ယေရမိ 10:20 - Common Language Bible20 ငါတို့၏တဲများသည်ယိုယွင်းပျက်စီးလျက်၊ ယင်းတို့ကိုဆွဲထားသည့်ကြိုးများသည်လည်း ပြတ်၍သွားလေပြီ။ ငါတို့၏သားသမီးအားလုံးပင်ငါတို့ထံမှ ထွက်ခွာသွားကြပါပြီ။ ငါတို့၏တဲများကိုတစ်ဖန်ပြန်၍ထိုးပေးမည့် သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပါ။ တဲကန့်လန့်ကာများကိုလည်းတပ်ဆင်ပေးမည့် သူ တစ်ဦးတစ်ယောက်မျှမရှိတော့ပါ'' ဟု ဟစ်အော်ကြ၏။ အခန်းကိုကြည့်ပါ။Judson Bible20 ငါ့တဲလည်းပျက်၏။ ငါ့ကြိုးရှိသမျှတို့လည်း ပြတ်ကြ၏။ ငါ့သားတို့လည်း ငါ့ထံမှထွက်သွား၍ ပျောက်ကြ၏။ နောက်တစ်ဖန် ငါ့တဲကို ဆောက်ရသောသူ၊ ငါ့ကုလားကာတို့ကို ဆွဲကာရသောသူ မရှိ။ အခန်းကိုကြည့်ပါ။မြန်မာ့စံမီသမ္မာကျမ်း20 ငါ့တဲသည် ဖျက်ဆီးခြင်းခံရပြီ။ ကြိုးရှိသမျှတို့သည် ပြတ်လေပြီ။ ငါ့သားတို့သည်လည်း ငါ့ထံမှထွက်သွားကြပြီ။ တစ်ယောက်မျှမရှိတော့ပေ။ ငါ့တဲကို ပြန်ဆောက်မည့်သူ၊ ရွက်ထည်များကိုကာမည့်သူ တစ်ယောက်မျှမရှိတော့ပေ။ အခန်းကိုကြည့်ပါ။ |
ငါသည်မိုးကောင်းကင်ကိုဖြန့်ကြက်၍ ကမ္ဘာမြေကြီးကိုအုတ်မြစ်ချ၏။ ဇိအုန်မြို့သူမြို့သားတို့အား`သင်တို့သည် ငါ၏လူမျိုးတော်ဖြစ်၏။ ငါသည်မိမိ၏တရားတော်ကိုသင်တို့အား ပေးအပ်၍ လက်တော်ဖြင့် သင်တို့ကိုကာကွယ်စောင့်ရှောက်၏' ဟု ငါမြွက်ဆိုပြီ'' ဟူ၍မိန့်တော်မူ၏။