အို ထာဝရဘုရား၊ ကောင်းကင်ဘုံကနေ၍နား ထောင်တော်မူပြီးလျှင် ကိုယ်တော်၏အစေခံများ အားတရားစီရင်တော်မူပါ။ အပြစ်ရှိသူအား ထိုက်လျောက်ရာအပြစ်ကိုပေးတော်မူ၍ အပြစ် မဲ့သူအားအပြစ်မှလွတ်စေတော်မူပါ။''
ယေဇကျေလ 9:10 - Common Language Bible သို့ရာတွင်ငါသည်သူတို့ကိုသနားမည် မဟုတ်။ ချမ်းသာပေးလိမ့်မည်မဟုတ်။ ထိုသူ တို့သူတစ်ပါးအားပြုကြသည်အတိုင်း သူတို့အားငါပြုမည်'' ဟုမိန့်တော်မူ၏။ Garrad Bible ငါ လည်း သ နား ကင်း လျက် မျက် စောင်း နှင့် မ ညှာ တာ ဘဲ၊ ချင်း တို့ အ လေ့ အ လာ ကို ဆပ် ပေး မည် ဟု မိန့် တော် မူ ပြီး နောက်၊ Judson Bible ထိုကြောင့်၊ ငါသည်နှမြောစုံမက်ခြင်းမရှိဘဲ၊ သူတို့အကျင့်တို့၏ အကျိုးအပြစ်ကို သူတို့ခေါင်းပေါ်သို့ သက်ရောက်စေမည်ဟု ငါ့အားမိန့်တော်မူ၏။ မြန်မာ့စံမီသမ္မာကျမ်း ထို့ကြောင့် ငါသည် သူတို့ကို သနားညှာတာမည်မဟုတ်။ သူတို့ပြုမူကျင့်ကြံခဲ့သည်တို့ကို သူတို့ခေါင်းပေါ်ပြန်ရောက်စေမည်”ဟု မိန့်တော်မူ၏။ |
အို ထာဝရဘုရား၊ ကောင်းကင်ဘုံကနေ၍နား ထောင်တော်မူပြီးလျှင် ကိုယ်တော်၏အစေခံများ အားတရားစီရင်တော်မူပါ။ အပြစ်ရှိသူအား ထိုက်လျောက်ရာအပြစ်ကိုပေးတော်မူ၍ အပြစ် မဲ့သူအားအပြစ်မှလွတ်စေတော်မူပါ။''
အို ထာဝရဘုရား၊ ကောင်းကင်ဘုံမှနားထောင် တော်မူပြီးလျှင်ကိုယ်တော်၏အစေခံများ အားတရားစီရင်တော်မူပါ။''
မိမိတို့၏လေးမြားများဖြင့်လူငယ်လူရွယ် တို့ကို ပစ်ခတ်သတ်ကြလိမ့်မည်။ သူတို့သည် နို့စို့သူငယ်များအားကရုဏာပြလိမ့်မည် မဟုတ်။ ကလေးသူငယ်တို့ကိုလည်းသနား လိမ့်မည်မဟုတ်။-
``သူတို့အားအဘယ်သို့အပြစ်ဒဏ်ခတ်မည် ကိုငါဆုံးဖြတ်ပြီးလေပြီ။ သူတို့အတွက် စီရင်ချက်ကိုလည်းရေးမှတ်၍ထား၏။ ငါ သည်သူတို့ပြုခဲ့သည့်အမှုတို့ကိုလျစ် လူရှုလိမ့်မည်မဟုတ်။-
သူ၏ရန်သူများသည်သူ့ကိုအနိုင်ရကာမိမိတို့ အာဏာစက်အောက်တွင်ထားရှိကြ၏။ သူသည်မြောက်များစွာသောအပြစ်တို့ကို ကူးခဲ့သည်ဖြစ်၍ ထာဝရဘုရားသည်သူ့အားဆင်းရဲဒုက္ခ ရောက်စေတော်မူ၏။ သူ၏သားသမီးများသည်သုံ့ပန်းများ ဖြစ်ရကြလေပြီ။
သို့ဖြစ်၍ငါသည်ညစ်ညမ်းစက်ဆုပ်ဖွယ် ကောင်းသောရုပ်တုများကိုစိတ်စွဲလမ်းသူ တို့ကိုဒဏ်ခတ်တော်မူမည်။ သူတို့ပြုခဲ့ သည့်အမှုများအတွက်ဒဏ်ခတ်တော်မူ မည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်မြွက်တော်မူချက် ပင်ဖြစ်သတည်း။
