဆောင် တော်မူလိမ့်မည်။ ငါတို့အားကိုယ်တော် ကယ်တင်တော်မူခြင်းကိုငါတို့ဒိဌ မြင်ရလိမ့်မည်။-