ငယ်စဉ်အခါကသင့်အကြောင်းကို သင်သည် မေ့ပျောက်ကာဆိုးညစ်မှုအပေါင်းကိုပြု၍ ငါ ၏အမျက်ကိုနှိုးဆော်ခဲ့၏။ သို့ဖြစ်၍ထိုအမှု အရာများအတွက် ငါသည်သင့်ကိုဒဏ်ပေး ရ၏။ သင်သည်အကျင့်ပျက်ပြားမှုအပြင် အခြားစက်ဆုပ်ဖွယ်ကောင်းသည့်အမှုများ ကို အဘယ်ကြောင့်ထပ်လောင်း၍ပြုသနည်း'' ဟူ၍တည်း။ ဤကားအရှင်ထာဝရဘုရား မိန့်တော်မူသောစကားဖြစ်၏။
အရှင်ထာဝရဘုရားက``ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်၏။ သူသည်ငါကျိန် ဆိုသည့်သစ္စာကိုမလေးစားဘဲ ပဋိညာဉ် စာချုပ်ကိုချိုးဖောက်သည့်အတွက်သူ့ခေါင်း ပေါ်သို့ငါဒဏ်ခတ်မည်။-
သို့ဖြစ်၍ငါသည်အမျက်တော်ကိုသွန်းလောင်း ၍ သူတို့အပေါ်သို့အမျက်တော်ကိုမီးသ ဖွယ်သက်ရောက်စေမည်။ သူတို့ပြုခဲ့သည့်အမှု များအတွက်သူတို့၏ခေါင်းပေါ်သို့ကျရောက် စေမည်'' ဟုမိန့်တော်မူ၏။ ဤကားအရှင် ထာဝရဘုရားမိန့်တော်မူသောစကား ဖြစ်၏။
အချင်းညီအစ်မနှစ်ယောက်တို့၊ ငါသည်သင်တို့ အားအကျင့်ပျက်မှု၊ ရုပ်တုများအားရှိခိုးဝတ် ပြုမှုအပြစ်များအတွက်ဒဏ်ခတ်မည်။ ထိုအခါ ငါသည်အရှင်ထာဝရဘုရားဖြစ်တော်မူကြောင်း သင်တို့သိရှိကြလိမ့်မည်'' ဟုမိန့်တော်မူ၏။
ဤကားထာဝရဘုရားမိန့်တော်မူသော စကားဖြစ်၏။ ငါအရေးယူဆောင်ရွက်ရမည့် အချိန်ကျပြီ။ ငါသည်သင်၏အပြစ်များ ကိုလျစ်လူရှုလိမ့်မည်မဟုတ်။ သနားကြင် နာမည်မဟုတ်။ ကရုဏာထားမည်မဟုတ်။ သင်ပြုခဲ့သည့်အမှုအတွက်အပြစ်ဒဏ် ခံရမည်'' ဟူ၍တည်း။ ဤကားအရှင်ထာဝရ ဘုရားမိန့်တော်မူသောစကားဖြစ်၏။
ဤဗျာဒိတ်ရူပါရုံသည်ယေရုရှလင်မြို့ ကိုဖျက်ဆီးတော်မူရန်ထာဝရဘုရား ကြွလာတော်မူချိန်၌ငါမြင်ခဲ့ရသော ဗျာဒိတ်ရူပါရုံနှင့်ခေဗာမြစ်အနီး၌ ငါမြင်ခဲ့ရသောဗျာဒိတ်ရူပါရုံတို့နှင့် တူ၏။ သို့ဖြစ်၍ငါသည်မြေပေါ်သို့ဝမ်း လျားမှောက်လှဲချပျပ်ဝပ်၏။-
အရှင်ထာဝရဘုရားမိန့်တော်မူသည် မှာ``သင်တို့သည်ဆိုးညစ်စက်ဆုပ်ဖွယ်သော အမှုအပေါင်းကိုပြုလျက် ဗိမာန်တော်ကို ညစ်ညမ်းစေသဖြင့် ငါသည်အသက်ရှင် တော်မူသောဘုရားဖြစ်သည်နှင့်အညီ သင်တို့အားသနားညှာတာမှုမရှိဘဲ သုတ်သင်ပစ်မည်။-
``အို ဣသရေလနိုင်ငံ၊ သင်ပျက်သုဉ်းရာအချိန် ကျပြီ။ သင်ပြုခဲ့သောအမှုများအတွက် ငါ သည်သင့်အားတရားစီရင်ပြီဖြစ်၍ သင်သည် ငါ၏အမျက်တော်ဒဏ်ကိုခံရလိမ့်မည်။ သင် ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုအပေါင်း၏ အကျိုးဆက်ကိုသင့်အားငါပေးဆပ်မည်။-
ငါသည်သင့်အားချမ်းသာပေးလိမ့်မည်မဟုတ်၊ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မ ဟုတ်။ သင်ပြုခဲ့သည့်စက်ဆုပ်ဖွယ်ရာအမှုများ အတွက် ငါသည်သင့်ကိုဒဏ်ပေးမည်။ သို့မှသာ လျှင်ငါသည်ထာဝရဘုရားဖြစ်ကြောင်းသင် သိရှိလိမ့်မည်'' ဟုမိန့်တော်မူ၏။
သူတို့သည်သစ်ခက်ကိုနှာခေါင်းတွင်ကပ်လျက် ငါ့အားစော်ကားကြပုံကိုကြည့်လော့။ ငါ၏အမျက်ဒဏ်ကိုသူတို့သည်အပြည့်အဝခံရကြလိမ့်မည်။ ငါသည်သူတို့အားချမ်းသာပေးလိမ့်မည်မဟုတ်။ အဘယ်သို့မျှလည်းကရုဏာပြလိမ့်မည်မဟုတ်။ သူတို့သည်ငါ့ထံသို့အစွမ်းကုန်အော်ဟစ်၍ဆုတောင်းပတ္ထနာပြုကြမည်ဖြစ်သော်လည်း ငါသည်နားညောင်းလိမ့်မည်မဟုတ်'' ဟုမိန့်တော်မူ၏။
ထိုနောက်ပိတ်ချောထည်ကိုဝတ်ဆင်ထား၍ စာရေးကိရိယာကိုယူဆောင်လာသူက``အ ကျွန်ုပ်သည်ကိုယ်တော်ရှင်၏အမိန့်တော်အ တိုင်းဆောင်ရွက်ပြီးပါပြီ'' ဟု ထာဝရ ဘုရားအားလာရောက်အစီရင်ခံလေ သည်။
ထိုနောက်ဘုရားသခင်ကအခြားသူတို့ အား``ထိုသူ၏နောက်သို့လိုက်၍မြို့တွင်း တစ်လျှောက်တွင်သတ်ဖြတ်ကြလော့။ မည်သူ့ ကိုမျှချမ်းသာမပေးနှင့်။ မည်သူ့ကိုမျှ မသနားမညှာတာနှင့်။-
ထိုက်သင့်သောအပြစ်ဒဏ်ကိုသူတို့ခံရ မည့်အချိန်ရောက်လာပြီ။ ထိုအချိန်ရောက် လာသောအခါ ဣသရေလပြည်သားတို့ သိကြလိမ့်မည်။ သင်တို့က``ဤပရောဖက် သည်သူရူးဖြစ်၏။ ဝိညာဉ်တော်သက်ရောက် သူသည်စိတ်မနှံ့သူဖြစ်၏'' ဟုဆိုကြ၏။ သင်တို့သည်ကြီးလေးသောအပြစ်ကို ကူးလွန်သောကြောင့်ငါ့ကိုအလွန်မုန်း တီးကြ၏။-
``တုရုမြို့၊ ဇိအုန်မြို့နှင့်ဖိလိတ္တိပြည်အရပ် ရပ်မှလူအပေါင်းတို့ သင်တို့သည်ငါ့အား အဘယ်သို့ပြုရန်ကြိုးပမ်းနေကြပါသနည်း။ ငါ့အားလက်စားချေရန်ကြိုးပမ်းနေကြပါ သလော။ ယင်းသို့ကြိုးပမ်းနေကြပါမူ၊ ငါ သည်အလျင်အမြန်ဦးစွာသင်တို့အား လက်စားချေမည်။-
(ထာဝရဘုရားက၊``ငါသည်ကမ္ဘာမြေကြီး ပေါ်တွင်အဘယ်သူ့ကိုမျှသနားတော့မည် မဟုတ်ပါ။ ငါကိုယ်တိုင်ပင်လူအပေါင်းတို့ ကို သူတို့၏ဘုရင်များ၏လက်သို့ပေးအပ် မည်။ ထိုဘုရင်တို့သည်ကမ္ဘာမြေကြီးကို ပျက်ပြုန်းစေကြမည်ဖြစ်သော်လည်း ငါ သည်ကယ်တင်ပေးလိမ့်မည်မဟုတ်'' ဟု မိန့်တော်မူ၏။)
ငါသည်ပြောင်လက်သောဋ္ဌားကိုသွေး၍ တရားမျှတစွာစီရင်မည်။ ငါ၏ရန်သူတို့ကိုလက်စားချေ၍ငါ့အား မုန်းသူတို့ကိုဒဏ်စီရင်မည်။
``ငါသည်လက်စားချေမည်၊ ငါသည်ဆပ်ပေး မည်'' ဟူ၍လည်းကောင်း``ထာဝရဘုရားသည် မိမိ၏လူစုတော်အားတရားစီရင်တော်မူ မည်'' ဟူ၍လည်းကောင်း မိန့်တော်မူသောအရှင် သည်မည်သူဖြစ်သည်ကိုငါတို့သိကြ၏။-